36 ဟေသို့ဖြစ်ပျက်ရခြင်းဟ “သူရဲ့ အရိုးတချောင်းမှ မကျိုးရ” ဟု ကျမ်းစာလာချက် ပြေ့စုံမဲ့အကျောန်း ဖြစ်အယ်။
အဲအကျောန်းအရာဟ ပရောဖက်အားဖြင့် ဘုရားသခင်ဟောခဲ့လဲ့ အတိုင်း အမန်တကယ် ဖြစ်ပျက်လာခြင်း ဖြစ်အယ်။
“နင်လို့ဆိသမျှဟို ငါရည်မှတ်ယွေ့ ပြောတာ မဟုတ်၊ ငါရွေးကောက်သောသူလို့ဟို ငါ သိအယ်။ အဲလိုလဲ ကျမ်းစာချက် ပြေ့စုံစေမဲ့အကျောန်း ‘ငါရဲ့အစာဟို ဝေမျှသောသူဟ ငါ့ဟို ဆန့်ကျင်ဘက်ပြုလေ့မယ်’ ဟု ဖြစ်အယ်။
သူလို့ဟ “အေးအင်္ကျီဟို မဆုတ်ကြနဲ့၊ မဲချယွေ့ ယူကြကုန်အံ့” ဟု အချင်းချင်း ပြောဆိုကြအယ်။ ဟေသို့ပြုမူကြခြင်းမှာ ကျမ်းစာတွင်၊ “ဟေသူလို့ဟ ငါရဲ့ အဝတ်အစားများဟို ခွဲဝေယူကြပင်း ငါရဲ့အင်္ကျီဟို မဲချယူကြအယ်” ဟု ပါဆိလဲ့အတိုင်း ပြေ့စုံလာစေရန် ဖြစ်အယ်။
အဲအချိန်နှိုက် အမှုဆိသမျှ ပီးစီးကျောန်းဟို ယေရှု သိသဖြင့် ကျမ်းစာပြေ့စုံစေရန် ကိုယ်တော်ဟ “ငါ ယေငတ်အယ်” ဟု မိန့်လေအယ်။