27 “ငါဟ ငြိမ်သက်ခြင်းဟို နင်လို့နှိုက် ထားခဲ့အယ်၊ ငါရဲ့ ငြိမ်သက်ခြင်းဟို နင်လို့အား ငါပေးအယ်။ ဟေလောကသားလို့ ပေးသလို ငါပေးတာ မဟုတ်။ နင်လို့ စိတ်နေလုံးပူပန်ခြင်းနဲ့ ကြောက်ရွံ့ခြင်း မဆိစေနဲ့။
“အေးလိုမို့ လူလို့ဟို မကြောက်ကြနဲ့။ အခု ဖုံးအုပ်ထားလဲ့ အရာဟူသမျှဟ ထင်ပေါ်လာပင်း လျှို့ဝှက်ချက် မန်သမျှဟလည်း သိယွေ့ လာရလိမ့်မယ်။
မိုက်နဲ့ သေမင်းရဲ့ အရိပ်တွင် နေထိန်သူများအပေါ် ထွန်းလင်း စေလိမ့်မယ်၊ ငါလို့အား ငြိမ်းချမ်းရေး လမ်းဟို ပို့ဆောင်စေလိမ့်မယ်” ဟု ဟောလေအယ်။
နင်လို့ အိုင်ဟို ဝင်လဲ့အခါတိုင်း ‘ဟေနေအိုင်ပေါ်မှာ ငြိမ်သက်ခြင်း ဆိပါစေ’ လို့ အရင်ပြောလော။
“ငါ့မိတ်ဆွေလို့ ငါပြောတာဟ ခန္ဓာကိုယ်ဟို သတ်ပင်း၊ တခြားဆိုးသောအမှုဟို မလုပ်နိန်သော သူလို့ဟို မကြောက်ကြနဲ့။
“ခေါန်းခင်ဘဝဂ်ဝယ် ဘုရားသခင်ဟ ဘုန်းကြီးပါစေ၊ မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း ဆိစေယွေ့ လူလို့အား မေတ္တာကရုဏာ ဆိစေသတည်း” ဟု မြွက်ဆိုကြအယ်။
ယေရှုဟ “နင်လို့ စိတ်နေလုံးပူပန်ခြင်း မဆိစေနဲ့။ ဘုရားသခင်ဟို ယုံကြည်ကြလော့၊ ငါ့ဟိုလည်း ယုံကြည်ကြလော့။
နင်လို့ဟ ငါ့ဟို အမှီပြုယွေ့ ငြိမ်သက်ခြင်း ဆိစေကြရန် ဟေစကားဟို ငါပြောပီ။ နင်လို့ဟ လောကနှိုက် ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အဲလိုလဲ မစိုးရိမ်ကြနဲ့၊ ငါဟ လောကဟို အောန်ပီ” ဟု မိန့်အယ်။
တဘဲ့တော်လို့ဟ ယုဒအာဏာပိုင်လို့ဟို ကြောက်လန့်သောကျောန့် တနင်္ဂနွေ ညခင်းချိန်နှိုက် ထင်ခါးများဟို ပိတ်ပင်း စုဝေးနေကြအယ်။ အဲပင်းရင် ယေရှုဟ ကြွလာယွေ့ အေးသူလို့အလယ်မှာ ရပ်လျက် “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆိစေမန့်” ဟု မိန့်အယ်။
တဖန် ယေရှုဟ “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆိစေမန့်။ ခမည်းတော်ဟ ငါ့ဟို စေလွှတ်လဲ့အတိုင်း၊ နင်လို့ဟို ငါ စေလွှတ်မယ်” ဟု မိန့်အယ်။
ဆစ်ရက်ကြာပင်းနောက် တဘဲ့တော်လို့ဟ တဖန် အိုင်အတွင်းနှိုက် ဆိကြပင်း သောမလည်း သူလို့နဲ့အတူ ဆိအယ်။ ထင်ခါးများဟို ပိတ်ထားသော်လည်း ယေရှုဟ ကြွလာယွေ့ သူလို့အလယ်မှာ ရပ်လျက် “နင်လို့နှိုက် ငြိမ်သက်ခြင်းစေမန့်” ဟု မိန့်အယ်။
ဘုရားသခင်ဟ လူအပေါင်းလို့ရဲ့ အဆှင် သခင်ဖြစ်သော ယေရှု ခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနဲ့ဆိုင်သော သတင်းကောင်းဟို ဟောပြောယွေ့ ဣသရေလအမျိုးသားလို့ဆေ ပေးပို့သော နှုတ်ကပတ်တရားတော်ဟို နင်လို့ သိကြအယ်။
တညနှိုက် ဘုရားသခင်ဟ ပေါလုဟို ရူပါရုံအားဖြင့် “မကြောက်ကြနဲ့၊ အဲလိုလဲ ဆက်လက် ပြောဆိုပင်း အရှုံးမပေးနဲ့၊
ဘုရားသခင် ချစ်ယွေ့ သန့်ဆှင်းသူများအဖြစ် ခေါ်ယူသော ရောမမြို့သူ မြို့သားအပေါင်းလို့ဆေ ဟေစာဟို ငါ ရေးလိုက်ပါအယ်၊ ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်မှ လာသော ကျေးဇူးတော်နဲ့ ငြိမ်းချမ်းခြင်းဟို နင်လို့နှိုက် ဆိပါစေ။
နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။
အခု ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှိုက် ဖြောင့်မတ်ခြင်းဟို ရဆိပင်း ဖြစ်သောကျောန့် ငါလို့သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင်နဲ့ ငြိမ်းချမ်းမှုဟို ရကြအယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ ရန်သူများ ဖြစ်ခဲ့ကြသော်လည်း သူရဲ့သားတော် အသေခံခြင်းအားဖြင့် ငါလို့အား မိတ်ဆွေ ဖြစ်စေအယ်။ အခု ငါလို့ဟ ဘုရားသခင်ရဲ့ မိတ်ဆွေများ ဖြစ်လာကြပီ ဖြစ်လဲ့အတွက် ခရစ်တော်ရဲ့ အသက်အားဖြင့် ကယ်တင်ခြင်းဟို ပိုယွေ့ ခံရကြလိမ့်မယ်။
