28 အို ခမည်းတော်၊ ကိုယ်တော်ရဲ့ နာမတော်အား ဘုန်း ထင်ဆှားစေမန့်” ဟု မြွတ်ဆိုအယ်။ အဲအခါ ခေါန်းခင်မှ အသံတော်မှာ “ငါဟ ဘုန်း ထင်ဆှားစေပီ၊ နောက်တဖန်လည်း ထင်ဆှားစေအုံးမယ်” ဟု ပေါ်ထွက်လာအယ်။
အဲအချိန်တွင် ယေရှုဟ “ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်သခင်ဖြစ်သော အဖ၊ ကိုယ်တော်ဟ အသိပညာဆှင်များအား သိခွင့်မပေးဘဲထားလဲ့အရာများဟို ပညာမဲ့သူလို့အား ဖွင့်ပြသဖြင့် ကျေးဇူးတော်ဟို ချီးမွန်းအယ်။
မန်ပါအယ် အဖ၊ အကျောန်းမှာ ဆေ့တော်နှိုက် နှစ်သက်သောအရာ ဖြစ်အယ်။
အေးလို့ ပေတရု ဆှောက်ထားစဉ်ပင် တောက်ပသော မိုးသားတုန်းဟ သူလို့ အပေါ်ဟို ကျလာအယ်။ မိုးသားတုန်းထဲမှ အသံတော်ဟ “ဟေသူဟ ငါနှစ်သက်မြတ်နိုးရာ ငါရဲ့ ချစ်သားပေတည်း — သူရဲ့ စကားဟို နားထောင်ကြလော့” ဟု မိန့်အယ်။
အေးနောက် ကိုယ်တော်ဟ ဒုတိယအကြိမ် ကြွသွားပြန်ယွေ့ “ငါရဲ့အဖ၊ ဟေဝေဒနာမုတ်ဟို ငါမသောက်ဘဲ လွဲသွားရန် မဖြစ်ပါဟ ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ဖြစ်စေပါ” ဟု ဆုတောင်းအယ်။
အေးနောက် “ဟေသူဟ ငါ နှစ်သက်မြတ်နိုးရာ၊ ငါရဲ့ ချစ်သား ဖြစ်အယ်” ဟု ခေါန်းခင်မှ အသံတော် ပေါ်ထွက်လာအယ်။
မိုးခေါန်းခင် ပေါ်မှ လာသော အသံဟ “နင်ဟ ငါပိုင်တဲ့ ငါရဲ့ ချစ်သား ဖြစ်အယ်။ ငါ နှစ်သက်မြတ်နိုးသောသူ ဖြစ်အယ်။”
ကိုယ်တော် ဆုတောင်းတာဟ “အဖ၊” “ငါ့ အဖ၊ ကိုယ်တော်အတွက် အရာခပ်သိမ်းဟ တတ်နိန်ပါအယ်။ ဟေဒုက္ခဝေဒနာခွက်ဟို ငါ့ဆေမှ လွှဲဖယ်ပေးပါ။ အဲလိုလဲ ငါရဲ့ အလိုအတိုင်း မဟုတ်ဘဲ၊ ကိုယ်တော်ရဲ့ အလိုအတိုင်း ဖြစ်စေမူမန့်” ဟု ဆှောက်အယ်။
အဲပင်းရင် မိုးချေးသားတခုဟ ပေါ်လာယွေ့ သူလို့ဟို မိုးတိမ်ရိပ်နဲ့အတူ အုပ်ကာ “ဟေသူဟာ ငါ့ချစ်သား ဖြစ်အယ်၊ သူရဲ့ စကားဟို နားထောင်လော့” ဟု မိုးချေးသားဟ အသံထွက်ပေါ်လာအယ်။
သန့်ဆှင်းသော ဝိညာဉ်တော်ဟ ချိုးတူးမပုံစံဖြင့် ယေရှု အပေါ်ဟို ဆင်းသက်အယ်။ မိုးခေါန်းခင်မှ “နင်ဟ ငါရဲ့ ချစ်သား ဖြစ်အယ်၊ နင်ဟ ငါနှစ်သက် မြတ်နိုးရာ ဖြစ်အယ်” ဟု အသံပေါ်ထွက်လာအယ်။
မိုးချေးသားထဲဟ “အေးသူဟ ငါရွေးချယ်ထားလဲ့ ငါ့ရဲ့ သား ဖြစ်အယ် သူ့စကားဟို နားထောင်ကြလော့” လို့ အသံထွက်ပေါ်လာအယ်။
ယေရှုဟ ဟေစကားဟို ကြားရင်၊ “ဟေအနာဟ သေနာ မဟုတ်၊ ဘုရားသခင်ရဲ့ ဘုန်းဟို ထင်ဆှားစေသော အနာဖြစ်အယ်၊ အေးအနာကျောန့် ဘုရားသခင်ရဲ့ သားတော်ဟလည်း ဘုန်းထင်ဆှားခြင်း ဆိလိမ့်မယ်” ဟု မိန့်လေအယ်။
ယေရှုဟ “နင့်ရဲ့ ထားဟို ထားအိုင်နှိုက် ပြန်သွင်းလော့။ ခမည်းတော် ငါ့အား ခံစေလဲ့ ဒုက္ခဝေဒနာဟို ငါ မခံသင့်သလော” ဟု ပေတရုအား မိန့်အယ်။
ယေရှုဟ “သူ့ အပစ်ကျောန့် မဟုတ်၊ မိဘ အပစ်ကျောန့်လည်း မဟုတ်။ သူမျက်စေ့မမျော်ရခြင်းမှာ ဘုရားသခင်ရဲ့ တန်ခိုးတော် သူနှိုက် ထင်ဆှားစေရန် ဖြစ်အယ်။
အဲလိုမို့ ခရစ်တော် ယေရှုနှိုက် ငါလို့အား မေတ္တာပြရာနှိုက် ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ သာမန်ထက်လွန်ကဲတာဟို နောင်ကာလအစဉ်အဆက် လူလို့ သိမျော်နိန်ကြစေရန်ပင် ဖြစ်အယ်။
အဲလို့မို့ အထက်ခေါန်းခင်အရပ်နှိုက်ဆိသော ခေါန်းခင်တမန် အုပ်စိုးဆှင်များနဲ့ တန်ခိုးအာဏာများဟို အခုအချိန်နှိုက် အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ အထူးထူးအပြားပြားသော ဉာဏ်ပညာကို သိလာကြစေရန် ဖြစ်အယ်။
ဘုရားသခင်ဟ အသင်းတော်နှိုက် လည်းကောင်း၊ ခရစ်တော် ယေရှုနှိုက် လည်းကောင်း အမြဲတမ်း ဘုန်းကြီးစေသတည်း၊ အာမင်။
အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဆေမှ ဂုဏ်တော်နဲ့ ဘုန်းတော်ဟို ကိုယ်တော်ခံယူစဉ် ကြီးမြတ်သော ဘုန်းအသရေထဲမှ “ဟေသူဟ ငါချစ်သော ငါ့သား ဖြစ်အယ်။ သူ့ဟို ငါ နှစ်သက်အယ်” ဟူသော အသံတော်ဟ ကိုယ်တော်ဆေဟို ရောက်ဆိလာအယ်။