17 သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမန့်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဟ သမ္မာတရား ဖြစ်အယ်။
“အေးဥပမာရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ဟ မျိုးစေ့ဟ ဘုရားသခင်ရဲ့ စကားဖြစ်အယ်။
ကောင်းသောမြေပေါ်တွင် ကျသောအစေ့ဟ သတင်းစကားဟို ကြားယွေ့ ကောင်းသော နာခံမှုဆိသော စိတ်နေလုံးဖြင့် ထိန်းသိမ်းထားကာ အသီးသီးသည်အထိ တည်မြဲကြအယ်။
နင်လို့ဟ ငါဟောပြောသော စကားအားဖြင့် နင်လို့ဟ ဆှင်းလင်းလျက် ဆိခဲ့ကြပင်းပီ။
သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမဲ့အကျောန်း ငါဟ သူလို့အတွက် ကိုယ်ဟို သန့်ဆှင်းစေပါအယ်။
နင်လို့ဟ သမ္မာတရားဟိုလည်း သိသောကျောန့် အေးသမ္မာတရားဟ နင်လို့အား လွတ်မြောက်စေလိမ့်မယ်” ဟု မိန့်အယ်။
ဘုရားသခင်ဆေမှ ကြားခဲ့ရသော သမ္မာတရားဟို နင်လို့အား ဟောပြောခဲ့သူ ငါ့ဟို သတ်ရန် နင်လို့ဟ ကြိုးစားကြအယ်။ အာဗြဟံဟ ဟေလို ပြုခဲ့တာ မဟုတ်။
ကိုယ်တော်ဟ သူလို့ဟို ငါလို့နဲ့ ခွဲခြားခြင်း ပြုတော်မမူဘဲ သူလို့ဟ ကိုယ်တော်ဟို ယုံကြည်ခြင်းအားဖြင့် သူလို့ရဲ့ စိတ်နေလုံးဟို သန့်ဆှင်းစေအယ်။
အဲလိုမို့ ငါလို့ဆိသမျှဟ မျက်နှာဖုံး မဆိတော့ဘဲ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ရောင်ပြန်ဟပ်လျက် ဆိကြအယ်၊ ဝိညာဉ်တော်တည်းဟူသော သခင်ဘုရားမှ လွှတ်သော ဘုန်းအသရေဟ ငါလို့အား အစဉ်အမြဲ ဘုန်းအသရေ တိုးပွားစေယွေ့ ကိုယ်တော်ရဲ့ ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲစေလျက် ဆိအယ်။
သမ္မာတရားဟ ယေရှုနှိုက် ဆိတာနဲ့အညီ နင်လို့ဟ ခရစ်တော်အကျောန်းဟို ကြားနာလျက် ကိုယ်တော်နှိုက် သင်ကြားခြင်းဟို ခံယူခဲ့တာ မန်ရင် ခရစ်တော်နှိုက် အေးလို့နည်းခံခဲ့ကြတာ မဟုတ်။
နှုတ်ကပတ်တော်အားဖြင့် အသင်းတော်ဟို ဘုရားသခင်ဆေ ဆက်ကပ်အပ်နှံရန် သူဟ ဟေအရာဟို ပြုလုပ်ခဲ့အယ်။ အဲလိုပြုလုပ်ပင်းနောက် ယေနဲ့ဆေးကြော သန့်စင်ပင်း၊
သခင်ဘုရားချစ်သော ညီအကိုလို့၊ နင်လို့အတွက် အချိန်တိုင်း ဘုရားသခင်ဟို ကျေးဇူးတင်ရမယ်။ အကျောန်းမှာ ဘုရားသခင်ဟ နင့်အား သူရဲ့ သန့်ဆှင်းမြင့်မြတ်သော လူမျိုးဖြစ်စေရန်နဲ့ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် နင့်အား ဝိညာဉ်တော်ရဲ့ တန်ခိုးဖြင့် ကယ်တင်ခြင်းဟို ရောက်မယ့် ဦးရင်ဆုံးသူအဖြစ် ဘုရားသခင် ရွေးချယ်ခဲ့အယ်။
အဲလိုမို့ နင်လို့ဟ ညစ်ညမ်းလဲ့ အလေ့အထနဲ့ ဆိုးယုတ်လဲ့ အကျင့်မန်သမျှလို့ဟို ပယ်ဆှားကြလော့။ နင်လို့ရဲ့ စိတ်အတွင်းနှိုက် ဘုရားသခင် သွင်းပေးသော တရားတော်ဟ နင်လို့ဟို ကယ်တင်နိန်အယ်။ တရားတော်ဟို သိမ့်မွေ့စွာ ခံယူကြလော့။