46 ငါ့ဟို ယုံကြည်သောသူလို့ဟ မိုက်နှိုက် မနေစေရန် ငါဟ အလင်းအဖြစ် ဟေလောကသို့ ကြွလာပီ။
မိုက်ထဲမှာ နေထိန်ကြသော သူလို့ဟ တောက်ပသော အလင်းရောင်ဟို မျော်ရလေပီ။ သေမင်းအရိပ်တွင် နေထိန်ကြသူလို့ရဲ့ အပေါ် အလင်းရောင် သက်ရောက်လိမ့်မယ်” ဟု ဟောခဲ့အယ်။
လူမျိုးခြားလို့အား ကိုယ်တော်ရဲ့ အလိုတော်ဟို ဖော်ပြသော အလင်းဖြစ်စေရန်နဲ့ ကိုယ်တော်ရဲ့ လူမျိုးဖြစ်သော ဣသရေလဟ ဘုန်းတော်ထွန်းလင်း လာစေရန် ဖြစ်အယ်” ဟု ကျေးဇူးတော်ဟို ချီးမွန်းအယ်။
အဲအလင်းဟ လောကဟို ကြွလာယွေ့ လူသားအပေါင်းလို့ပေါ်တွင် တောက်ပလဲ့ — စစ်မန်သော အလင်း ဖြစ်အယ်။
အပစ်စီရင်ခြင်းရဲ့ အကျောန်းအရာဟ ဟေလို ဖြစ်အယ်၊ အလင်းဟ ဟေလောကသို့ ရောက်ဆိလာအယ်၊ အဲလိုလဲ လူလို့ဟ ဆိုးယုတ်သောသူများဖြစ်သောကျောန့် အလင်းထက် မိုက်ဟို ပိုပင်း ချစ်ကြအယ်။
တခါ ယေရှုဟ ဖာရိရှဲလို့အား “ငါဟ လောကရဲ့ အလင်းဖြစ်အယ်၊ ငါ့နောက်ဟို လိုက်သောသူဟ အသက်ရဲ့ အလင်းဟို ရယွေ့ ဖယ်ခါမှ မိုက်တွင် သွားလာရလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။
ယေရှုဟ “မျက်စေ့ကန်းသောသူဟို မျော်စေရန်နဲ့ မျက်စေ့မျော်သောသူဟို မျက်စေ့ကန်းစေခြင်းငှာ ငါဟ တရားစီရင်ရန် ဟေလောကဟို ကြွလာခြင်းဖြစ်အယ်” ဟု မိန့်လေအယ်။
ငါဟ ဟေလောကနှိုက် ဆိနေစဉ် ဟေလောကရဲ့ အလင်း ဖြစ်အယ်” ဟု မိန့်အယ်။
နင်ဟ သူလို့ရဲ့ မျက်စေ့ဟို ဖွင့်ပေးယွေ့ သူလို့အား မိုက်မှ အလင်းသို့လည်းကောင်း၊ စာတန်ရဲ့ အာဏာထဲမှ ဘုရားသခင်ဆေဟို ပြောင်းလဲစေသဖြင့်၊ သူလို့ဟ ငါ့ဟို ယုံကြည်ခြင်းအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရကာ ဘုရားသခင် ရွေးကောက်သော လူစုတွင် ပါဝင်ရလိမ့်မယ်’ ဟု မိန့်အယ်။
အကျောန်းမှာ ထင်ဆှားသော ပစာအရာမဆို ဆှင်းလင်းယွေ့ အလင်း ဖြစ်လာလိမ့်မယ်။ အဲလိုမို့ “အိပ်မွေနေသောသူ၊ ထလော့ အားပင်း သေခြင်းမှ ထမြောက်လော့၊ အားပင်း ခရစ်တော်ဟ နင့်အပေါ်နှိုက် ထွန်းလင်းလိမ့်မယ်” ဟု ဆိုအယ်။