13 နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါ ပြုမယ်၊ အဲကျောန့် ခမည်းတော်ဟ သားအားဖြင့် ဘုန်းထင်ဆှားလိမ့်အယ်။
နင်လို့ဟ ယုံကြည်ခြင်းဆိရင် ဆုတောင်းသမျှလို့ဟို ရဆိကြလိမ့်မယ်” ဟု မိန့်အယ်။
“တောင်းကြလော့၊ တောင်းရင် ရကြလိမ့်မယ်၊ ဆှာကြလော့၊ ဆှာရင် တွေ့ကြလိမ့်မယ်၊ ထင်ခါးဟို ခေါက်ကြလော့၊ ခေါက်ရင် နင်လို့ဟို ထင်ခါး ဖွင့်ပေးလိမ့်မယ်။
ဟေအကျောန်းကျောန့် နင်လို့အား ငါဆိုတာဟ၊ နင်ဆုတောင်းသောအခါ တောင်းဆှောက်သမျှဟို ရဆိလိမ့်မယ်ဟု ယုံကြည်ကြလော့၊ နင်လို့ တောင်းသမျှဟို ပေးလိမ့်မယ်။
အဲကျောန့် နင်လို့အား ငါပြောတာဟ တောင်းပါ တောင်းရင် ရလိမ့်မယ်၊ ဆာပါ ဆာရင် တွေ့လိမ့်မယ်၊ ထင်ခါးဟို ခေါက်ပါ၊ ခေါက်ရင် ထင်ခါး ဖွင့်လိမ့်မယ်။
ခမည်းတော်နဲ့ ငါဟ တလုံးတဝတည်း ဖြစ်အယ်” ဟု မိန့်အယ်။
အဲပင်းရင် ယေရှုဟ “ငါ့ဟို ယုံကြည်သောသူဟ ငါ့ဟိုသာ ယုံကြည်တာ မဟုတ်၊ ငါ့ဟို စေလွှတ်သောသူဟိုလည်း ယုံကြည်အယ်။
ယုဒထွက်သွားပင်းနောက် ယေရှုဟ “အခု လူသားဟ ဘုန်းတော် ထင်ဆှားခြင်း ဆိယွေ့ ဘုရားသခင်ဟလည်း လူသားအားဖြင့် ဘုန်းတော် ထင်ဆှားခြင်း ဆိအယ်။
နင်လို့ဟ ငါရဲ့နာမဟို အမှီပြုယွေ့ တစုံတခုသောဆုဟို ငါ့ဟို တောင်းရင် တောင်းလဲ့အတိုင်း ငါ ပြုမယ်။
ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။
နင်လို့ဟ ငါ့ဟို ရွေးကောက်ကြတာ မဟုတ်၊ ငါဟ နင်လို့ဟို ရွေးကောက်သဖြင့် နင်လို့ဟ သွားယွေ့ တည်ကြည်သောအသီးဟို သီးနိန်မယ်အကျောန်းနဲ့ ငါ့နာမဟို အမှီပြုယွေ့ ခမည်းတော်မှာ တောင်းသမျှလို့ဟို ရမယ်အကျောန်း နင်လို့ဟို ငါ ခန့်ထားအယ်။
နင်လို့ဟ ငါနှိုက် တည်ယွေ့ ငါ့စကားဟ နင်လို့နှိုက် တည်ရင်၊ နင်လို့ လိုချင်သမျှဟို တောင်းကြလော့၊ နင်လို့ လိုချင်သောအရာလို့အတွက် တောင်းယွေ့ နင်လို့ဟ အဲအရာလို့ဟို ရကြလိမ့်မယ်။
“အဲနေ့နှိုက် နင်လို့ဟ ငါ့အား ပစာအရာဟိုမျှ တောင်းဆှောက်ကြလိမ့်မယ် မဟုတ်။ နင်လို့အား ငါ အမန် ဆိုအယ်၊ နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ တောင်းဆှောက်သမျှသော အရာလို့ဟို ခမည်းတော်ဟ နင်လို့အား ပေးလိမ့်မယ်။
အဲကာလနှိုက် နင်လို့ဟ ငါရဲ့နာမဟို အမှီပြုယွေ့ ဆုတောင်းကြလိမ့်မယ်၊ နင်လို့အဖို့အလိုငှာ ငါဟ ခမည်းတော်ဟို တောင်းမယ်ဟု မဆို။
အဲလိုလဲ နင်လို့အား ငါ အမန်ဆိုအယ်၊ ငါသွားရင် နင်လို့အတွက် ပိုကောင်းအယ်၊ ပစာကို့ ငါမသွားရင် မစသောသူဟ ကြွလာမှာ မဟုတ်။ အဲလိုလဲ ငါသွားရင် အေးသူဟို နင်လို့ဆေဟို ငါ စေလွှတ်မယ်။
ယေရှုဟ “ဘုရားသခင် ပေးလဲ့ ဆုကျေးဇူးနဲ့ နင့်အား သောက်ဖို့ ယေတောင်းနေသူဟ စသူဖြစ်တာဟို နင်သိရင် အေးသူဆေမှ အသက်ယေဟို တောင်းလိမ့်မယ်၊ အေးသူဟလည်း နင့်အား အေးယေဟို ပေးလိမ့်မယ်” ဟု မိန့်လေအယ်။
အဲလိုလဲ ငါပေးလဲ့ ယေဟို သောက်သူဟ နောက်တဖန် ဖယ်တော့မှ ယေငတ်ခြင်းနဲ့ ကင်းလွတ်လိမ့်မယ်။ အမန်တကယ် ငါပေးလဲ့ ယေဟ အဲသူလို့နှိုက် ထာဝရ အသက်ဆှင်ခြင်းအလိုငှာ ထွက်သောစမ်းယေ ဖြစ်လိမ့်မယ်” ဟု မိန့်လေအယ်။
