Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 19:28 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

28 အဲအချိန်နှိုက် အမှုဆိသမျှ ပီးစီးကျောန်းဟို ယေရှု သိသဖြင့် ကျမ်းစာပြေ့စုံစေရန် ကိုယ်တော်ဟ “ငါ ယေငတ်အယ်” ဟု မိန့်လေအယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 19:28
14 ပူးပေါင်းရင်းမြစ်များ  

ငါလက်ခံရမဲ့ နှစ်ခြင်း ဆိအယ်၊ အေးအရာဟို မကျော်လွန်မချင်း ငါဟ စိတ်ဒုက္ခရောက်အယ်။


ယေရှုဟ တဆယ့်နေပါးသော တဘဲ့တော်လို့ဟို ခေါ်ပင်းရင် “နားထောင်ကြ၊ ငါလို့ဟ ယေရုရှလင်မြို့ဟို သွားကြအယ်။ လူသားအကျောန်းနဲ့ ပတ်သက်ယွေ့ ပရောဖက်များ ရေးမှတ်ဖော်ပြခဲ့သမျှဟ ပြေ့စုံလာလိမ့်မယ်။


နင်လို့ဟို ငါဆိုတာဟ ‘ရာဇဝတ် ကျူးလွန်သူများ စာရင်းတွင် ပါဝင်ရအယ်’ ဟူသော ကျမ်းစကားအတိုင်း ငါနှိုက် ဖြစ်ရမယ်။ ပစာကို့ ငါရဲ့ အကျောန်း ရေးသားထားလဲ့ ကျမ်းစကားအရ ဖြစ်ပျက်လျက် ဆိနေသောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။


သူလို့ဟ ခေါန်းခင်ကနေ ဘုန်းတော်နဲ့အတူ ပေါ်လွင်လာပင်း ဘုရားသခင်ရဲ့ ရည်ရွယ်ချက် မကြာခင် ပြေ့စုံဖို့ ယေရုရှလင်မြို့မှာ အသေခံရမဲ့အကျောန်းဟို ယေရှုနဲ့အတူ ပြောဆိုနေကြအယ်။


အခုဟ ပသခါပွဲမတိုင်မီနှိုက် တရက် ဖြစ်အယ်။ ယေရှုဟ ဟေလောကမှ ထွက်ခွာယွေ့ ခမည်းတော်ဆေဟို သွားရမဲ့ အချိန်ကျရောက်လာကျောန်းဟို သိအယ်။ ကိုယ်တော်ဟ ဟေလောကဆိ မိမိလူလို့ဟို အစဉ် ချစ်အယ်၊ သူလို့အား အဆုံးတိုင်အောန် ချစ်အယ်။


ငါဟ မြေကြီးပေါ်မှာ ကိုယ်တော်ဟို ဘုန်းထင်ဆှားစေပီ၊ ငါဆောင်ရွက်စရာဖို့ ငါနှိုက် ကိုယ်တော် အပ်ပေးသောအမှုဟို အပီးတိုင်အောန် ဆောင်ရွက်ပါပီ။


ယေရှုဟ မိမိကြုံတွေ့ရမဲ့ အမှုအလုံးစုံဟို သိပင်းဖြစ်သဖြင့် အဲသူလို့ရဲ့ဆေဟို သွားလျက် “နင်လို့ စသူ့ဟို ဆှာကြတုန်း” ဟု မေးလေအယ်။


သူလို့ဟ “အေးအင်္ကျီဟို မဆုတ်ကြနဲ့၊ မဲချယွေ့ ယူကြကုန်အံ့” ဟု အချင်းချင်း ပြောဆိုကြအယ်။ ဟေသို့ပြုမူကြခြင်းမှာ ကျမ်းစာတွင်၊ “ဟေသူလို့ဟ ငါရဲ့ အဝတ်အစားများဟို ခွဲဝေယူကြပင်း ငါရဲ့အင်္ကျီဟို မဲချယူကြအယ်” ဟု ပါဆိလဲ့အတိုင်း ပြေ့စုံလာစေရန် ဖြစ်အယ်။


ယေရှုဟ စပျစ်ယေချဉ်ဟို သောက်ပင်းမှ “အမှုပီးပီ” ဟု မိန့်လျက် ဦးခေါင်းတော်ဟို ငိန်းလျက် အသက်ချုပ်လေအယ်။


ဟေသို့ဖြစ်ပျက်ရခြင်းဟ “သူရဲ့ အရိုးတချောင်းမှ မကျိုးရ” ဟု ကျမ်းစာလာချက် ပြေ့စုံမဲ့အကျောန်း ဖြစ်အယ်။


ယေရှုဟ “ငါ့ဟို စေလွှတ်သော သူရဲ့အလိုတော်ဟို ဆောင်ရွက်ယွေ့ သူရဲ့ အမှုဟို ပီးမြောက်စေခြင်းဟ ငါရဲ့ အစားအစာ ဖြစ်အယ်။


သူလို့ဟ အဲအဆှင်နဲ့ ပတ်သက်ယွေ့ ကျမ်းစာတွင် ပါဆိသမျှသောအရာလို့ဟို ပြုကြပင်းနောက်၊ သူလို့ဟ ကိုယ်တော်ရဲ့အလောင်းတော်ဟို လက်ဝါးကပ်တိုင်မှ ချယွေ့ လုတ်တိုင်းဂူတွင် သင်္ဂြိုဟ်ကြအယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