45 အဲလို့မို့ မာရိဆေဟို လာသော ရမ်းဆာ့သော ယုဒလူလို့ဟ ယေရှု ပြုသောအမှုဟို မျော်ရင်၊ ကိုယ်တော်ဟို ယုံကြည်ကြအယ်။
လူများလို့ဟ ကိုယ်တော်ဆေဟို ရောက်လာကြအယ်။ သူလို့ဟလည်း “ယောဟန်ဟ ပစာနိမိတ်လက္ခဏာဟိုမျှ မပြ၊ အဲလိုလဲ ဟေလူအကျောန်းဟို ယောဟန် ပြောသမျှ မန်အယ်” ဟု ဆိုကြအယ်။
ရမ်းဆာ့သောယုဒလူဟလည်း မာရိနဲ့ မာသလို့ရဲ့ မောင်ငယ် သေဆုံးသောကျောန့် သူလို့ဟို နှစ်သိမ့်ရန် လာရောက်ကြအယ်။
မာရိအား နှစ်သိမ့်စကားပြောရန် နေအိုင်တွင် ဆိနေသော ယုဒလူလို့ဟ မာရိ ခပ်သုတ်သုတ်ထယွေ့ ထွက်သွားတာဟို မျော်ကြရင် ငိုကဖို့ လုတ်တိုင်းဟို သွားတာ ဟု ထင်ကြအယ်။ အေးကျောန့် သူလို့ဟ မာရိရဲ့ နောက်ဟို လိုက်ကြအယ်။
စလိုပင်ဖြစ်စေ အာဏာပိုင် အမြောက်အမြားပင် ယေရှုဟို ယုံကြည်လာကြအယ်၊ အဲလိုလဲ ဖာရိရှဲလို့ကျောန့် တရားဇရပ်မှ မောင်းထုတ်ခံရမယ်ဟို စိုးရိမ်ယွေ့ မိမိလို့ ယုံကြည်ကျောန်းဟို ထင်ဆှားစွာ ဝန်မခံကြ။
ပသခါပွဲအတွင်း ယေရုရှလင်မြို့နှိုက် ယေရှုဆိစဉ် ရမ်းဆာ့သောလူလို့ဟ ကိုယ်တော်ပြုသော နိမိတ်လက္ခဏာများဟို မျော်ရကြသဖြင့် ကိုယ်တော်ဟို ယုံကြည်လာကြအယ်။
အဲလိုလဲ လူအုပ်ထဲမှ လူအများပင် ကိုယ်တော်ဟို ယုံကြည်လာကြပင်း “မေဆှိယ ကြွလာသောအခါ အေးသူပြုတာထက် ပိုယွေ့ များသော နိမိတ်လက္ခဏာလို့ဟို ပြုမယ်လော” ဟု ဆိုကြအယ်။