25 ဖြောင့်မတ်သော အဖ၊ လောကသားလို့ဟ ကိုယ်တော်ဟို မသိကြသော်လည်း ငါသိအယ်၊ ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းဟို အဲလူလို့ဟ သိကြပါအယ်။
“ငါ့ခမည်းတော်ဟ ခပ်သိမ်းသောအရာလို့ဟို ငါ့အား ပေးအပ်ထားလေပီ။ ခမည်းတော်မှတပါး အခြားစသူမျှ သားတော်ဟို မသိ။ ခမည်းတော်ဟိုလည်း သားတော်နဲ့ သားတော်ဖွင့်ပြလိုသူများမှတပါး အခြားစသူမျှ မသိ။
ရှိမုန် ပေတရုဟ “ကိုယ်တော်သည် အသက်ဆှင်သော ဘုရားသခင်ရဲ့ သားတော်တည်းဟူသော ခရစ်တော် ဖြစ်အယ်” ဟု ဆှောက်အယ်။
“ငါ့အဖဟ အရာအားလုံးဟို ငါ့အား ပေးအယ်၊ သားတော်ဟ စသူဖြစ်ကျောန်းဟို ခမည်းတော်မှလွဲရင် စသူမှ မသိ၊ အဖဟ စသူဖြစ်ကျောန်းဟိုလည်း သားတော်နဲ့ သားတော်ဟ ဖော်ပြလိုသူမှလွဲရင် စသူမှ မသိ” ဟု မိန့်အယ်။
ဘုရားသခင်ဟို စသူမှ မမျော်ဖူးဝူး။ ဘုရားသခင်နဲ့ တူယွေ့ ခမည်းတော်ဘက်နှိုက် ဆိသော တပါးတည်းသော သားတော်ဟ ဘုရားသခင်ဟို သိစေအယ်။
အဲလိုလဲ သူလို့ဟ ငါ့ဟို စေလွှတ်သောသူဟို မသိကြသဖြင့် ငါရဲ့နာမကျောန့် နင်လို့အား အဲအမှုဆိသမျှလို့ဟို ပြုကြလိမ့်မယ်။
အကျောန်းမှာ နင်လို့ဟ ငါ့ဟို ချစ်ယွေ့ ငါဟ ဘုရားသခင်ဆေမှ လာကျောန်းဟို ယုံကြည်သောကျောန့် ခမည်းတော်တတ်တိုင်း နင်လို့ဟို ချစ်အယ်။
သူလို့ဟ ခမည်းတော် အဲဟာမဟုတ်ရင် ငါ့ဟို မသိကြသောကျောန့် ဟေသို့ နင်လို့အား ပြုကြလိမ့်မယ်။
ကိုယ်တော်ဟ အလုံးစုံလို့ဟို သိကျောန်း အခု ငါလို့ သိကြပီ၊ ကိုယ်တော်အား စသူမျှ မေးဆှောက်ရန် မလိုတော့ပါ။ အဲကျောန်းကျောန့် ကိုယ်တော်ဟ ဘုရားသခင်ဆေမှ ကြွလာတာဟို ငါလို့ ယုံကြည်အယ်” ဟု ဆှောက်ထားကြအယ်။
ငါဟ ဟေလောကနှိုက် ဆိတော့မှာ ဟုတ်ဝူး၊ သူလို့ဟတော့ ဟေလောကနှိုက် ဆိကြမယ်၊ ငါဟ ကိုယ်တော့်ဆေဟို လာအယ်။ သန့်ဆှင်းသော အဖ၊ သူလို့ဟ ငါလို့တိုင်းတိုင်း တလုံးတဝတည်းဖြစ်ကြရန် ငါ့အား ပေးသော ဟေသူလို့ဟို ကိုယ်တော်ရဲ့ နာမတော်နှိုက် စောင့်ဆှောက်မန့်။
ကိုယ်တော်ဟ ငါ့ဟို ဟေလောကသို့ စေလွှတ်လဲ့အတိုင်း၊ ငါဟလည်း ဟေသူလို့ဟို ဟေလောကထဲသို့ စေလွှတ်အယ်။
အဲသူအပေါင်းလို့ဟ တလုံးတဝတည်း ဖြစ်ကြစေရန် ဆုတောင်းပါအယ်။ အိုအဖ၊ ကိုယ်တော်ဟ ငါနှိုက် တည်ဆိယွေ့ ငါဟလည်း ကိုယ်တော်နှိုက် တည်ဆိသလို အဲသူလို့ဟ ငါလို့နှိုက် တည်ဆိစေမန့်။ ငါ့ဟို ကိုယ်တော်စေလွှတ်ကျောန်းဟို လောကသားလို့ ယုံကြည်ကြစေရန် အဲသူလို့ဟို တလုံးတဝတည်း ဖြစ်စေပါ။
