43 အဲသို့မိန့်ပင်းနောက် ကျယ်လောင်သော အသံဖြင့် “လာဇရု၊ ထွက်လာလော့” ဟု ခေါ်လေအယ်။
အဲအခါ သူလို့ဟ ရမ်းဆာ့ ကြောက်လန့်ကြအယ်။ “ဟေသူရာ့ စသူရီးလုန်း။ လေနဲ့ လှိုင်းများပင်လျှင် သူ့အမိန့်ဟို နားထောင်ကြအယ်” ဟု သူလို့ချင်း ပြောဆိုကြအယ်။
ကိုယ်တော်ဟ ငါရဲ့ ဆုတောင်းသံဟို အမြဲနားထောင်ကျောန်း ငါသိအယ်၊ အဲလိုလဲ ဟေလို့ တောင်းဆှောက်ခြင်းဟ ဝန်းရံလျက်ဆိသော လူလို့ရဲ့အကျိုးအတွက်ဖြစ်ပင်း ငါ့ဟို ကိုယ်တော်စေလွှတ်ကျောန်း သူလို့ ယုံကြည်စေရန်အတွက် ဖြစ်အယ်” ဟု ဆိုအယ်။
အေးအခါ သေလွန်သောသူဟ မိမိခြေလက်နှိုက် အဝတ်ဖြင့် ပတ်လျက်၊ မျက်နှာဟိုလည်း ပဝါနဲ့ စည်းလျက် ထွက်လာအယ်။ ယေရှုဟလည်း “သူ့အား ပတ်ထားလဲ့ အဝတ်လို့ဟို ဖြေပေးပင်း သွားခွင့်ပေးလော့” ဟု မိန့်အယ်။
ပသခါပွဲခံချိန် ခြောက်ရက်လိုသောအခါ သေလွန်ပင်းမှ ပြန်ယွေ့ အသက်ပြန်ဆှင်ခဲ့သူ လာဇရု နေထိန်ရာဖြစ်သော ဗေသနိရွာဟို ယေရှုရောက်လာအယ်။
ဗေသနိရွာနှိုက် ယေရှု ရောက်ဆိနေကျောန်း ကြားသောအခါ ယုဒလူအများလို့ဟ အဲနေရာဟို လာရောက်ကြအယ်၊ သူလို့ဟ ကိုယ်တော်ကျောန့်သာ လာကြတာ မဟုတ်၊ ကိုယ်တော် အသက်ပြန်ဆှင်စေခဲ့သောသူ လာဇရုဟို မျော်လိုသောကျောန့် ဖြစ်အယ်။
ပေတရုဟ လူများဟို မျော်သောအခါ သူဟ အဲသူလို့အား “ဣသရေလ အမျိုးသားလို့၊ ပစာကို့ အေးအရာဟို နင်လို့ အံ့ဩကြလုန်း၊ ပစာကျောန့် ငါလို့ဟို ကျေ့လုန်း၊ ငါလို့ရဲ့ တန်ခိုး အဲဟာမဟုတ်ရင် ငါလို့ရဲ့ ကိုယ်ကျင့်သီလအားဖြင့် ဟေသူဟို လမ်းဆှောက်စေနိန်တာလို့ ထင်မှတ်ကြသလော။
အဲလိုလဲ ပေတရုဟ သူ့အား “ငါ့မှာ ဆွေ အဲဟာမဟုတ်ရင် ပိတ်ဆန် မဆိ၊ အဲလိုလဲ ဆိလဲ့အရာဟို နင်အား ငါ ပေးမယ်၊ နာဇရက်မြို့သား ယေရှု ခရစ်တော်ရဲ့ နာမတော်အားဖြင့် ထယွေ့ လှမ်းသွားလော့” ဟု ဆိုအယ်။
ပေတရုဟ သူ့အား “အဲနေ၊ ယေရှု ခရစ်ဟ နင့်ဟို ကျန်းမာစေပီ။ ထယွေ့ အိပ်ယာဟို သိမ်းလော့” ဟု ဆိုအယ်။ အဲသူဟ ခုတင်ချင်း ထအယ်။
ပေတရုဟ အဲသူအပေါင်းလို့ဟို အပြင်သို့ ထွက်စေပင်း ဒူးထောက်ယွေ့ ဆုတောင်းလေအယ်။ အဲပင်းရင် ရုပ်အလောင်းဖက်ဟို လှည့်ယွေ့ “တဗိသ၊ ထလော့” ဟု ဆိုအယ်။ သူဟ မျက်စေ့ဟို ဖွင့်ယွေ့ ပေတရုဟို မျော်သောအခါ ထယွေ့ ထိန်လေအယ်။