လူဇာတိနဲ့ဆိုင်လဲ့ စိတ်ဟ သေခြင်း ဖြစ်ပေမဲ့ ဝိညာဉ်နဲ့ဆိုင်လဲ့ စိတ်သဘောဟ အသက်ဆှင်ခြင်းအကျောန်းနဲ့ ငြိမ်သက်ခြင်းအကျောန်း ဖြစ်အယ်။
ငါလို့အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
ငါလို့အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဟ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေ၊
အဲလိုလဲ ဝိညာဉ်တော်ရဲ့ အသီးအပွင့်ဟ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ဆှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာဆိခြင်း၊
ဟေနည်းဥပဒေကို လိုက်နာသူတိုင်း ဘုရားသခင်ရဲ့ လူမျိုးတော်လို့နှိုက် ငြိမ်သက်ခြင်းနဲ့ ကရုဏာဟ ဆိပါစေ။
အဲအခါ လူလို့ နားမလည်နိန်သော ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဟ ခရစ်တော် ယေရှုအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးနဲ့ နင်လို့ရဲ့ တွေးတောကြံစည်မှုများဟို စောင့်မလိမ့်မယ်။
ကောလောသဲမြို့ဆိ ဘုရားသခင်ရဲ့ လူများဖြစ်သော ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်လျက် သစ္စာဆိသူ ညီအကို မောင်နှမလို့ဆေမှ စာရေးလိုက်အယ်၊ ငါလို့ အဖ ဘုရားသခင်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟို နင်လို့နှိုက် ဆိပါစေသော။
ဘုရားသခင်ဟ သားတော်အားဖြင့် စကြာဝဠာတခုလုံးဟို မိမိဆေ ပြန်လာစေရန် ဆုံးဖြတ်ထားအယ်။ လက်ဝါးကပ်တိုင်ပေါ်နှိုက် သွန်းသော သားတော်ရဲ့ အသွေးအားဖြင့် ရန်ဟို ငြိမ်းစေယွေ့ အဲတိုင်းတိုင်းဖြင့် မြေကြီးနဲ့ ခေါန်းခင်တွင် ဆိသမျှသောအရာလို့အား မိမိနဲ့ ပြန်လည်သင့်မြတ်စေရန် အလိုဆိအယ်။
နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။
ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
အခုတွင် ငြိမ်သက်ခြင်းရဲ့ သခင်ဘုရား တတ်တိုင်း နင်လို့အား အချိန်အခါခပ်သိမ်း ငြိမ်သက်ခြင်း ပေးသနားပါစေသော။ သခင်ဘုရားဟ နင်လို့အားလုံးနဲ့ အတူဆိပါစေ။
အကျောန်းမှာ ဘုရားသခင်ဟ ငါလို့အား ကြောက်တတ်သော ဝိညာဉ်ဟို ပေးတာ မဟုတ်ဘဲ တန်ခိုး၊ ချစ်ခြင်းမေတ္တာ၊ မိမိတတ်တိုင်း ချုပ်တည်းခြင်းလို့နဲ့ဆိုင်သော ဝိညာဉ်ဟို ပေးသောကျောန့် ဖြစ်အယ်။
ထာဝရ ပဋိညာဉ်တရားရဲ့ အသွေးတော်အားဖြင့် သိုးလို့ရဲ့ သိုးထိန်းကြီး ဖြစ်သော ငါလို့ သခင် ယေရှုအား သေခြင်းမှ နှုတ်ဆောင်သောမူလဲ့ ငြိမ်သက်ခြင်း အဆှင် ဘုရားသခင်ဟ
အာဗြဟံဟလည်း လက်ရဥစ္စာဆိသမျှဟို ဆယ်ဖို့တဖို့ဟို သူ့အား ပေးလှူအယ်။ မေလခိဇေဒက် ပထမနာမယ်ရဲ့ အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်းရဲ့ ဘုရင်” ဟု ဖြစ်ပင်း၊ အဲပင်းရင် “ငြိမ်သက်ခြင်းရဲ့ ဘုရင်” တည်းဟူသော ဆှာလင် ဘုရင် ဟုလည်း ဖြစ်အယ်။
ငါ ယောဟန်ဟ၊ အာရှိပြေဆိ အသင်းတော် ခုနေပါးဆေဟို စာရေးလိုက်အယ်။ အခု ဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အဆှင်ဆေမှ လည်းကောင်း၊ ပလ္လင်တော်ဆေ့နှိုက် ဆိသော ဝိညာဉ် ခုနေပါးဆေမှ လည်းကောင်း၊
နင် ခံစားရတော့မဲ့ ဒုက္ခဝေဒနာများဟို မကြောက်နဲ့၊ ကျေ့ရှုလော့။ နင်ဟ စုံစမ်းခြင်းဟို ခံရမဲ့အကျောန်း မာရ်နတ်ဟ နင်လို့အထဲမှ အချို့လို့ဟို ထောင်ထဲနှိုက် ထည့်ထားလိမ့်မယ်။ နင်လို့ဟ ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အသေခံရလဲ့တိုင်အောန် သစ္စာစောင့်လော့။ အဲလိုပြုရင် အသက်သရဖူဟို နင့်အား ငါ ပေးမယ်။
အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။