26 အဲကာလနှိုက် နင်လို့ဟ ငါရဲ့နာမဟို အမှီပြုယွေ့ ဆုတောင်းကြလိမ့်မယ်၊ နင်လို့အဖို့အလိုငှာ ငါဟ ခမည်းတော်ဟို တောင်းမယ်ဟု မဆို။
ငါဟ ခမည်းတော်ဟို တောင်းဆှောက်သဖြင့် နင်လို့နဲ့အတူ အစဉ်အမြဲဆိယွေ့ နင်လို့အား မစသော အခြားသောသူတပါးဟို ပေးလိမ့်မယ်။
အဲနေ့တွင် ငါ့ခမည်းတော်နှိုက် ငါဆိတာဟို လည်းကောင်း၊ နင်လို့ဟ ငါနှိုက် ဆိယွေ့ ငါဟ နင်လို့နှိုက် ဆိတာဟို လည်းကောင်း နင်လို့ သိကြလိမ့်မယ်။
ယေရှုဟ မိမိအား အဲသူလို့ဆှောက်ထား မေးမြန်းလိုကျောန်း သိသဖြင့် “အချိန်ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို မျော်ရကြမှာ မဟုတ်၊ အဲပင်းရင် အချိန်ကတစ်ကြာပင်းမှ ငါ့ဟို မျော်ရကြလိမ့်မယ်” ဟု ငါ ပြောသောစကားများနဲ့ ပတ်သက်ယွေ့ အချင်းချင်း မေးမြန်း ပြောဆိုကြသလော။
“အဲနေ့နှိုက် နင်လို့ဟ ငါ့အား ပစာအရာဟိုမျှ တောင်းဆှောက်ကြလိမ့်မယ် မဟုတ်။ နင်လို့အား ငါ အမန် ဆိုအယ်၊ နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ တောင်းဆှောက်သမျှသော အရာလို့ဟို ခမည်းတော်ဟ နင်လို့အား ပေးလိမ့်မယ်။
ကိုယ်တော်ဟ အလုံးစုံလို့ဟို သိကျောန်း အခု ငါလို့ သိကြပီ၊ ကိုယ်တော်အား စသူမျှ မေးဆှောက်ရန် မလိုတော့ပါ။ အဲကျောန်းကျောန့် ကိုယ်တော်ဟ ဘုရားသခင်ဆေမှ ကြွလာတာဟို ငါလို့ ယုံကြည်အယ်” ဟု ဆှောက်ထားကြအယ်။
သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမဲ့အကျောန်း ငါဟ သူလို့အတွက် ကိုယ်ဟို သန့်ဆှင်းစေပါအယ်။
“အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။
“ငါဟ သူလို့အတွက် ဆုတောင်းအယ်။ လောကသားလို့အတွက် ဆုတောင်းတာ မဟုတ်မန့်၊ ငါ့အား ကိုယ်တော်ပေးသော သူများဟ ကိုယ်တော် ပိုင်ဆိုင်သောသူများဖြစ်သဖြင့် အဲသူလို့အတွက် ဆုတောင်းပါအယ်။
အေးကျောန့် အပစ်စီရင်သောသူဟ စသူလုန်း။ အသေခံတာ သာမက ထမြောက်သော ခရစ်တော် ယေရှုဟ ဘုရားသခင်ရဲ့ လက်ယာဘက်တွင် နေယွေ့ ငါလို့အတွက် အသနားခံပေးသောသူဟ ခရစ်တော်ပင် ဖြစ်အယ်။