13 အဲလိုမို့ ယေရှုဟ လာယွေ့ မုန့်ဟို ယူပင်းရင် သူလို့အား ပေးအယ်၊ ငါးဟိုလည်း အဲတိုင်းတိုင်း ပေးအယ်။
ယေရှုဟ သူလို့အား “အခု ဖမ်းမိသော ငါးကတစ်ဟို ယူခဲ့ကြလော့” ဟု မိန့်အယ်။
သူလို့ဟ လှေပေါ်ဟ ဆင်းယွေ့ ကုန်းပေါ်သို့ ရောက်သောအခါ မီးခဲပုံဟိုလည်းကောင်း၊ ကင်ထားသောငါးနဲ့ မုန့်ဟိုလည်းကောင်း မျော်ကြအယ်။
အဲပင်းရင် ယေရှုဟ မုန့်ဟိုယူယွေ့ ဘုရားသခင်အား ကျေးဇူးတော်ဟို ချီးမွမ်းပင်း ထိန်နေသော သူလို့အား ဝေငှပေးအယ်။ သူဟ ငါးဟိုလည်း အဲတိုင်းတိုင်းပြုပင်း လူလို့ဟ သူလို့ အလိုဆိလဲ့အတိုင်း ရကြအယ်။
“ဟေနေရာတွင် မုယောမုန့်ငါးလုံးနဲ့ ငါးနေကောင်ပါသော လပဲ့သူငယ်တယောက် ဆိပါအယ်။ အဲလိုလဲ ဟေလောက်များသော လူလို့အား လောက်အောန် ကျွေးနိန်မယ် မဟုတ်ပါ” ဟု ဆှောက်အယ်။
အဲလိုလဲ လူအားလုံးဆေနှိုက် မဟုတ်ဘဲ သက်သေအဖြစ် ဘုရားသခင် ကြိုတင်ခန့်ထားသော ငါလို့ဆေနှိုက်သာ ကိုယ်ထင်ဆှားပြအယ်။ ကိုယ်တော်ဟ သေသောလူလို့ထဲမှ ထမြောက်ပင်းနောက် ငါလို့ဟ ကိုယ်တော်နဲ့အတူ စားသောက်ခဲ့ကြအယ်။