40 အဲသူလို့ဟ “သူ့ဟို လွှတ်မပေးပါနဲ့၊ ဗာရဗ္ဗဟို ပေးမန့်” ဟု ပြန်ဟစ်အော်ကြအယ်။ ဗာရဗ္ဗဟ ထားပြဖြစ်အယ်။
အေးနောက် ယေရှုဟ လူအမြောက်အမြားလို့အား “နင်လို့ဟ ထားမြဟို ဖမ်းသလိုမျိုး ငါ့ဟိုဖမ်းရန် တုတ်များ ထားများနဲ့ လာကြသလော၊ ငါဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိန်ယွေ့ ဟောပြောသွန်သင်နေစဉ်အခါ နင်လို့ဟ ငါ့ဟို မဖမ်းမဆီးခဲ့ကြ။
အေးအချိန်နှိုက် ယေရှု ဗာရဗ္ဗဟု ခေါ်လဲ့ နာမယ်ဆိုးနဲ့ အကျဉ်းသား တယောက် ဆိအယ်။
အေးအခါ ပိလတ်မင်းဟ ဗာရဗ္ဗဟို လွတ်ငြိမ်းချမ်းသာခွင့် ပေးယွေ့ ယေရှုဟို ကြိမ်ဒဏ်ခတ်စေပင်းရင် လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် အပ်လိုက်အယ်။
လူအုပ်ဟို ကျေနပ်စေလိုသဖြင့်၊ ပိလတ်မင်းဟ သူလို့အား ဗာရဗ္ဗဟို လွှတ်ပေးလေအယ်။ သူဟ ယေရှုဟို ရိုက်နှက်စေယွေ့၊ လက်ဝါးကပ်တိုင်မှာ တင်ယွေ့သတ်ရန် လက်ဟို အပ်လိုက်အယ်။
အဲအချိန်တွင် ဗာရဗ္ဗနာမယ်ဆိသော အမျိုးသားတဦးဟ ပုန်ကန်ထကြွမှုနှိုက် လူသတ်မှုကျူးလွန်ခဲ့သော သူပုန်များနဲ့အတူ အကျဉ်းထောင်ထဲတွင် ဆိနေအယ်။
ပုန်ကန်ထကြွမှု၊ လူသတ်မှုကျောန့် ထောင်ထဲရောက်နေသောသူဟို လူများ တောင်းဆိုလဲ့အတိုင်း လွှတ်ပေးပင်းရင် ယေရှုဟို သူလို့ လုပ်ချင်သမျှအတိုင်း လုပ်ကြစေဖို့ အပ်လိုက်အယ်။