24 အဲပင်းရင် အန္နတ်မင်းဟ ကိုယ်တော်ဟို ချည်နှောင်လျက်ဆိလဲ့အတိုင်း ယဇ်ပုရောဟိတ်မင်း ကယာဖဆေဟို ပို့စေအယ်။
ယေရှုဟို ဖမ်းဆီးကြသော သူလို့ဟ ယဇ်ပုရောဟိတ်မင်း ကယာဖရဲ့ အိုင်ဟို ခေါ်ဆောင်သွားကြအယ်။ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟ အေးအရပ်တွင် စုရုံးလျက်နေကြအယ်။
အန္နနဲ့ ကယာဖလို့ဟ ယဇ်ပုရောဟိတ်မင်းများ ဖြစ်ကြအယ်။ အေးအချိန်အခါနှိုက် တောကန္တာရထဲမှာဆိလဲ့ ဇာခရိရဲ့သား ယောဟန်ဆေဟို ဘုရားသခင်ရဲ့ စကား ရောက်လာအယ်။
အန္နတ်မင်းဟ အဲနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖရဲ့ ယောက္ခမ ဖြစ်အယ်။
ရှိမုန် ပေတရုနဲ့ အခြား တဘဲ့တော်တယောက်ဟ ယေရှု နောက်ဟို လိုက်ကြအယ်။ အဲတဘဲ့တော်ဟ ယဇ်ပုရောဟိတ်မင်းရဲ့ အသိဖြစ်ယွေ့၊ ယေရှုနဲ့တကွ ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်တော်ဝင်းသို့ လိုက်သွားခွင့်ရအယ်။