14 ဖျားနာသောသူဟ အသင်းတော်အကြီးအကဲများအား ဖိတ်ခေါ်စေ။ သူလို့ဟ သခင်ဘုရားရဲ့ နာမဟို အမှီပြုယွေ့ ဆုတောင်းကြစေ။
မြွေဆိုးများဟို ကိုင်ဖမ်းသော် အဲဟာမဟုတ်ရင် သေစေတတ်သော အဆိပ်ဟို သောက်ရင်လည်း သူလို့တွင် ဘေးအန္တရာယ်ဖြစ်စေမယ် မဟုတ်၊ မကျန်းမာသူများအပေါ်တွင် လက်ဟို တင်ယွေ့ အဲသူလို့ဟ ကျန်းမာလာကြလိမ့်မယ်” ဟု ပြောလေအယ်။
သူလို့ဟ ရမ်းဆာ့သော နတ်ဆိုးများဟို မောင်းထုတ်ကြအယ်၊ ဖျားနာသောသူများစွာဟို သံလွင်ဆီလိမ်းယွေ့ ကျန်းမာစေကြအယ်။
ဟေသို့ ဆုံးဖြတ်ကြပင်းနောက် ထောက်ပံ့ငွေများဟို ဗာနဗနဲ့ ရှောလုမှ တဆင့် အသင်းတော် လူကြီးများဆေဟို ပို့ပေးကြအယ်။
သူလို့ဟ အသင်းတော်တိုင်းတွင် အကြီးအကဲလို့ဟို ခန့်ထားယွေ့၊ အစာဆှောင်လျက် ဆုတောင်းပင်း သူလို့ ယုံကြည်သော သခင်ဘုရားဆေ သူလို့ဟို အပ်နှံကြအယ်။
ယေရုရှလင်မြို့သို့ သူလို့ ရောက်ကြသောအခါ အသင်းတော်မှ စယွေ့ တမန်တော်များ၊ အသင်းတော် လူကြီးများဟ သူလို့အား ကြိုဆိုလက်ခံလဲ့အခါ မိမိလို့အား ဘုရားသခင် ပြုသမျှလို့ဟို ပြောကြားကြအယ်။
ပုဗလိရဲ့ အဖဟ အဖျားရောဂါ၊ ဝမ်းကိုက်ရောဂါများဖြင့် လဲယွေ့နေအယ်။ ပေါလုဟ သူ့ရဲ့ အခန်းထဲဝင်ပင်း ဆုတောင်းပေးကာ သူ့ရဲ့ အပေါ်လက်တင်ယွေ့ သူ့ဟို ကျန်းမာလာစေအယ်။
ပေတရုဟ အဲသူအပေါင်းလို့ဟို အပြင်သို့ ထွက်စေပင်း ဒူးထောက်ယွေ့ ဆုတောင်းလေအယ်။ အဲပင်းရင် ရုပ်အလောင်းဖက်ဟို လှည့်ယွေ့ “တဗိသ၊ ထလော့” ဟု ဆိုအယ်။ သူဟ မျက်စေ့ဟို ဖွင့်ယွေ့ ပေတရုဟို မျော်သောအခါ ထယွေ့ ထိန်လေအယ်။
ကရေတေကျွန်းတွင် နင့်ဟို ငါထားခဲ့ခြင်းမှာ နင့်အား ငါမှာထားလဲ့အတိုင်း လိုအပ်လဲ့အရာများဟို စီမံဆောင်ရွက်ရန်နဲ့ မြို့တိုင်းတွင် အသင်းတော် ခေါင်းဆောင်များဟို ခန့်ထားရန်အတွက် ဖြစ်အယ်။