3 အဲသို့သွားယွေ့ နင်လို့အတွက် နေရာပြင်ဆင်ပင်းရင် ငါဆိရာအရပ်နှိုက် နင်လို့လည်း ဆိစေရန် ပြန်လာယွေ့ နင်လို့အား ငါ့နဲ့အတူဆိစေရန် သိမ်းဆည်းမယ်။
ငါရဲ့အမှုဟို ဆောင်ရွက်သောသူဖြစ်ရင် ငါ့နောက်ဟို လိုက်ရမယ်၊ အဲမှသာ ငါဆိရာအရပ်နှိုက် သူဟလည်း ဆိလိမ့်မယ်။ ငါရဲ့အစေဟို ဆောင်ရွက်သောသူဟို ငါ့ရဲ့ခမည်းတော်ဟ ချီးမြှောက်လိမ့်မယ်။
‘ငါ အခုသွားသော်လည်း နင်လို့ဆေဟို ပြန်လာဦးမယ်’ ဟု ငါပြောတာဟို နင်လို့ ကြားခဲ့ပီ။ နင်လို့ဟ ငါ့ဟို ချစ်ရင် ခမည်းတော်ဆေဟို ငါသွားမည်ဟို ဝမ်းမြောက်ကြလိမ့်မယ်၊ အကျောန်းမှာ ငါ့ခမည်းတော်ဟ ငါ့ထက် သာယွေ့ ကြီးမြတ်အယ်။
ငါသွားရာအရပ်သို့ ရောက်သောလမ်းဟို နင်လို့ သိကြအယ်” ဟု မိန့်အယ်။
“အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။
“ဂါလိလဲပြေသားလို့၊ နင်လို့ဟ ပစာကျောန့် ရပ်ယွေ့ မိုးခေါန်းခင်ဟို မော်ကျေ့နေကြလုန်း၊ နင်လို့ဆေမှ ခေါန်းခင်ဘုံဟို ယူဆောင်ခြင်းဟို ခံသော အေးယေရှုဟ ပစာသို့ ခေါန်းခင်ဘုံဟို တက်ကြွတာဟို နင်လို့ မျော်ရကြအယ်၊ ဟေနည်းအတိုင်းပင် ပြန်လည် ကြွလာလိမ့်မယ်” ဟု ဆိုကြအယ်။
အဲလို့ လူပဲ့သငယ်များဖြစ်ကြရင် အမွေခံများလည်း ဖြစ်ကြအယ်။ ငါလို့ဟ ခရစ်တော်နဲ့အတူ ဘုန်းတော်ချီးမြောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းဟိုလည်း ကိုယ်တော်နဲ့အတူခံရကြရင် ဘုရားသခင်ရဲ့ အမွေခံများဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အမွေဆက်ခံများလည်း ဖြစ်ကြအယ်။
ငါဟ ဟေနေခုကြားနှိုက် အကျပ်ရိုက်နေအယ်။ ငါဟ ဟေဖဝါ့ဟို စွန့်ခွာယွေ့ ခရစ်တော်နဲ့အတူဆိရန် ဆန္ဒဆိအယ်။ အဲသို့ဖြစ်လျှင် ရမ်းဆာ့ သာလွန်ကောင်းမွန်အယ်။
အေးနည်းအားဖြင့် ငါလို့ရဲ့ ဘုရားသခင်နဲ့ သခင်ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ငါလို့ သခင် ယေရှုရဲ့နာမတော်ဟ နင်လို့နှိုက် ဘုန်းထင်ဆှားစေခြင်းဟို ခံရလျက်၊ နင်လို့ဟလည်း ကိုယ်တော်နှိုက် ဘုန်းတော်ထင်ဆှားစေခြင်း ခံရမယ့်အကျောန်း ဖြစ်အယ်။
ငါလို့ဟ သည်းခံရင် ကိုယ်တော်နဲ့အတူ စိုးစံလိမ့်မယ်။ ငါလို့ဟ ကိုယ်တော်အား စွန့်ပယ်ရင် ကိုယ်တော်ဟ ငါလို့အား စွန့်ပယ်လိမ့်မယ်။
အေးတိုင်းတိုင်း ခရစ်တော်ဟလည်း လူအများရဲ့ အပစ်ဟို ဖြေလွှတ်ရန်အတွက် မိမိကိုယ်ဟို တကြိမ်တည်း ပူဇော်အယ်။ အပစ်ဟို ပယ်လောရန် မဟုတ်ဘဲ မိမိဟို စောင့်မျော်နေသူလို့အား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်မယ်။
ငါဟ အောန်မြင်ယွေ့ ငါ့ခမည်းတော်ရဲ့ ပလ္လင်ပေါ်မှာ ကိုယ်တော်နဲ့အတူ ထိန်နေသလိုမျိုး အောန်မြင်သူအား ပလ္လင်ပေါ်မှာ ငါနဲ့အတူ ထိန်ရသောအခွင့်ဟို ငါ ပေးမယ်။