32 ဟေလို ဖြစ်ပျက်ရခြင်းမှာ မိမိ စလိုသေရမယ်ဟို ယေရှု မိန့်သောစကားဟ ပြေ့စုံမဲ့အကျောန်း ဖြစ်အယ်။
အားပင်း တပါးအမျိုးသားလို့ရဲ့ လက်သို့ အပ်နှံကြလိမ့်မယ်။ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြပေမဲ့ သုံးရက်မြောက်သောနေ့နှိုက် လူသားဟ ထမြောက်လိမ့်မယ်” ဟု မိန့်အယ်။
“နောက် နေရက်ကြာရင် ပသခါပွဲကျရောက်မယ်ဟို နင်လို့ သိကြအယ်။ အေးအခါ လူသားဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်စေရန် ရန်သူ့လက်ဟို အပ်ကြလိမ့်မယ်” ဟု မိန့်အယ်။
ကိုယ်တော်ဟ “နားထောင်ကြလော့၊ ငါလို့ဟ ယေရုရှလင်မြို့သို့ သွားနေကြအယ် အဲနေရာတွင် လူသားအား ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာလို့ရဲ့ လက်သို့ အပ်နှံကြလိမ့်မယ်။ သူလို့ဟ လူသားဟို သေဒဏ်စီရင်ပင်း တပါးအမျိုးသားလို့ရဲ့ လက်ဟို အပ်နှံကြလိမ့်မယ်။
အေးနောက် ယုဒလူလို့ဟ ကိုယ်တော်ဟို ပစ်ရန် တခါ ကျောက်ခလုံးလို့ဟို ကောက်ယူကြအယ်။
သူလို့ဟ “ကောင်းသောအမှုလို့ကျောန့် ခဲနဲ့ ပစ်တာ မဟုတ်၊ နင်ဟ လူဖြစ်လျက် ဘုရားယောင်ဆောင်ယွေ့ ဘုရားသခင်ဟို ပစ်မားလဲ့ စကားဟို ပြောသောကျောန့် ခဲနဲ့ ပစ်မယ်” ဟု ဆိုကြအယ်။
“နင်လို့ဆိသမျှဟို ငါရည်မှတ်ယွေ့ ပြောတာ မဟုတ်၊ ငါရွေးကောက်သောသူလို့ဟို ငါ သိအယ်။ အဲလိုလဲ ကျမ်းစာချက် ပြေ့စုံစေမဲ့အကျောန်း ‘ငါရဲ့အစာဟို ဝေမျှသောသူဟ ငါ့ဟို ဆန့်ကျင်ဘက်ပြုလေ့မယ်’ ဟု ဖြစ်အယ်။
ပိလတ်မင်းဟလည်း “နင်လို့ တတ်တိုင်း သူ့အား ခေါ်သွားယွေ့ နင်လို့ရဲ့ကိုယ်ပိုင် ပညတ်တရားအတိုင်း စီရင်ကြလော” ဟု ဆိုအယ်။ ယုဒလူလို့ဟလည်း “ငါလို့နှိုက် စသူ့ဟိုမျှ သေဒဏ်ပေးပိုင်ခွင့် မဆိပါ” ဟု ပြောအယ်။
(ဟေသို့မိန့်ရာနှိုက် ပေတရုဟ စလို သေခြင်းအားဖြင့် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို ထွန်းတောက်စေမဲ့အကျောန်း ဖော်ပြခြင်း ဖြစ်အယ်။) အဲသို့ မိန့်ပင်းမှ “ငါ့နောက်ဟို လိုက်လော့” ဟု မိန့်အယ်။
မောရှေဟ တောကန္တာရနှိုက် တိုင်ထိပ်ပေါ်တွင် ကြေးမြွေဟို မြှောက်ထားသလို လူသားဟလည်း အဲတိုင်းတိုင်း မြှောက်ထားခြင်းဟို ခံရလိမ့်မယ်၊
အဲလိုမို့ ယေရှုဟ “လူသားဟို မြှောက်ထားသောအခါမှ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို လည်းကောင်း၊ ငါဟ ကိုယ့်အလိုအတိုင်း ပစာအမှုဟိုမှ မပြုဘဲ၊ ငါ့ခမည်းတော်ရဲ့ သွန်သင်လဲ့အရာဟိုသာ ပြောတာဟိုလည်းကောင်း နင်လို့ဟ သိကြလိမ့်မယ်။
သူ့အား ကျောက်ခဲနဲ့ ပေါက်နေကြခါ သတေဖန်ဟ အဆှင့်ဟို ခေါ်ပင်း “သခင် ယေရှု၊ ငါ့ရဲ့ ဝိညာဉ်ဟို သိမ်းယူပါ” ဟု ဆုတောင်းအယ်။
အဲလိုလဲ ငါလို့အတွက် ကျိန်ခြင်းခံရခြင်းအားဖြင့် ခရစ်တော်ဟ ငါလို့ဟို ပညတ်တရားရဲ့ ကျိန်ခြင်းမှ ရွေးနှုတ်အယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “သစ်တိုင်ပေါ်မှာ ဆွဲခြင်းခံရသူတိုင်း ဘုရားသခင်ရဲ့ ကျိန်ခြင်းဟို ခံရအယ်။”