31 အဲလိုလဲ ငါဟ ခမည်းတော်ဟို ချစ်ကျောန်း ဟေလောကအား သိစေရန် ငါ့ဟို ခမည်းတော်မှာလဲ့အတိုင်း ငါပြုအယ်။ “ထကြလော့၊ ဟေအရပ်မှ သွားကြကုန်စို့” ဟု မိန့်လေအယ်။
အေးနောက် ဆေ့ဟို ကတစ်လေးကြွယွေ့ မြေပေါ်တွင် ပျပ်ဝပ်ပင်းရင် “အို ငါ့ရဲ့အဖ၊ ဖြစ်နိန်ပါဟ ဟေဝေဒနာမုတ်ဟို ငါ့ဆေမှ လွဲဖယ်ပေးပါ။ အဲလိုလဲ ငါရဲ့ အလိုအတိုင်း မဟုတ်ပါ၊ ကိုယ်တော်ရဲ့ အလိုတော်အတိုင်းသာ ဖြစ်စေပါ” ဟု ဆုတောင်းအယ်။
ထကြ၊ ငါလို့သွားကြကုန်အံ့၊ ကျေ့လော့၊ ငါ့ဟို ရန်သူလက်ဟို အပ်မယ့်သူ ရောက်လာပီ” ဟု မိန့်အယ်။
ငါလက်ခံရမဲ့ နှစ်ခြင်း ဆိအယ်၊ အေးအရာဟို မကျော်လွန်မချင်း ငါဟ စိတ်ဒုက္ခရောက်အယ်။
ငါ့အသက်ဟို စသူမှ မလုမယူဘဲ ငါ့ဆန္ဒအလျောက် အသက်ဟို စွန့်ခြင်း ဖြစ်အယ်။ ငါနှိုက် အသက်စွန့်ပိုင်ခွင့်နဲ့ နောက်တဖန် ကိုယ့်အသက်ဟို ပြန်ယူပိုင်သောအခွင့်ဟ ငါနှိုက်ဆိအယ်။ ငါဟ ဟေအမိန့်ဟို ငါ့ခမည်းတော်ဆေမှ ရဆိအယ်” ဟု မိန့်အယ်။
“အခု ငါ့ရဲ့ စိတ်နေလုံး ပူပန်ခြင်း ဆိအယ်၊ စလို ငါ ဆှောက်ရမှာတုန်း။ ‘အို အဖ၊ ငါ့အား ဟေဒုက္ခဝေဒနာ ရောက်ချိန်နဲ့ ကင်းလွတ်စေမန့်’ ဟု ဆှောက်ရမယ်လော။ အဲလိုလဲ ငါဟ ဟေဒုက္ခဝေဒနာ ခံဖို့ရန် ရောက်ဆိလာခြင်း ဖြစ်အယ်။
ငါဟ ကိုယ်ပိုင်အခွင့်အာဏာအရ ဟောပြောခြင်း မဟုတ်၊ ငါ့ဟို စေလွှတ်သောခမည်းတော်ဟ စလို ငါဟောပြောရမယ်ဟို ပညတ်ပေးလေပီ။
အခုဟ ပသခါပွဲမတိုင်မီနှိုက် တရက် ဖြစ်အယ်။ ယေရှုဟ ဟေလောကမှ ထွက်ခွာယွေ့ ခမည်းတော်ဆေဟို သွားရမဲ့ အချိန်ကျရောက်လာကျောန်းဟို သိအယ်။ ကိုယ်တော်ဟ ဟေလောကဆိ မိမိလူလို့ဟို အစဉ် ချစ်အယ်၊ သူလို့အား အဆုံးတိုင်အောန် ချစ်အယ်။
ခမည်းတော်ဟ ငါ့ဟို ချစ်သလို ငါဟ နင်လို့ဟို ချစ်အယ်၊ ငါရဲ့ ချစ်ခြင်းမေတ္တာနှိုက် တည်နေကြလော့။
ယေရှုဟ “နင့်ရဲ့ ထားဟို ထားအိုင်နှိုက် ပြန်သွင်းလော့။ ခမည်းတော် ငါ့အား ခံစေလဲ့ ဒုက္ခဝေဒနာဟို ငါ မခံသင့်သလော” ဟု ပေတရုအား မိန့်အယ်။
ယေရှုဟ “ငါ့ဟို စေလွှတ်သော သူရဲ့အလိုတော်ဟို ဆောင်ရွက်ယွေ့ သူရဲ့ အမှုဟို ပီးမြောက်စေခြင်းဟ ငါရဲ့ အစားအစာ ဖြစ်အယ်။
မိမိကိုယ်ဟို နှိမ့်ချလျက် လက်ဝါးကပ်တိုင်တွင် အသေခံလဲ့တိုင်အောန် နာခံခြင်း လမ်းစဉ်ဟို လိုက်ဆှောက်ခဲ့အယ်။