24 မာသဟ “နောက်ဆုံးသောနေ့နှိုက် သေသောသူလို့ ဆှင်ပြန်ထမြောက်သောကာလတွင် သူဟ အသက်ပြန်ယွေ့ ဆှင်မည်ဟို ကျွန်မသိအယ်” ဟု ဖြေအယ်။
အေးလို့လုပ်ရင် နင့်ဖို့ မင်္ဂလာဆိလိမ့်မယ်၊ ပစာကို့ သူလို့အနေနဲ့ နင့်အား ပစာမှ ပြန်မပေးဆပ်နိန်သောကျောန့် ဖြစ်အယ်။ သူတော်ကောင်းလို့ သေခြင်းမှ ထမြောက်သောနေ့နှိုက် ဘုရားသခင်ဟ နင့်အား ကျေးဇူးဆပ်ပေးလိမ့်မယ်” ဟု ပြောအယ်။
ယေရှုဟလည်း “နင်ရဲ့မောင်ငယ် အသက်ပြန်ယွေ့ ဆှင်လိမ့်မယ်” ဟု သူမအား မိန့်အယ်။
ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်မှာ ကိုယ်တော်ပေးထားသော သူအပေါင်းလို့တွင် တစုံတယောက်မျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်ရန် ဖြစ်အယ်။
သားတော်ဟို ဖူးမျော်ယွေ့ ယုံကြည်လာသူအပေါင်းလို့ဟ ထာဝရအသက်ဟို ရစေရန် ငါ့ခမည်းတော် အလိုတော် ဆိအယ်၊ ငါဟလည်း သူလို့အား နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်” ဟု မိန့်လေအယ်။
သူလို့တတ်တိုင်းလည်း မျော်လင့်သလိုမျိုး ဖြောင့်မတ်သောသူများ ဖြစ်စေ၊ မဖြောင့်မတ်သောသူများ ဖြစ်စေ နောင်တွင် ဆှင်ပြန်ထမြောက်ကြလိမ့်မယ်လို့ ဘုရားသခင်ဟို အမှီပြုယွေ့ မျှော်လင့်နေအယ်။
မိန်းမလို့ဟ ယုံကြည်ခြင်းအားဖြင့် သေသောသူလို့ထဲမှ ဆှင်ပြန်ထမြောက်စေခြင်း ခံရလဲ့ မိမိလို့နဲ့ဆိုင်သော သူလို့ဟို ပြန်လည်ရဆိကြအယ်။ လူအချို့လို့ဟလည်း သာယွေ့ မြတ်သော ဆှင်ပြန်ထမြောက်ခြင်းဟို ရဆိရန် လွတ်မြောက်ခြင်းဟို မခံယူဘဲ ပြင်းထန်သော နှိပ်စက်ခြင်းဟို ခံယူကြအယ်။