22 ကိုယ်တော်နဲ့ ငါဟ တလုံးတဝတည်းဖြစ်သလို အဲသူလို့ဟလည်း ဖြစ်ကြစေရန် ငါဟ ကိုယ်တော်ပေးသော ဘုန်းအသရေဟို သူလို့အား ပေးပါပီ။
တဘဲ့တော် တဆယ့်နေဦးလို့ဟို ခေါ်ယွေ့ နေယောက်စီတွဲယွေ့ သူလို့ဟို စေလွတ်လေအယ်။ သူလို့အား ညစ်ညူးသော နတ်များဟို နိန်သော အခွင့်အာဏာဟို ပေးယွေ့၊
နင်လို့ဟ ငါရဲ့ နိုင်ငံတော်တွင် ငါရဲ့ စားပွဲနှိုက် စားသောက်ကြရလိမ့်မယ်။ ပင်းနောက် ပလ္လင်များပေါ်မှာ ထိန်လျက် ဣသရေလ တဆယ့်နေမျိုးလို့အား အုပ်ချုပ်ရကြလိမ့်မယ်” ဟု ပြောလေအယ်။
နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။
ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ ပြေ့စုံကြွယ်ဝတာနဲ့အညီ ငါလို့အား ကောင်းချီးမင်္ဂလာ တခုပင်းနောက် တခု ချပေးအယ်။
အဲနေ့တွင် ငါ့ခမည်းတော်နှိုက် ငါဆိတာဟို လည်းကောင်း၊ နင်လို့ဟ ငါနှိုက် ဆိယွေ့ ငါဟ နင်လို့နှိုက် ဆိတာဟို လည်းကောင်း နင်လို့ သိကြလိမ့်မယ်။
“အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။
တမန်တော်လို့ဟ ယေရှုရဲ့ နာမတော်ကျောန့် အဆှက်ကွဲခြင်းဟို ခံထိုက်သူများအဖြစ်ဖြင့် ဘုရားသခင် မှတ်သောကျောန့် ဝမ်းမြောက်စွာ တရားလွှတ်တော်မှ ထွက်သွားကြအယ်။
အေးလို့ ခွဲခန့်မှတ်သားနဲ့သော သူလို့ဟို ခေါ်အယ်၊ ခေါ်သောသူလို့လည်း ဖြောင့်မတ်ရာနှိုက် တည်စေအယ်၊ အေးလို့ ဖြောင့်မတ်ရာနှိုက် တည်စေသောသူလို့ဟိုလည်း ဘုန်းတော် ထင်ဆှားစေအယ်။
အဲလိုမို့ ငါလို့ဆိသမျှဟ မျက်နှာဖုံး မဆိတော့ဘဲ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ရောင်ပြန်ဟပ်လျက် ဆိကြအယ်၊ ဝိညာဉ်တော်တည်းဟူသော သခင်ဘုရားမှ လွှတ်သော ဘုန်းအသရေဟ ငါလို့အား အစဉ်အမြဲ ဘုန်းအသရေ တိုးပွားစေယွေ့ ကိုယ်တော်ရဲ့ ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲစေလျက် ဆိအယ်။
အဲကျောန့် ဘုရားသခင်ဟ ငါလို့မှတဆင့် တိုက်တွန်းတာဖြစ်ယွေ့ ငါလို့ဟ ခရစ်တော်ရဲ့ သံတမန်များ ဖြစ်ကြအယ်။ အဲကျောန့် “ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ကြလော” ဟု ခရစ်တော်ရဲ့ ကိုယ်စား ငါလို့ တောင်းပန်အယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြတာနဲ့အညီ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို အလကားကား မခံယူကြနဲ့ဟု နင်လို့အား တိုက်တွန်းနှိုးဆော်အယ်။
တမန်တော်များနဲ့ ပရောဖက်များရဲ့ အုတ်မြစ်ပေါ်တွင် ခရစ်တော် ယေရှု တတ်တိုင်း ထောင့်ချုပ်ကျောက်တိုင် ဖြစ်အယ်။ ထောင့်ကျောက်တိုင်အဖြစ် တည်ဆောက်ခဲ့အယ်။
နင်လို့ဟ ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အတွက် ဆင်းရဲဒုက္ခခံခြင်း အားဖြင့်လည်း ကိုယ်တော်ရဲ့ အမှုတော်ဟို ဆောင်ရွက်ရန် အခွင့်ထူးဟို ရဆိကြအယ်။
ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။
ငါလို့ မျော်ရ ကြားရသောအရာဟို နင်လို့အား ပြောကြားရခြင်းမှာ နင်လို့ဟလည်း ငါလို့နဲ့ မိတ်သဟာယဖွဲ့ခြင်းဟ ခမည်းတော်နဲ့ လည်းကောင်း၊ သူ့ရဲ့ သားတော် ယေရှု ခရစ်တော်နဲ့ လည်းကောင်း မိတ်သဟာယ ဖွဲ့ခြင်း ဖြစ်အယ်။
ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။ ဘုရားသခင်ဟ ငါလို့နှိုက် တည်ကျောန်းဟို ငါလို့အား ပေးသော ဝိညာဉ်တော်အားဖြင့် ငါလို့ သိကြအယ်။
ငါလို့ဟ တရားစီရင်ရာနေ့နှိုက် ယုံကြည်စိတ်ချမှု ဆိစေရန် ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေ့စုံအယ်။ အကျောန်းမှာ ငါလို့ဟလည်း ဟေလောကတွင် ကိုယ်တော်လိုမျိုး ဖြစ်အယ်။
မြို့ရိုးတွင် အုတ်မြစ် တဆယ့်နေခု ဆိယွေ့ အေးအပေါ်နှိုက် သိုးသငယ်ရဲ့ တမန်တော် တဆယ့်နေပါးလို့ရဲ့ နာမယ် တဆယ့်နေခုဟို ရေးထားအယ်။