19 သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမဲ့အကျောန်း ငါဟ သူလို့အတွက် ကိုယ်ဟို သန့်ဆှင်းစေပါအယ်။
ခမည်းတော်ဟ ငါ့ဟို ရွေးချယ်ယွေ့ ဟေလောကဟို စေလွှတ်အယ်။ အဲလိုမို့ ငါဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်အယ်ဟု ဆိုခြင်းဟ ငါဟ ဘုရားသခင်ဟို ပစ်မားလဲ့စကားဟို ပြောအယ်လို့ စလိုကျောန့် နင်လို့ ဆိုနိန်တုန်း။
မိမိရဲ့ မိတ်ဆွေအတွက် အသက်ဟို စွန့်သော မေတ္တာထက် ကြီးမြတ်သောမေတ္တာဟ စသူ့မှာမှ မဆိ။
နင်လို့ဟ ငါဟောပြောသော စကားအားဖြင့် နင်လို့ဟ ဆှင်းလင်းလျက် ဆိခဲ့ကြပင်းပီ။
သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမန့်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဟ သမ္မာတရား ဖြစ်အယ်။
“ငါဟ အဲသူလို့အတွက်သာလျှင် ဆုတောင်းတာ မဟုတ်မန့်၊ သူလို့ ဟောပြောခြင်းအားဖြင့် ငါ့ဟို ယုံကြည်သော သူလို့အတွက်လည်း ဆုတောင်းပါအယ်။
ကောရိန့်မြို့ဆိ ဘုရားသခင်ရဲ့ အသင်းတော်ဝင်အပေါင်းလို့ဆေဟို လည်းကောင်း၊ အရပ်ခပ်သိမ်းမှ ငါလို့နဲ့ သူလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ကိုးကွယ်သောသူ အပေါင်းလို့နဲ့တကွ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဆိသောအားဖြင့် ဘုရားသခင်ရဲ့ လူအဖြစ် ရွေးချယ်ခြင်း ခံရသောသူအပေါင်းလို့ဆေဟို လည်းကောင်း စာရေးလိုက်ပါအယ်။
ခပ်သိမ်းသောအရာလို့ဟ နင်လို့အတွက် ဖြစ်ကြအယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံစားရသောသူ ပိုမိုများပြားလာတာနဲ့အမျှ ဘုရားသခင်ရဲ့ ဘုန်းအသရေ ထင်ဆှားစေရန် ချီးမွန်းလဲ့ ဆုတောင်းခြင်းလည်း ပိုမိုများပြားလာလိမ့်မယ်။
ငါဟ နင်လို့အကျောန်းဟို သူ့အား ဝါကြွားခဲ့သော်လည်း နင်လို့ဟ ငါ့ဟို စိတ်ပျက်စေခြင်း မဆိခဲ့။ ငါလို့ဟ နင်လို့အား မန်ကန်သောအရာဟို အစဉ်အမြဲ ပြောခဲ့လဲ့နည်းတူ တိတုဟို ငါလို့ ဝါကြွားသောအရာဟလည်း ဟုတ်မန်ကျောန်း ထင်ဆှားခဲ့ပီ။
အကျောန်းမှာ နင်လို့ဟ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟို သိကြအယ်၊ ကိုယ်တော်ဟ ကြွယ်ဝသော်လည်း သူရဲ့ ဆင်းရဲခြင်းအားဖြင့် နင်လို့ ကြွယ်ဝကြမဲ့အကျောန်း နင်လို့အတွက် ဆင်းရဲခြင်းဟို ခံလေအယ်။
နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။
ဘုရားသခင်ဟ ငါလို့အား ညစ်ညမ်းစွာ နေထိန်ရန် မခေါ်ဘဲ သန့်ဆှင်းမြင့်မြတ်စွာ နေထိန်ရန် ခေါ်အယ်။
အဲကျောန့် ငါဟ ဘုရားသခင် ရွေးကောက်သော လူစုတော်ရဲ့အတွက် စလို ဒုက္ခဆင်းရဲဟို မဆိုခံအယ်၊ ဟေလိုခံခြင်းမှာ သူလို့ဟလည်း ထာဝရ ဘုန်းအသရေနဲ့တကွ ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ခံရစေရန် ဖြစ်အယ်။
ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။
ဘုရားသခင်ရဲ့ သားတော်ဟို ခြေဖြင့် ကျော်နင်းယွေ့ မိမိအား အပစ်မှ သန့်ဆှင်းစေလဲ့ ပဋိညာဉ်တရားဆိုင်ရာ အသွေးတော်ဟို မထီမဲ့မြင်ပြုလျက် ကျေးဇူးတော်ဟို ပေးလဲ့ ဝိညာဉ်တော်ဟို စော်ကားသောသူဟ စလောက်ကြီးလေးသော အပစ်ဒဏ်ခံရမယ်ဟို စဉ်းစားယွေ့ ကျေ့ကြလော့။
ယေရှုဟ သူလို့အား အပစ်များမှ သန့်စင်စေအယ်၊ ကိုယ်တော်နဲ့ ကိုယ်တော် သန့်ဆှင်းစေသော သူလို့တွင် အဘတဦးတည်းဆိသဖြင့် ကိုယ်တော်ဟ အဲသူလို့အား မိမိရဲ့ ညီအကို မောင်နှမများဟု ခေါ်ဆိုရန် ဆှက်တော်မမူ။
အကျောန်းမှာ ညစ်ညူးခြင်းဆိသော သူလို့အပေါ် ပက်ဖျန်းသော ဆိတ်အသွေး၊ နွားအသွေးနဲ့ နွားမသငယ်ရဲ့ ပြာလို့ဟ ကိုယ်ကာယဟို စင်ကြယ်စေယွေ့ သူလို့ဟို သန့်ဆှင်းစေတာဆိုရင်၊
အဲပထမ ပဋိညာဉ်ပင် အသွေးဖြင့် အတည် ဖြစ်အယ်။
ဟေလို ပူဇော်ရရင် ကမ္ဘာတည်ချိန်မှ စယွေ့ ဒုက္ခဝေဒနာဟို အကြိမ်ကြိမ် ခံစားရလိမ့်မယ်။ အခုမှာ မိမိတတ်တိုင်း ပူဇော်ခြင်းအားဖြင့် အပစ်တရားဟို ပယ်လောရန် ကပ်ကာလအဆုံးနှိုက် တကြိမ်တည်း ပေါ်ထွန်းလာမယ်။
လူပဲ့သငယ်လို့၊ ငါလို့ဟ စကားနဲ့ စလောင်အားဖြင့်သာ မဟုတ်ဘဲ လုပ်ဆောင်မှုနဲ့ သမ္မာတရားလို့အားဖြင့် ချစ်ကြကုန်စို့။
ကိုယ်တော်နှိုက် အေးလို မျော်လင့်ထားသောသူတိုင်းဟ ကိုယ်တော် သန့်ဆှင်းစင်ကြယ်လဲ့အတိုင်း မိမိတတ်တိုင်း သန့်ဆှင်းစင်ကြယ် စေတတ်အယ်။