ငါဟ သူလို့နှိုက်လည်းကောင်း၊ ကိုယ်တော်ဟ ငါနှိုက်လည်းကောင်း တည်ဆိသဖြင့် သူလို့ဟ တလုံးတဝတည်းဖြစ်သောအားဖြင့် ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းနဲ့ ငါ့ဟို ချစ်သလို သူလို့ဟိုလည်း ချစ်ကျောန်းဟို လောကသားလို့ဟ သိစေခြင်းငှာလည်းကောင်း ကိုယ်တော်ဟ ငါ့အားပေးသော ဘုန်းအသရေဟို ငါဟ သူလို့အား ပေးပါပီ။
ထာဝရအသက်ဟူသည် မန်သော ဘုရားသခင် တဆူတည်းဖြစ်သော ကိုယ်တော်နဲ့ စေလွှတ်သော ယေရှု ခရစ်တော်ဟို လည်းကောင်း သိကျွမ်းခြင်း ဖြစ်အယ်။
အကျောန်းမှာ ငါ့အား ကိုယ်တော်ပေးသော တရားစကားဟို ငါဟ သူလို့အား ပေးသောအခါ သူလို့ ခံယူကြအယ်၊ ကိုယ်တော်ဆေမှ ငါလာတာဟ အမန်ဖြစ်ကျောန်းဟို သူလို့ သိကြပင်း၊ ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းဟိုလည်း သူလို့ ယုံကြည်ကြအယ်။
အကျောန်းမှာ ဘုရားသခင်ဟ သားတော်ဟို ဟေလောကသို့ စေလွှတ်တာဟ လောကသားလို့ဟို အပစ်စီရင်ရန် မဟုတ်၊ အဲလိုလဲ လောကသားလို့ဟ သားတော်အားဖြင့် ကယ်တင်ခြင်း ခံရရန်အတွက် ဖြစ်အယ်။
တဘဲ့တော်လို့ဟ သုံးလေးမိုင်ခန့် လှော်ခတ်ပင်းသောအခါ ယေရှု ယေပေါ်မှာ လမ်းဆှောက်ယွေ့ မိမိလို့ လှေအနီးသို့ ကြွလာတာဟို မျော်ကြအယ်၊ အေးအခါ သူလို့ဟ ကြောက်ရွံ့ကြအယ်။
အဲလိုလဲ ငါဟတော့ သူ့ဟို သိအယ် ပစာကို့ ငါဟ အဲအဆှင်ဆေမှ လာယွေ့ အဲအဆှင်ဟ ငါ့ဟို စေလွှတ်အယ်” ဟု ကြွေးကြော်အယ်။
အဲသူလို့ဟ “နင်ရဲ့ ခမည်းတော်ဟ ဖယ်နားမှာ ဆိတုန်း” ဟု မေးကြအယ်။ ယေရှုဟ “နင်လို့ဟ ငါ့ဟိုလည်းကောင်း၊ ငါ့ခမည်းတော်ဟိုလည်းကောင်း မသိကြ၊ ပစာကို့ နင်လို့ဟ ငါ့ဟို သိရင် ငါ့ခမည်းတော်ဟိုလည်း သိကြလိမ့်မယ်” ဟု မိန့်အယ်။
ဘုရားသခင်ဟို နင်လို့ မသိကြသော်လည်း ငါဟတော့ သူ့ဟို သိအယ်။ အေးအဆှင်ဟို ငါမသိဟု ပြောရင် နင်လို့လိုမျိုး ဝါလဲ့သူဖြစ်လိမ့်မယ်။ အဲလိုလဲ ငါဟ အေးအဆှင်ဟို သိယွေ့ သူ့ရဲ့စကားဟိုလည်း ငါနားထောင်အယ်။
ငါဟ နင်လို့မြို့ဟို လှည့်ပင်း ဘုရားဝတ်ပြုရာ နေရာဟို ကျေ့ခဲ့စဉ် ‘ငါလို့ မသိသော ဘုရားအဖို့’ ဟူယွေ့ ရေးသားထားသော ယဇ်ပလ္လင်တခုဟို ငါ မျော်ခဲ့အယ်၊ အေးလို့ နင်လို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ဘုရားရဲ့အကျောန်းဟို နင်လို့အား ငါ အခု ဟောပြောအယ်။
နင်ဟ သူလို့ရဲ့ မျက်စေ့ဟို ဖွင့်ပေးယွေ့ သူလို့အား မိုက်မှ အလင်းသို့လည်းကောင်း၊ စာတန်ရဲ့ အာဏာထဲမှ ဘုရားသခင်ဆေဟို ပြောင်းလဲစေသဖြင့်၊ သူလို့ဟ ငါ့ဟို ယုံကြည်ခြင်းအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရကာ ဘုရားသခင် ရွေးကောက်သော လူစုတွင် ပါဝင်ရလိမ့်မယ်’ ဟု မိန့်အယ်။
