25 အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။
နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါ ပြုမယ်၊ အဲကျောန့် ခမည်းတော်ဟ သားအားဖြင့် ဘုန်းထင်ဆှားလိမ့်အယ်။
ငါဟ ခမည်းတော်ဟို တောင်းဆှောက်သဖြင့် နင်လို့နဲ့အတူ အစဉ်အမြဲဆိယွေ့ နင်လို့အား မစသော အခြားသောသူတပါးဟို ပေးလိမ့်မယ်။
ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။
ငါလို့ဟ ဘုရားသခင်ရဲ့ ရန်သူများ ဖြစ်ခဲ့ကြသော်လည်း သူရဲ့သားတော် အသေခံခြင်းအားဖြင့် ငါလို့အား မိတ်ဆွေ ဖြစ်စေအယ်။ အခု ငါလို့ဟ ဘုရားသခင်ရဲ့ မိတ်ဆွေများ ဖြစ်လာကြပီ ဖြစ်လဲ့အတွက် ခရစ်တော်ရဲ့ အသက်အားဖြင့် ကယ်တင်ခြင်းဟို ပိုယွေ့ ခံရကြလိမ့်မယ်။
သူဟ အခု ငါလို့ အသက်ဆှင်နေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲနှိုက် ယုံကြည်ခြင်းအားဖြင့် ငါလို့ဟို ခေါ်ဆောင်လာခဲ့အယ်။ အဲလိုမို့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ရဆိမယ်လို့ မျော်လင့်ချက်နဲ့ ငါလို့ ဝါကြွားခြင်း ဖြစ်အယ်။
အေးကျောန့် အပစ်စီရင်သောသူဟ စသူလုန်း။ အသေခံတာ သာမက ထမြောက်သော ခရစ်တော် ယေရှုဟ ဘုရားသခင်ရဲ့ လက်ယာဘက်တွင် နေယွေ့ ငါလို့အတွက် အသနားခံပေးသောသူဟ ခရစ်တော်ပင် ဖြစ်အယ်။
အကျောန်းမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာအရ ဟေလောကဟ မိမိရဲ့ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ဟို မသိခဲ့သောကျောန့် ဘုရားသခင်ဟ ဟောပြောခြင်းအမှုရဲ့ မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူလို့ဟို ကယ်တင်ရန် အလိုဆိအယ်။
အကျောန်းမှာ ငါလို့ နေယောက်လုံးဟ ဝိညာဉ်တော်အားဖြင့် ခမည်းတော်ဆေဟို ဝင်ခွင့်ရကြအယ်။
ခရစ်တော်နဲ့ တလုံးတဝတည်းဆိယွေ့ ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းဟိုလည်းကောင်း၊ ငါလို့ဟ ယုံကြည်စိတ်ချမှု အကြွင်းမဲ့ဖြင့် ဘုရားသခင်ဆေဟို တိုးဝင်ခွင့်ဟိုလည်းကောင်း ရဆိအယ်။
ငါလို့နှိုက် လုပ်ဆောင်နေသော သူရဲ့ တန်ခိုးတော်အားဖြင့် ငါ တောင်းဆိုနိန်တာထက် ရမ်းဆာ့ပိုယွေ့ စွမ်းဆောင်နိန်သော အဲဟာမဟုတ်ရင် တွေးတောနိန်သော၊
ကိုယ်တော်ဟ အရာခပ်သိမ်းဟို မိမိရဲ့ အာဏာစက်အောက်တွင် ရောက်စေသော တန်ခိုးတော်အားဖြင့် ငါလို့ရဲ့ သေကြေပျက်စီးတတ်သော ကိုယ်ခန္ဓာဟို မိမိရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံသော ကိုယ်ခန္ဓာနဲ့တူအောန် ပြောင်းလဲစေလိမ့်မယ်။
အကျောန်းမှာ ဘုရားသခင် တပါးတည်းဆိယွေ့ ဘုရားသခင်နဲ့ လူလို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တပါးတည်း ဆိအယ်၊ အဲသူဟ လူဖြစ်သော ခရစ်တော် ယေရှု ဖြစ်အယ်၊
