25 “နင်လို့နဲ့အတူ ဆိစဉ်တွင် ဟေအရာလို့ဟို ငါပြောခဲ့ပီ။
အဲသို့ဖြစ်ပျက်သောအခါ ‘ငါဟ ငါဖြစ်လဲ့အတိုင်း ငါဖြစ်တာဟို’ နင်လို့ ယုံကြည်လာကြစေရန် အဲအရာမဖြစ်ပျက်ခင် အခု နင်လို့အား ငါပြောနှင့်ပီ။
ငါ့ဟို မချစ်သောသူဟ ငါ့သွန်သင်ချက်ဟို နားမထောင်။ နင်လို့ကြားရသော သွန်သင်ချက်ဟ ငါ့သွန်သင်ချက် မဟုတ်၊ ငါ့ဟို စေလွှတ်သော ခမည်းတော်ရဲ့ သွန်သင်ချက် ဖြစ်အယ်။
ခမည်းတော်ဟ ငါ့နာမကျောန့် စေလွှတ်လဲ့ မစသောသူတည်းဟူသော သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့အား ခပ်သိမ်းသောအရာလို့ဟို သွန်သင်ပေးယွေ့ ငါပြောခဲ့သမျှသောအရာလို့ဟို နင်လို့အား ပြန်လည် သတိရစေလိမ့်မယ်။
အဲအမှုအရာ ဖြစ်ပျက်လာသောအခါ နင်လို့ ယုံကြည်စေရန် မဖြစ်ပျက်ခင်ဟပင် နင်လို့ဟို အခု ငါပြောနှင့်ပီ။
“နင်လို့နှိုက် ငါရဲ့ ဝမ်းမြောက်ခြင်း တည်နေယွေ့ နင်လို့ ဝမ်းမြောက်ခြင်းဟ ပြေ့ဝစုံလင်စေမဲ့အကျောန်း ဟေအရာများဟို နင်လို့အား ငါပြောအယ်။
“နင်လို့အား ငါပြောစရာ စကားအများဆိသော်လည်း၊ နင်လို့ဟ အခု မခံနိန်ကြ။