အေးမှတပါး သူလို့ဟ ဘုရားသခင်ဟို မသိမှတ်လိုသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ယုတ်ညံ့သော စိတ်ဆေဟို အပ်လိုက်သဖြင့် သူလို့ဟ မပြုအပ်သောအရာများဟို ပြုကြကုန်အယ်။
ပညာဆိ တယောက်မှ မဆိ၊ ဘုရားသခင်ဟို ကိုးကွယ်သောသူ တယောက်မှ မဆိ။
အကျောန်းမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာအရ ဟေလောကဟ မိမိရဲ့ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ဟို မသိခဲ့သောကျောန့် ဘုရားသခင်ဟ ဟောပြောခြင်းအမှုရဲ့ မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူလို့ဟို ကယ်တင်ရန် အလိုဆိအယ်။
အမြင်မန် ရကြလော့။ ဆက်ပင်း အပစ် မလုပ်ကြနဲ့။ နင်လို့တွင် အချို့သောသူလို့ဟ ဘုရားသခင်ဟို မသိကြ။ ဟေသို့ ငါဆိုရာနှိုက် နင်လို့ အဆှက်ရစေရန်အတွက် ဖြစ်အယ်။
ဟေလောကဟို အစိုးရသောဘုရားဟ အဲသူလို့ရဲ့ စိတ်ဟို မိုက်ဖြင့် ဖုံးအုပ်ထားသောကျောန့် သူလို့ဟ သတင်းကောင်းဟို မယုံကြည်ကြဝူး။ အဲဘုရားကျောန့် ခရစ်တော်ရဲ့ ဘုန်းအသရေတော်အကျောန်း သတင်းကောင်းမှ ထွက်လာသော အလင်း၊ ဘုရားသခင်နဲ့တူသော ပုံသဏ္ဌာန်တူသော အလင်းရောင်ဟို မမျော်ရအောန် သူလို့ဟို တားဆီးလေအယ်။
ဘုရားသခင်ဟို ငြင်းပယ်သောသူလို့နဲ့ ငါလို့ သခင် ယေရှုနဲ့ ပတ်သက်သော သတင်းကောင်းဟို မနာခံသောသူလို့အား လောင်သောမီးဖြင့် အပစ်စီရင်လိမ့်မယ်။
စသူမျှ မိမိရဲ့ အမျိုးသားချင်းဟိုသော် လည်းကောင်း၊ မိမိရဲ့ ညီအကိုအချင်းချင်းဟိုသော် လည်းကောင်း၊ ‘ထာဝရဘုရားအား သိလော့’ ဟု သွန်သင်ပေးရန် လိုမယ် မဟုတ်။ ပစာကို့ လူအပေါင်းလို့ဟ အငယ်ဆုံးမှ အကြီးဆုံးတိုင်အောန် ငါ့ဟို သိကြလိမ့်မယ် ဖြစ်အယ်။
ငါလို့ဟ ကိုယ့်အပစ်များဟို ဖော်ပြဝန်ခံရင် ဘုရားသခင် သစ္စာနဲ့ ပြေ့စုံယွေ့ ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် ငါလို့ရဲ့ အပစ်များဟို ခွင့်လွှတ်ပင်း ငါလို့ဟို မတရားမှု ဆိသမျှဆေမှ စင်ကြယ်စေအယ်။
အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။
အဲအခါ ယေနဲ့ဆိုင်သော ခေါန်းခင်တမန်ဟ “အခုဆိလျက် မခင်ဟလည်း ဆိလဲ့ သန့်ဆှင်းမြင့်မြတ်သောအဆှင်၊ ဟေအမှုအရာများဟို ကိုယ်တော်စီရင်သောကျောန့် ကိုယ်တော်ဟ ဖြောင့်မတ်ပါအယ်။