29 အေးနေရာတွင် ရပ်လျက်နေကြသော လူအုပ်ကြီးဟ အဲအသံဟို ကြားယွေ့ အချို့ဟ မိုးချုန်းတာဟု ဆိုကြအယ်၊ အချို့ဟလည်း “ကိုယ်တော်အား ခေါန်းခင်တမန် စကားပြောတာ” ဟု ဆိုကြအယ်။
ရှောလုနဲ့အတူ ခရီးသွားလျက်နေကြသော သူလို့ဟ အသံဟို ကြားရသော်လည်း လူတစုံတယောက်ဟိုမျှ မမျော်ရကြသဖြင့် ကြက်သေသေလျက် ရပ်နေကြအယ်။
အဲပင်းရင် ခေါန်းခင်နှိုက်ဆိသော ဘုရားသခင်ရဲ့ ဗိမာန်တော်ဟ ပွင့်ယွေ့ အဲဗိမာန်တော်ထဲတွင် ကိုယ်တော်ရဲ့ ပဋိညာဉ်သေတ္တာဟို မျော်အယ်။ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနဲ့ ကြီးမားသော မိုးသီးကျခြင်းလို့လည်း ဖြစ်လေအယ်။
အဲပင်းရင် သမုဒ္ဒရာယေသံ၊ ကျယ်လောင်သော မိုးကြိုးသံလိုမျိုး ခေါန်းခင်ဟ အသံဟို ငါကြားအယ်။ အဲလို ငါကြားလဲ့ အသံဟ စောင်းသမားများ စောင်းတီးသော အသံလိုမျိုး ဖြစ်အယ်။
အဲပင်းရင် သိုးသငယ်ဟ တံဆိပ် ခုနေခုထဲမှ တခုဟို ဖွင့်သောအခါ ငါကျေ့ရင် သတ္တဝါလေးပါးလို့ထဲမှ တပါးဟ မိုးချုန်းသံလို အသံဖြင့် “လာလော့” ဟု ဆိုတာဟို ငါ ကြားရအယ်။
အဲပင်းရင် ခေါန်းခင်တမန်ဟ နံ့သာပူဇော်ရာ မုတ်ဟို ယူယွေ့ ၎င်းဟို ယဇ်ပလ္လင်ရဲ့ မီးနဲ့ ပြေ့စေပင်းရင် မြေကြီးပေါ်ဟို လောချလိုက်ရာ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်းနဲ့ ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လာအယ်။