13 ဘုရားသခင်ဟ ဟေလို ပဋိညာဉ်သစ်အကျောန်းဟို မိန့်ခြင်းအားဖြင့် ပထမ ပဋိညာဉ်ဟို ဟောင်းနွမ်းစေအယ်၊ ဟောင်းနွမ်းလာသောအရာဟလည်း မကြာမီ ပျောက်ကွယ်သွားလိမ့်မယ်။
ခေါန်းခင်နဲ့ မြေကြီး ပျောက်ကွယ်သွားပေမဲ့ ငါ့ရဲ့ စကားဟ ပစာအခါမှ ပျောက်ကွယ်လိမ့်မယ် မဟုတ်။
အေးနည်းတိုင်းတိုင်းပင် ညစာစားပီးမှ မုတ်ဟို သူလို့အား ပေးယွေ့၊ ပြောတာဟ “ဟေမုတ်မှာ နင်လို့ဖို့ သွန်းသော ငါရဲ့ အသွေးအားဖြင့် တည်သော ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်အယ်။
ပရောဖက်ဉာဏ်သော် လည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားဟို ပြောနိန်သောအခွင့်သော် လည်းကောင်း၊ သိပ္ပံအတတ်သော် လည်းကောင်း ကွယ်ပျောက်လိမ့်မယ်။ အားပေမဲ့ မေတ္တာဟ ဖောက်ပြန်ခြင်းသဘောနဲ့ အစဉ် ကင်းလွတ်အယ်။
ဘုရားသခင်ဟ ပဋိညာဉ်သစ်ရဲ့ အမှုတော်ဆောင်များအဖြစ် ငါလို့အား အရည်ချင်း ပြေ့မီစေခြင်းငှာ ပေးအယ်၊ အဲပဋိညာဉ်သစ်ဟ ကျမ်းဟောင်းတရားနဲ့ မဆိုင် ဝိညာဉ်တော်နဲ့သာ ဆိုင်အယ်။ ကျမ်းဟောင်းတရားဟ အသက်ဟို သေစေတတ်အယ်၊ အားပေမဲ့ ဝိညာဉ်တော်ဟ အသက်ဆှင် စေတတ်အယ်။
အဲကျောန့် စသူမဆို ခရစ်တော်နှိုက်ဆိရင် အသစ်ဖန်ဆင်းခံရသူ ဖြစ်အယ်၊ ဟောင်းသောအရာလို့ဟ ကွယ်ပျောက်သွားယွေ့ ခပ်သိမ်းသောအရာလို့ဟို အသစ်ဖြစ်ကြပီ။
အဲအရာလို့ဟ ပျက်စီးသွားသော်လည်း ကိုယ်တော်ဟ ဆက်ယွေ့ တည်အယ်၊ အဲအရာဆိသမျှလို့ဟ အဝတ်လို ဟောင်းနွမ်းကြလိမ့်မယ်။
ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ယေရှုဆေဟို လည်းကောင်း၊ အာဗေလရဲ့ သွေးထက် သာယွေ့ မြတ်သောအရာဟို မြွတ်ဆိုလဲ့ ပက်ဖျန်းသော အသွေးဆေဟို လည်းကောင်း ချဉ်းကပ်ကြအယ်။
ဟေလိုဖြင့် ယေရှုဟ သာယွေ့ မြတ်သော ပဋိညာဉ်တရားရဲ့ အာမခံ ဖြစ်အယ်။
အားပေမဲ့ ဘုရားနဲ့ လူအကြားတွင် ယေရှု စီစဉ်ပေးအပ်လဲ့ ပဋိညာဉ်တရားဟ ပိုယွေ့ မြတ်သော ကတိတော်များအပေါ်တွင် အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက် ပိုမိုမြတ်သလို ယေရှု ထမ်းဆောင်ရလဲ့ ယဇ်ပုရောဟိတ် တာဝန်ဟလည်း အဲယဇ်ပုရောဟိတ်လို့ရဲ့ တာဝန်များထက် ရမ်းဆာ့ ကြီးမြတ်အယ်။
အားပေမဲ့ ဘုရားသခင်ဟ မိမိလူစုတော်အား အပစ်တင်ယွေ့ “ထာဝရဘုရား မိန့်တာဟ ကျေ့ရှုလော့ ဣသရေလအမျိုးနဲ့ လည်းကောင်း၊ ယုဒအမျိုးနဲ့ လည်းကောင်း၊ ပဋိညာဉ်သစ်ဟို ငါပြုမဲ့ နေ့ရက်များ ကျရောက်လိမ့်မယ်။
အဲကျောန့် ခရစ်တော်ဟ ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ဖြစ်အယ်၊ ဟေဟာဟ ပထမ ပဋိညာဉ် လက်အောက်နှိုက် ဖောက်ဖျက်ကျူးလွန်သော အပစ်များမှ လူလို့ဟို ရွေးနုတ်ရန် ကိုယ်တော်ဟ အသေခံခြင်းအားဖြင့် ခေါ်ယူသောသူလို့ဟ ထာဝရ အမွေနဲ့ဆိုင်သော ကတိတော်ဟို ရဆိမဲ့ အကျောန်းဖြစ်အယ်။