35 အဲကျောန့် ယေရှုဟလည်း “အလင်းဟ နင်လို့တွင် ခဏသာ ဆိလိမ့်အယ်။ နင်လို့အား မိုက် မလွှမ်းမိုးစေရန် အလင်းဆိစဉ်အခါ သွားလာကြလော့၊ မိုက်နှိုက် သွားလာသောသူဟ မိမိဖယ်နားသွားတာဟို မသိ။
သူလို့ဟ “နာဇရက်မြို့သား ယေရှု ဖြတ်သွားစာရီး” ဟု ပြောကြအယ်။
ညအချိန်နှိုက် သွားလာသောသူဟ အလင်းရောင်ဟို မရသောကျောန့် ခလုတ်တိုက်ယွေ့ လဲတတ်အယ်” ဟု မိန့်လေအယ်။
ယေရှုဟ “တနေ့တွင် တဆယ့်နေနာရီ ဆိအယ် မဟုတ်လော။ နေ့အချိန်နှိုက် သွားလာသောသူဟ နေရဲ့ အလင်းရောင်ဟို မျော်သောကျောန့် ခလုတ်မတိုက်ဘဲ ကောင်းစွာ သွားလာနိန်အယ်။
နင်လို့ဟ အလင်းရဲ့လူပဲ့သငယ်များဖြစ်စေရန် နင်လို့နှိုက် အလင်းဆိစဉ်အခါ အလင်းဟို ယုံကြည်ကြလော့” ဟု မိန့်လေအယ်။ အေးလိုမိန့်ပင်းမှ ယေရှုဟ ထွက်ကြွယွေ့ အေးသူလို့ဟို တိမ်းဆှောင်လျက် နေလေအယ်။
ငါ့ဟို ယုံကြည်သောသူလို့ဟ မိုက်နှိုက် မနေစေရန် ငါဟ အလင်းအဖြစ် ဟေလောကသို့ ကြွလာပီ။
“အချိန်ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို မမျော်ရကြတော့မှာ မဟုတ်၊ အဲပင်းရင် ခဏကြာပင်းမှ ငါ့ဟို မျော်ပြန်ကြလိမ့်မယ်” ဟု မိန့်အယ်။
ယေရှုဟ လူလို့အား “ငါဟ နင်လို့နဲ့အတူ ခဏတာနေပင်းရင် ငါ့ဟို စေလွှတ်သောသူဆေဟို ငါ သွားရမယ်။
တခါ ယေရှုဟ ဖာရိရှဲလို့အား “ငါဟ လောကရဲ့ အလင်းဖြစ်အယ်၊ ငါ့နောက်ဟို လိုက်သောသူဟ အသက်ရဲ့ အလင်းဟို ရယွေ့ ဖယ်ခါမှ မိုက်တွင် သွားလာရလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။
အဲသူလို့ရဲ့ စိတ်နေလုံးဟ မာကျောလျက် ဆိယွေ့၊ အခုနေ့တိုင်အောန် ပဋိညာဉ်ဟောင်းဟို ဖယ်ဆှားခြင်း မခံရဘဲ ဆိနေသေးအယ်။ ပစာကို့ ခရစ်တော်အားဖြင့်သာ အဲဖုံးအုပ်ခြင်းအရာဟို ဖယ်ဆှားနိန်အယ်။
အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။
နင်ဟ မိုက်နှိုက် ဆိဖူးသော်လည်း နင်ဟ သခင်ဘုရားရဲ့ လူဖြစ်သောကျောန့် နင်ဟ အလင်းနှိုက် ဆိအယ်။ အေးကျောန့် နင်လို့ဟ အလင်းဟို ပိုင်ဆိုင်သော သူများလိုမျိုး နေထိန်ကြလော့။