35 နင်လို့ဟ အချင်းချင်း ချစ်ကြရင် လူအပေါင်းလို့ဟ အဲမေတ္တာဟို ထောက်ယွေ့ နင်လို့ဟ ငါရဲ့ တဘဲ့များ ဖြစ်ကျောန်းဟို သိကြလိမ့်မယ်” ဟု မိန့်လေအယ်။
အဲသူအပေါင်းလို့ဟ တလုံးတဝတည်း ဖြစ်ကြစေရန် ဆုတောင်းပါအယ်။ အိုအဖ၊ ကိုယ်တော်ဟ ငါနှိုက် တည်ဆိယွေ့ ငါဟလည်း ကိုယ်တော်နှိုက် တည်ဆိသလို အဲသူလို့ဟ ငါလို့နှိုက် တည်ဆိစေမန့်။ ငါ့ဟို ကိုယ်တော်စေလွှတ်ကျောန်းဟို လောကသားလို့ ယုံကြည်ကြစေရန် အဲသူလို့ဟို တလုံးတဝတည်း ဖြစ်စေပါ။
မိမိညီအကို မောင်နှမဟို ချစ်သောသူဟ အလင်းတွင် ကျင်လည်သောသူ ဖြစ်အယ်။ သူဟ စလိုမျှ သူတပါးလို့အား အပစ်ကျူးလွန်စေလိမ့်မယ် မဟုတ်။
အားပေမဲ့ စသူမဆို ဘုရားသခင်ရဲ့ စကားဟို လိုက်နာစောင့်ထိန်းရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် အမန်ပြေ့စုံအယ်။ ဟေလိုဖြင့် ငါလို့ဟ ဘုရားသခင်နှိုက် ဆိတာဟို သိကြအယ်။
အဲလိုမို့ ဂုဏ်အသရေဆိ အမျိုးသမီး၊ ပညတ်တော် အသစ်မဟုတ်ဘဲ အစဦးဟပင် ငါလို့နှိုက် ဆိသော ပညတ်တော်ဟို နင့်ဆေ ရေးသားလျက် ငါလို့ အချင်းချင်း ချစ်ကြစို့ဟု အခု နင့်အား ငါ တောင်းပန်အယ်။