Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 11:47 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

47 အေးအခါ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ဟ ယုဒတရားလွှတ်တော်နှိုက် စည်းဝေးစေပင်းရင် “ငါလို့ဟ စလို ပြုလျက်နေကြတုန်း၊ အေးသူဟ အံ့ဩဖွယ်သော နိမိတ်လက္ခဏာဟို ပြလျက်နေအယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 11:47
17 ပူးပေါင်းရင်းမြစ်များ  

အေးအချိန်နှိုက်ပင် ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူလို့ဟ ကယာဖ နာမယ်ဆိသော ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်ဝင်းအထဲမှာ စုရုံးလျက် နေကြပင်း၊


အဲလိုလဲ နင်လို့အား ငါပြောတာဟ တစုံတယောက်သည် မိမိရဲ့ ညီအကိုအား အူထော့သော သူဟ ရုံးတင်စစ်ဆေး ရမယ်။ နောက်တခါ တစုံတယောက်ဟ မိမိရဲ့ ညီအကိုအား ‘အလကားလူ’ ဟု ပြောသောသူဟ တရားရုံးတွင် စစ်ဆေးခြင်း ခံထိုက်အယ်။ အားပင်း တစုံတယောက်ဟ ‘လူမိုက်’ ဟု ပြောသောသူဟ ငရဲမီးအိန်ထဲဟို သွားဖို့ ထိုက်တန်အယ်။


ပသခါပွဲနဲ့ တဆေးမဲ့မုန့်ပွဲတော် ကျရောက်ရန် နေရက်လောက် လိုတော့အယ်။ ယဇ်ပုရောဟိတ်မင်းများနဲ့ ကျမ်းတတ်ဆရာများဟ ယေရှုဟို တိတ်တဆိတ် ဖမ်းဆီးယွေ့ သတ်ရန် နည်းလမ်းများဟို ဆှာဖွေလျက်နေကြအယ်။


ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ လူလို့ဟို ကြောက်သောကျောန့် ယေရှုဟို လျှို့ဝှက်စွာ သတ်ရန် နည်းလမ်းဆာလျက်နေအယ်။


ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ဟ စသူမဆို ယေရှုဆိရာအရပ်ဟို သိရင် သူ့ဟို ဖမ်းဆီးနိန်ရန် အကျောန်းကြားရမယ်ဟု အမိန့်ထုတ်ပြန်ထားပင်း ဖြစ်အယ်။


ဖာရိရှဲလို့ဟ “ငါလို့မှာ လုံးဝအောန်မြင်မှု မဆိ။ ကျေ့မန့်၊ ဟေလောကတခုလုံးပင် အဲသူနောက်ဟို လိုက်သွားကြပီ” ဟု အချင်းချင်း ပြောဆိုကြအယ်။


ယေရှုဟ ဟေဦးရင်ဆုံးသော နိမိတ်လက္ခဏာဟို ဂါလိလဲပြေ ကာနမြို့တွင် ပြုလျက် ကိုယ်တော်ဟ မိမိရဲ့ ဘုန်းအသရေဟို ထင်ဆှားစေအယ်၊ သူ့ရဲ့ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို ယုံကြည်ကြအယ်။


လူနာများအား ရောဂါပျောက်ကင်းစေလဲ့ နိမိတ်လက္ခဏာဟို တွေ့မျော်ခဲ့ကြသောကျောန့် လူအုပ်ကြီးဟ နောက်တော်ဟို လိုက်ကြအယ်။


လူအုပ်လို့ဟ ကိုယ်တော်ရဲ့အကျောန်း အဲလို တီးတိုးပြောဆိုနေတာဟို ဖာရိရှဲလို့ ကြားကြအယ်၊ အဲလိုမို့ သူလို့နဲ့ ယဇ်ပုရောဟိတ်ကြီးလို့ဟ ကိုယ်တော်ဟို ဖမ်းဆီးရန် အစောင့်တပ်သားလို့ဟို စေလွှတ်လိုက်ကြအယ်။


အစောင့်တပ်သားလို့ဟ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲများဆေသို့ ပြန်လာကြသောအခါ သူလို့ဟ “ပစာကျောန့် သူ့ဟို နင်လို့ မခေါ်ဆောင်လာကြတုန်း” ဟု မေးကြအယ်။


တမန်တော်လို့ဟ နာခံယွေ့ အရုဏ်တက်ချိန်တွင် ဗိမာန်တော်ထဲဟို ဝင်ယွေ့ စတင် သွန်သင်အယ်။ ယဇ်ပုရောဟိတ်မင်းနဲ့ သူရဲ့ အပေါင်းအဖော်လို့ဟ တရားလွှတ်တော် အစည်းအဝေးဟို ပြုလုပ်ရန် ဣသရေလလူလို့တွင် အသက်ကြီးသူအပေါင်းလို့ဟို တရားရုံးတွင် စုဝေးစေအယ်။ အဲပင်းရင် တမန်တော်လို့ဟို ခေါ်ဆောင်ခဲ့ရန် အမိန့်ပေးယွေ့ အစောင့်တပ်သားများဟို အကျဉ်းထောင်ဟို စေလွှတ်ကြအယ်။


အဲစကားဟိုကြားသောအခါ ဗိမာန်တော် အစောင့်တပ်မှူးနဲ့ ယဇ်ပုရောဟိတ်ကြီးလို့ဟ ဟေအမှုဟ စလို ဖြစ်လိမ့်မလုန်းဟု တမန်တော်လို့နဲ့ ပတ်သက်ယွေ့ တွေးတောကြအယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