15 “နင်လို့ဟ ငါ့ဟို ချစ်ရင် ငါ့ပညတ်လို့ဟို စောင့်ထိန်းလိမ့်မယ်။
“တစုံတယောက်ဟ သူလို့ မိဖဟို ငါ့ထက်ပိုယွေ့ ချစ်သူဟ ငါနဲ့မထိုက်တန်၊ တစုံတယောက်ဟ သူလို့ရဲ့သား အဲဟာမဟုတ်ရင် သမီးဟို ငါ့ထက်ပိုယွေ့ ချစ်သူဟ ငါနဲ့မထိုက်တန်။
ယေရှုဟ “ဘုရားသခင်သည် နင်လို့ရဲ့ အဖမန်ရင် နင်လို့ဟ ငါ့ဟို ချစ်ကြလိမ့်မယ်၊ ငါဟ ဘုရားသခင်ဆေမှ လာယွေ့ အခု ဟေအရပ်ဟို ရောက်ဆိနေအယ်။ ကိုယ်ပိုင်အခွင့်အာဏာအရ လာတာ မဟုတ်၊ အဲလိုလဲ ကိုယ်တော်ဟ ငါ့ဟို စေလွှတ်အယ်။
စသူမဆိုဟ သခင်ဘုရားဟို မချစ်၊ အဲသူဟ — ကျိန်စာသင့်ပါစေ။ မာရားနာ ထာ — သခင်ဘုရား ကြွလာတော်မူပါ။
အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။
ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို မဖောက်ပြန်သော မေတ္တာဖြင့် ချစ်သောသူအပေါင်းလို့နှိုက် ကျေးဇူးတော် သက်ရောက်ပါစေသော။
နင်လို့ဟ အေးသခင်ဟို မမျော်ဖူးသော်လည်း သူ့ဟို ချစ်ကြအယ်။ အေးသူဟ အခု မမျော်ဖူးသော်လည်း ယုံကြည်ကြပင်း ပြောယွေ့ မမီနိန်သော ဝမ်းမြောက်ခြင်းဖြင့် ရွင်မြူးကာ ဘုန်းတော်ဟို ချီးမွမ်းလျက်
ချစ်ခြင်း မေတ္တာဆိုတာဟ ကိုယ်တော်ရဲ့ ပညတ်တော်အတိုင်း အသက်ဆှင် ဆော့က်လှမ်းခြင်း ဖြစ်အယ်။ အဲပညတ်တော်ဟ အစဦးဟပင် နင်လို့ ကြားရလဲ့အတိုင်း ချစ်ခြင်းမေတ္တာနှိုက် အသက်ဆှင် ဆော့က်လှမ်းခြင်း ဖြစ်အယ်။