26 ကိုယ်တော်ဟ ငါ့ဟို ချစ်သော မေတ္တာဟ သူလို့နှိုက် တည်ဆိစေယွေ့ ငါလို့ဟလည်း သူလို့နှိုက် တည်ဆိစေရန် ကိုယ်တော်ရဲ့ နာမဟို သူလို့အား ငါသိစေပင်း ဆက်ပင်းလည်း သိစေအုန်းမယ်” ဟု ဆိုအယ်။
အဲနေ့တွင် ငါ့ခမည်းတော်နှိုက် ငါဆိတာဟို လည်းကောင်း၊ နင်လို့ဟ ငါနှိုက် ဆိယွေ့ ငါဟ နင်လို့နှိုက် ဆိတာဟို လည်းကောင်း နင်လို့ သိကြလိမ့်မယ်။
ယေရှုဟ ယုဒအား “ငါ့ဟို ချစ်သောသူဟ ငါ့သွန်သင်ချက်ဟို နားထောင်လိမ့်မယ်။ ငါ့ခမည်းတော်ဟ အေးသူဟို ချစ်လိမ့်မယ်၊ ငါ့ခမည်းတော်နဲ့ ငါဟလည်း သူ့ဆေဟို လာယွေ့ သူနဲ့အတူ နေထိန်မယ်။
အခုမှစယွေ့ နင်လို့အား အစေခံ ဟူယွေ့ ငါခေါ်တော့မှာမဟုတ်၊ ပစာကို့ အစေခံဟ သခင်ပြုသောအမှုဟို မသိဝူး။ ခမည်းတော်ဆေမှ ငါကြားသမျှသောအရာလို့ဟို နင်လို့အား ငါပြောပင်းဖြစ်သောကျောန့် နင်လို့ဟို မိတ်ဆွေဟူယွေ့ ငါ ခေါ်အယ်။
ငါနှိုက် တလုံးတဝတည်း တည်နေကြလော့၊ ငါဟလည်း နင်လို့နဲ့ တလုံးတဝတည်း တည်နေမယ်။ စပျစ်ခက်ဟ အပင်နှိုက် မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိန်သလို နင်လို့ဟ ငါနှိုက် မတည်ရင် အသီးမသီးနိန်ကြ။
ခမည်းတော်ဟ ငါ့ဟို ချစ်သလို ငါဟ နင်လို့ဟို ချစ်အယ်၊ ငါရဲ့ ချစ်ခြင်းမေတ္တာနှိုက် တည်နေကြလော့။
ငါဟ သူလို့နှိုက်လည်းကောင်း၊ ကိုယ်တော်ဟ ငါနှိုက်လည်းကောင်း တည်ဆိသဖြင့် သူလို့ဟ တလုံးတဝတည်းဖြစ်သောအားဖြင့် ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းနဲ့ ငါ့ဟို ချစ်သလို သူလို့ဟိုလည်း ချစ်ကျောန်းဟို လောကသားလို့ဟ သိစေခြင်းငှာလည်းကောင်း ကိုယ်တော်ဟ ငါ့အားပေးသော ဘုန်းအသရေဟို ငါဟ သူလို့အား ပေးပါပီ။
“ဟေလောကထဲမှ ယူယွေ့ ငါနှိုက် အပ်ပေးသောသူအား ငါဟ ကိုယ်တော်ရဲ့နာမဟို ပြမန့်ပီ။ အဲသူလို့ဟို ကိုယ်တော်ဟ ပိုင်သဖြင့် အကျွန်ုပ်အား ပေးလေအယ်၊ သူလို့ဟ ကိုယ်တော်ရဲ့ နှုတ်ကပတ်တရားဟို လိုက်နာကြပါပီ။
အကျောန်းမှာ ငါ့အား ကိုယ်တော်ပေးသော တရားစကားဟို ငါဟ သူလို့အား ပေးသောအခါ သူလို့ ခံယူကြအယ်၊ ကိုယ်တော်ဆေမှ ငါလာတာဟ အမန်ဖြစ်ကျောန်းဟို သူလို့ သိကြပင်း၊ ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းဟိုလည်း သူလို့ ယုံကြည်ကြအယ်။
ငါ့အသားဟို စားယွေ့ ငါရဲ့ အသွေးဟို သောက်သောသူဟ ငါနှိုက် တည်အယ်၊ ငါဟလည်း အေးသူနှိုက် တည်အယ်။
ငါဟ ကိုယ့်တတ်တိုင်း ဂုဏ်အသရေဟို ဆာတာ မဟုတ်ဘဲ ငါရဲ့ ဂုဏ်အသရေဟို ဆာယွေ့ ငါ့ဖက်မှ စီရင်သောသူလည်း ဆိသေးအယ်။
အဲလိုလဲ ခရစ်တော်ဟ နင်လို့အထဲနှိုက် ဆိရင်၊ ခန္ဓာကိုယ်ဟ အပစ်ကျောန့် အသေဖြစ်သော်လည်း ဝိညာဉ်ဟတော့ ဖြောင့်မတ်ခြင်းကျောန့် အသက်ဆှင်လျက် ဆိအယ်။