ယေရှုဟ ယုဒအာဏာပိုင်လို့အား “နင်လို့အား ငါ အမန်ဆိုအယ်၊ ခမည်းတော်ပြုလဲ့ အမှုအရာများဟို မျော်ယွေ့ ပြုခြင်းမှတပါး အခြားစလိုအရာဟိုမျှ မိမိတတ်တိုင်း မပြုနိန်၊ ပစာကို့ ခမည်းတော်ပြုသမျှအတိုင်း သားတော်လည်း ပြုအယ်။
ပွဲတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်လဲ့ နောက်ဆုံးနေ့နှိုက် ယေရှုဟ ရပ်လျက် “ယေငတ်သောသူဟ ငါ့ဆေဟို လာယွေ့ သောက်လော့၊
အဲကျောန့် အခြားသော ဘာသာစကားဟို ပြန်ပြောသောသူဟ အနက်ဟိုလည်း ဖော်ပြနိန်မဲ့အကျောန်း ဆုတောင်းလော့။
အကျောန်းမှာ ငါလို့ နေယောက်လုံးဟ ဝိညာဉ်တော်အားဖြင့် ခမည်းတော်ဆေဟို ဝင်ခွင့်ရကြအယ်။
ခရစ်တော်နဲ့ တလုံးတဝတည်းဆိယွေ့ ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းဟိုလည်းကောင်း၊ ငါလို့ဟ ယုံကြည်စိတ်ချမှု အကြွင်းမဲ့ဖြင့် ဘုရားသခင်ဆေဟို တိုးဝင်ခွင့်ဟိုလည်းကောင်း ရဆိအယ်။
အေးအကျောန်းကျောန့် ခေါန်းခင်နဲ့ မြေကြီးပေါ်ဆိ မိသားစုတိုင်းရဲ့ အမယ်နာမ ခံယူရဆိရာဖြစ်သော
ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုလို့ဟို ငါတတ်စွမ်းနိန်အယ်။
နင်လို့ ပြုသမျှသောအရာလို့ဟိုလည်း စကားပြောဆိုမှု ဖြစ်စေ၊ လုပ်ဆောင်မှု ဖြစ်စေ အရာခပ်သိမ်းလို့ဟို သခင် ယေရှုရဲ့ နာမဟို ထောက်ယွေ့ ကိုယ်တော်အားဖြင့် ခမည်းတော် ဘုရားသခင်ဟို ကျေးဇူးတင်ကြလော့။
အဲလိုမို့ ငါလို့ဟ ကိုယ်တော်ဟို ငါလို့ရဲ့ သခင်အဖြစ် ဝန်ခံသောနှုတ်များဖြင့် ဂုဏ်တော်ချီးမွန်းခြင်း ယဇ်ဟို ယေရှုအားဖြင့် ဘုရားသခင်အား အစဉ်မပြတ် ပူဇော်ကြလော့။
အကျောန်းမှာ ငါလို့ရဲ့ ယဇ်ပုရောဟိတ်မင်းဟ ငါလို့ရဲ့ အားနည်းချက်များအတွက် မကြင်နာနိန်သူ မဟုတ်။ ငါလို့တိုင်းတိုင်း စုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးဟို ခံခဲ့ရသူ ဖြစ်အယ်၊ အားပေမဲ့ အပစ်နဲ့ ကင်းလွတ်အယ်။
အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။
နင်လို့ထဲတွင် ဉာဏ်ပညာ လိုအပ်သောသူဆိရင် ကဲ့ရဲ့ပစ်တင်ခြင်းဟို မပြုဘဲ ခပ်သိမ်းသောသူလို့အား ရက်ရောစွာ ပေးသော ဘုရားသခင်ဆေ တောင်းဆှောက်စေ၊ အဲလိုတောင်းရင် ရလိမ့်မယ်။
အဲလိုမို့ နင်လို့ဟ ကျန်းမာစေခြင်းဟို ခံရမဲ့အကျောန်း တဦးနဲ့ တဦး မိမိရဲ့ အပစ်များဟို ဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူရဲ့ စိတ်အားထက်သန်လဲ့ ဆုတောင်းချက်ဟ ရမ်းဆာ့ တန်ခိုးပါယွေ့ ထိရောက်မှု ဆိအယ်။
နင်လို့တတ်တိုင်းလည်း အသက်ဆှင်သော ကျောက်လိုမျိုး ဝိညာဉ်ရေးဆိုင်ရာ အိုင်အဖြစ် တည်ဆောက်ခြင်းဟို ခံကြလော့။ ဟေဟာဟ နင်လို့သည် သန့်ဆှင်းသော ယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင် နှစ်သက်လက်ခံသော ဝိညာဉ်ရေးဆိုင်ရာ ယဇ်များဟို ယေရှု ခရစ်တော်အားဖြင့် ပူဇော်နိန်ရန် ဖြစ်အယ်။
တောင်းဆော့က်သမျှလို့ဟို ဘုရားသခင်ဆေမှ ရဆိကြအယ်။ ပစာကို့ ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ဆှောက်ယွေ့ ဆေ့တော်နှိုက် နှစ်သက်သောအရာများဟို ပြုကြသောကျောန့် ဖြစ်အယ်။
ဘုရားသခင်နှိုက် ငါလို့ ထားဆိသော ယုံကြည်စိတ်ချမှုမှာ ငါလို့ဟ အလိုတော်နဲ့အညီ တစုံတခုဟို တောင်းဆော့က်ရင် ဘုရားသခင်ဟ နားညောင်းအယ် ဟူယွေ့ ဖြစ်အယ်။