21 အဲလိုလဲ အခြားသောသူလို့ဟလည်း “နတ်ဆိုးစွဲသောသူဟ ဟေလိုစကားဟို မပြောနိန်ဝူး၊ နတ်ဆိုးစွဲသောသူဟ မျက်စေ့ကန်းသောသူလို့ဟို မျော်စေဖို့ တတ်နိန်သလော” ဟု ဆိုကြအယ်။
မျက်စေ့ကန်းသူလို့ဟ မျက်စေ့မျော် ရကြအယ်။ ခြေမသန်သောသူလို့ဟ လမ်းဆှောက်နိန်ကြအယ်။ အရေပြားရောဂါစွဲသူလို့ဟ သန့်စင်သွားကြအယ်။ နားပင်းသူလို့ဟ ကြားရကြအယ်။ သေသူလို့ဟ အသက်ပြန်ဆှင်ခြင်းဟို ခံရကြပင်း ဆင်းရဲသူလို့ဟ သတင်းကောင်းဟို ကြားရကြအယ်။
ယေရှုရဲ့ သတင်းဟ ရှုရိပြေ တဆှောက်လုံးတွင် ပျံ့သွားပင်း၊ လူလို့တွင် နတ်ဆိုးဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လေဖြတ်သောသူ၊ မကျန်းမာသောသူမှ စယွေ့ အမျိုးမျိုးသော အနာရောဂါစွဲကပ်သူ ဝေဒနာဆှင်များဟို အထံတော်သို့ ခေါ်ခဲ့ကြပင်း ယေရှုဟ အဲလူအပေါင်းလို့ဟို ရောဂါပျောက်ကင်း စေအယ်။
အဲအချိန်နှိုက် ယေရုရှလင်မြို့တွင် ဗိမာန်တော်နှိုက် ဆက်ကပ်လဲ့ ပွဲတော်ကျရောက်လျက်ဆိအယ်။ အေးအခါဟ ဆောင်းရာသီဖြစ်အယ်၊
ဟေလို မိန့်ပင်းနောက် ယေရှုဟ မြေပေါ်ဟို ဆံထွေးနဲ့ ထွေးယွေ့ ရွံ့လုပ်ပင်း ကန်းနေသောသူရဲ့ မျက်စေ့ဟို ရွံ့နဲ့ လူးယွေ့