24 “အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။
သူရဲ့သခင်ဟလည်း ‘ကောင်းလေစွ၊ သစ္စာဆိသော ငါ့အစေခံကောင်း၊ နင်ဟ သေးသောအမှုတွင် သစ္စာဆိအယ်။ အဲလိုမို့ ကြီးသောအမှုဟို နင့်အား ငါအပ်နှင်းမယ်။ ငါရဲ့ဝမ်းမြောက်ခြင်းနှိုက် ပါဝင်ပါလော့’ ဟု ဆိုအယ်။
သူရဲ့သခင်ဟ ‘ကောင်းလေစွ၊ သစ္စာဆိသော ငါ့အစေခံကောင်း၊ နင်ဟ သေးငယ်သောအမှုတွင် သစ္စာဆိအယ်၊ အဲလိုမို့ ကြီးသောအမှုဟို နင့်အား ငါအပ်နှင်းမယ်၊ ငါရဲ့ဝမ်းမြောက်ခြင်းနှိုက် ပါဝင်ပါလော့’ ဟု ဆိုအယ်။
အေးနောက် ဘုရင်ဟ လက်ယာဘက်တွင် ဆိသောသူလို့အား ‘ငါ့အဖဆေမှ ကောင်းချီးမင်္ဂလာဟို ခံရသူလို့ လောကဟို ဖန်ဆင်းချိန်မှစယွေ့ နင်လို့တွက် ပြင်ဆင်ထားလဲ့ နိုင်ငံတော်ဟို လာယွေ့ အမွေဆက်ခံကြလော့။
နင်လို့အား ငါပြောတာဟ အခုအချိန်မှစယွေ့ ငါ့ခမည်းတော်ရဲ့ နိုင်ငံတော်တွင် နင်လို့နဲ့အတူ စပျစ်ယေသစ်ဟို သောက်ရလဲ့နေ့ မတိုင်မီ ငါဟ ဟေစပျစ်ယေဟို နောက်တဖန် မသောက်တော့ပီ” ဟု မိန့်အယ်။
အေးအစေခံလို့ဟ စောင့်နေကြတာဟို သခင်ဟ ပြန်လာယွေ့ မျော်အယ်။ အေးအစေခံလို့ဟ မင်္ဂလာဆိအယ်၊ နင်လို့အား ငါ အမန်ဆိုတာဟ သခင်ဟ လုပ်ကျွေးဖို့ရန် သူရဲ့ ဝတ်စုံဟို ဝတ်ဆင်ယွေ့ အစေခံလို့အား ထိန်ဖို့ ပြောပင်း လုပ်ကျွေးလိမ့်မယ်။
ယေရှုဟ သူ့အား “ငါ အမန်ပြောတာဟ ခုနေ့ပင် နင်ဟ ငါနဲ့အတူ ပရဒိသုဘုံမှာ ဆိလိမ့်မယ်” ဟု ပြောလေအယ်။
နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။
ငါရဲ့အမှုဟို ဆောင်ရွက်သောသူဖြစ်ရင် ငါ့နောက်ဟို လိုက်ရမယ်၊ အဲမှသာ ငါဆိရာအရပ်နှိုက် သူဟလည်း ဆိလိမ့်မယ်။ ငါရဲ့အစေဟို ဆောင်ရွက်သောသူဟို ငါ့ရဲ့ခမည်းတော်ဟ ချီးမြှောက်လိမ့်မယ်။
အဲသို့သွားယွေ့ နင်လို့အတွက် နေရာပြင်ဆင်ပင်းရင် ငါဆိရာအရပ်နှိုက် နင်လို့လည်း ဆိစေရန် ပြန်လာယွေ့ နင်လို့အား ငါ့နဲ့အတူဆိစေရန် သိမ်းဆည်းမယ်။
ခမည်းတော်ဟ ငါ့ဟို ချစ်သလို ငါဟ နင်လို့ဟို ချစ်အယ်၊ ငါရဲ့ ချစ်ခြင်းမေတ္တာနှိုက် တည်နေကြလော့။
အကျောန်းမှာ ကိုယ်တော်ဟ သားတော်အား လူအားလုံးဟို အုပ်စိုးရသောအခွင့်ဟို ပေးပီ၊ ဟေဟာဟ သားတော်သည် ကိုယ်တော်ပေးအပ်သမျှသောသူလို့အား ထာဝရအသက်ဟို ပေးနိန်ရန်အတွက် ဖြစ်အယ်။
ကိုယ်တော်နဲ့ ငါဟ တလုံးတဝတည်းဖြစ်သလို အဲသူလို့ဟလည်း ဖြစ်ကြစေရန် ငါဟ ကိုယ်တော်ပေးသော ဘုန်းအသရေဟို သူလို့အား ပေးပါပီ။
အို အဖ၊ ဟေကမ္ဘာ မတည်မဆိမီဟပင် ကိုယ်တော်နဲ့အတူ ငါလို့ ခံစားသော ဘုန်းအသရေအားဖြင့် အခုပင် ကိုယ်တော့်ဆေ့တော်နှိုက် ဘုန်းထင်ဆှားစေမန့်။
ငါ့အား ခမည်းတော် ပေးသောသူအပေါင်းလို့ဟ ငါ့ဆေဟို လာကြလိမ့်မယ်။ ငါ့ဆေ လာသောသူဟို ငါဟ ပစာအခါမျှ ပစ်ပယ်လိမ့်မယ် မဟုတ်၊
ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်မှာ ကိုယ်တော်ပေးထားသော သူအပေါင်းလို့တွင် တစုံတယောက်မျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်ရန် ဖြစ်အယ်။
ယေရှုဟ “နင်လို့အား ငါ အမန်ဆိုအယ်၊ အာဗြဟံ မမွေးမီဟပင် ငါ ဆိအယ်” ဟု မိန့်လေအယ်။
အခုတွင် ငါလို့ဟ မန်အားဖြင့် ရိပ်မိလျက်သာ နေကြအယ်။ အဲအခါနှိုက် မျက်ဝါးထင်ထင် မျော်ရကြလိမ့်မယ်။ အခုတွင် ငါဟ စုံလင်စွာ မသိမမျော်ရ၊ အဲအခါနှိုက် ဘုရားသခင်ဟ ငါ့ဟို စုံလင်စွာ သိသလို ငါဟ စုံလင်စွာ သိရလိမ့်မယ်။
အဲလိုမို့ ငါလို့ဆိသမျှဟ မျက်နှာဖုံး မဆိတော့ဘဲ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ရောင်ပြန်ဟပ်လျက် ဆိကြအယ်၊ ဝိညာဉ်တော်တည်းဟူသော သခင်ဘုရားမှ လွှတ်သော ဘုန်းအသရေဟ ငါလို့အား အစဉ်အမြဲ ဘုန်းအသရေ တိုးပွားစေယွေ့ ကိုယ်တော်ရဲ့ ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲစေလျက် ဆိအယ်။
“မိုက်ထဲမှ အလင်း ပေါ်ထွန်းလိမ့်မယ်” ဟု မိန့်သော ဘုရားသခင်ဟ ခရစ်တော်ရဲ့ မျက်နှာနှိုက် ထွန်းလင်းလဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို သိသောအလင်းရောင်အား ငါလို့ရဲ့ စိတ်နေလုံးထဲနှိုက် ထွန်းလင်းစေအယ်။
ငါဆိုတာဟ၊ ငါလို့ဟ ယုံကြည်မှုဆိပင်း ကိုယ်ခန္ဓာမှ ကွာလျက် သခင်ဘုရားနဲ့ အတူဆိနေရန် သာယွေ့ အလိုဆိကြအယ်။
ငါဟ ဟေနေခုကြားနှိုက် အကျပ်ရိုက်နေအယ်။ ငါဟ ဟေဖဝါ့ဟို စွန့်ခွာယွေ့ ခရစ်တော်နဲ့အတူဆိရန် ဆန္ဒဆိအယ်။ အဲသို့ဖြစ်လျှင် ရမ်းဆာ့ သာလွန်ကောင်းမွန်အယ်။
အေးနောက် အသက်ဆှင်လျက် ကျန်ရစ်သော ငါလို့ဟ အာကာသခေါန်းခင်နှိုက် သခင်ဘုရားနဲ့တွေ့ဆုံရန် အေးသူလို့နဲ့အတူ မိုးချေးသားအားဖြင့် ချီဆောင်ခြင်း ခံရကြလိမ့်မယ်။ ဟေလို့ဖြင့် ငါလို့ဟ သခင်ဘုရားနဲ့ အမြဲတမ်းနေရကြလိမ့်မယ်။
ကိုယ်တော်အား သေသောသူလို့ထဲမှ ထမြောက်စေယွေ့ ဘုန်းအသရေပေးသော ဘုရားသခင်ဟို ကိုယ်တော်အားဖြင့် နင်လို့ ယုံကြည်ကြအယ်။ အေးလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းလို့ဟ ဘုရားသခင်ထဲနှိုက် တည်ဆိကြအယ်။
ချစ်ရသောသူလို့၊ အခု ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ အားပေမဲ့ နောင်ကာလတွင် ငါလို့ စလိုဖြစ်ကြမယ်ဟို ထင်ဆှားစွာ မသိသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းသောအခါ ကိုယ်တော်ဟို ပကတိအဖြစ်တော်အတိုင်း မျော်ရကြမယ် ဖြစ်ယွေ့ ငါလို့ဟ ကိုယ်တော်နဲ့ တူကြမယ်ဟို ငါလို့ သိကြအယ်။
အဲမြို့နှိုက် ဗိမာန်တော်ဟို ငါ မမျော်ရ။ အကျောန်းမှာ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်နဲ့ သိုးသငယ်ဟ အဲမြို့ရဲ့ ဗိမာန်တော် ဖြစ်အယ်။
ငါဟ အောန်မြင်ယွေ့ ငါ့ခမည်းတော်ရဲ့ ပလ္လင်ပေါ်မှာ ကိုယ်တော်နဲ့အတူ ထိန်နေသလိုမျိုး အောန်မြင်သူအား ပလ္လင်ပေါ်မှာ ငါနဲ့အတူ ထိန်ရသောအခွင့်ဟို ငါ ပေးမယ်။