ဘုရားသခင်ဟ နင်လို့အား ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်စေအယ်၊ ခရစ်တော်အား ငါလို့ရဲ့ ဉာဏ်ပညာ ဖြစ်စေအယ်။ ကိုယ်တော်အားဖြင့် ဘုရားသခင်ဟ ငါလို့ဟို ဖြောင့်မတ်စေယွေ့ ငါလို့ဟ ဘုရားသခင်ရဲ့ လူစုတော်ဖြစ်လျက် ရွေးနုတ်ခြင်းဟို ရဆိကြအယ်။
ခရစ်တော်ဟ အင်္ဂါအစိတ်အပိုင်းများဆိလဲ့ ကိုယ်ခန္ဓာနဲ့ တူအယ်။ ကိုယ်ခန္ဓာဟ အင်္ဂါအစိတ်အပိုင်းအများ ဆိသော်လည်း တကိုယ်တည်းသာ ဖြစ်အယ်။
အေးလိုမို့ ငါအသက်ဆှင်တာဟ ငါတတ်တိုင်း မဟုတ်တော့ဘဲ ခရစ်တော်ဟ ငါနှိုက် အသက်ဆှင်အယ်။ အခု ငါအသက်ဆှင်သော ဟေအသက်ဟ ငါ့ဟို ချစ်ယွေ့ ငါ့အတွက် သူ့အသက်ဟို ပေးလှူသော ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်နေအယ်။
သူဟ ချစ်လှစွာသော သားတော်ဟို ငါလို့အား ပေးသော အခမဲ့လက်ဆောင်နဲ့ ဘုန်းကြီးသော ကျေးဇူးတော်ကျောန့် ဘုရားသခင်ဟို ချီးမွမ်းကြစို့။
အားပင်း ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ဟ နင့်စိတ်နေလုံးတွင် ကျိန်းဝပ်စေရန် ငါ ဆုတောင်းပါအယ်။ နင်လို့ဟ ချစ်ခြင်းမေတ္တာနှိုက် အမြစ်တွယ်ယွေ့ အုတ်မြစ်ချကာ၊
အကျောန်းမှာ၊ ငါလို့ဟ သူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်အယ်။
အေးကျမ်းစာနှိုက် လျှို့ဝှက်နက်နဲသော သမ္မာတရားဆိအယ်။ ခရစ်တော်နဲ့ အသင်းတော်ဟို ရည်ညွှန်းတာဟို ငါနားလည်အယ်။
ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။
နင်လို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသော အသက်ဟို ရဆိကြအယ်။ အဲသူဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အခွင့်အာဏာဆိသူတိုင်းအပေါ်တွင် အမြင့်မြတ်ဆုံး ဖြစ်အယ်။
အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။
ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် တတ်တိုင်းနဲ့ ငါလို့ဟို ချစ်ယွေ့ ကျေးဇူးတော်အားဖြင့် ထာဝရ နှစ်သိမ့်ခြင်းနဲ့ ကောင်းမြတ်သော မျှော်လင့်ခြင်းလို့ဟို ပေးသော ငါလို့ အဖ ဘုရားသခင်ဟ၊
ကိုယ်တော်ဟ ဘုရားသခင်အား “ငါလို့ဟ ကိုယ်တော်ပြုသောအမှုဟို ငါလို့ရဲ့ ညီအကို မောင်နှမလို့အား ပြောကြားမယ်၊ သူလို့ရဲ့ အစည်းအဝေးတွင် ကိုယ်တော်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းမယ်” ဟု မိန့်အယ်။
ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။ ဘုရားသခင်ဟ ငါလို့နှိုက် တည်ကျောန်းဟို ငါလို့အား ပေးသော ဝိညာဉ်တော်အားဖြင့် ငါလို့ သိကြအယ်။