အဲအကျောန်းကျောန့် ငါဟ ဟေဒုက္ခဝေဒနာများဟိုလည်း ခံစားနေရအယ်။ အားပေမဲ့ ငါဟ ဆှက်ကြောက်ခြင်း မဆိ၊ အကျောန်းမှာ ငါဟ မိမိယုံကြည်သော သခင်ဟို သိယွေ့ ကိုယ်တော်ဆေနှိုက် ငါအပ်ထားသောအရာဟို အဲနေ့ရက်တိုင်အောန် ကိုယ်တော်စောင့်ထိန်းနိန်တာဟု ငါ ယုံကြည်စိတ်ချအယ်။
ယုံကြည်ခြင်း မဆိသူရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိန်၊ အကျောန်းမှာ ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူဟ ကိုယ်တော်ဆိကျောန်းဟို လည်းကောင်း၊ ကိုယ်တော်ဟ မိမိဟို ဆှာသောသူအား အကျိုးပေးကျောန်းဟို လည်းကောင်း၊ ယုံကြည်ရမယ်။
အဲလိုမို့ ငါလို့ဟ ကိုယ်တော်ဟို ငါလို့ရဲ့ သခင်အဖြစ် ဝန်ခံသောနှုတ်များဖြင့် ဂုဏ်တော်ချီးမွန်းခြင်း ယဇ်ဟို ယေရှုအားဖြင့် ဘုရားသခင်အား အစဉ်မပြတ် ပူဇော်ကြလော့။
ပစာကို့ ကိုယ်တော်ဟ မိမိတတ်တိုင်း ဆင်းရဲဒုက္ခနဲ့ စုံစမ်းသွေးဆောင်ခြင်းဟို ခံခဲ့ရသဖြင့် စုံစမ်းသွေးဆောင်ခြင်း ခံရသူလို့အား မစခြင်းငှာ တတ်နိန်အယ်။
အားပေမဲ့ ယေရှုဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသက်ဟို စွန့်နိန်ရန် ကာလကတစ်မျှ ခေါန်းခင်တမန်များထက် နှိမ့်ချမှုဟို ခံရပင်း၊ အသေခံလဲ့အတွက် ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ပြေ့ဝလျက်ဆိတာဟို အခုအခါ ငါလို့ တွေ့မျော်ကြရအယ်။
ခရစ်တော်ဟ လူ့ဇာတိအဖြစ်နှိုက် ဆိစဉ်ဟ မိမိအား သေခြင်းမှ ကယ်တင်နိန်သော ဘုရားသခင် ဆေဟို ကြွေးကြော်ကာ မျက်ရည်ကျလျက် ဆုတောင်းခဲ့အယ်။ ဘုရားသခင်ဟလည်း ကိုယ်တော်ရဲ့ ဆုတောင်းသံဟို နားညောင်းအယ်။ ကိုယ်တော်ဟ နှိမ့်ချသောစိတ် ဆိသောကျောန့် ဘုရားသခင်ဟ နားထောင်အယ်။
အဲသူဟ ယဇ်ပုရောဟိတ် အရိုက်အရာဟို လူသားလို့ ချမှတ်ထားလဲ့ ပညတ်များအရ ခံယူရဆိထားတာ မဟုတ်၊ ပစာအခါနှိုက်မျှ မကုန်ဆုံးနိန်လဲ့ အသက်ရဲ့ တန်ခိုးတော်အားဖြင့် ခံယူရဆိထားခြင်း ဖြစ်အယ်။
မောရှေရဲ့ ပညတ်တရားဟ ပစာအရာဟိုမျှ ပြေ့စုံအောန် မပြုနိန်။ အခုအခါနှိုက် ငါလို့ဟ အဲပညတ်တရားထက် ပိုမိုကောင်းမြတ်လဲ့ မျော်လင့်ချက်ဟို ရဆိကြပီဖြစ်ရာ အဲမျော်လင့်ချက်အားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်ကြအယ်။
ယေရှုဟ ထာဝရ အသက်ဆှင်တာ ဖြစ်ယွေ့ မပြောင်းလဲသော ယဇ်ပုရောဟိတ် အရိုက်အရာဟို ရဆိအယ်။
အဲအရာနှိုက်လည်း ယဇ်ပုရောဟိတ်များအနေဖြင့် ဆယ်ဖို့တဖို့ အလှူဟို ခံယူခြင်းဟ သေမျိုးဖြစ်သော လူသားလို့ဟ ခံယူကြခြင်း ဖြစ်အယ်၊ အားပေမဲ့ မေလခိဇေဒက်မူ ကျမ်းစာတော်တွင် ဖော်ပြတာနဲ့အညီ အသက်ဆှင်သူအနေဖြင့် ဆယ်ဖို့တဖို့အလှူဟို ခံယူခြင်း ဖြစ်အယ်။
အကျောန်းမှာ ခရစ်တော်ဟ စစ်မန်သောအရာလို့ရဲ့ ပုံတူမျှသာဖြစ်လဲ့ လူ့လက်ဖြင့် တည်ဆောက်သော သန့်ဆှင်းရာ ဌာနထဲဟို မဝင်ဘဲ ငါလို့ကိုယ်စား အခု ဘုရားသခင်ရဲ့ ဆေ့နှိုက် ထင်ဆှားရန် ခေါန်းခင်ထဲဟို ဝင်အယ်။
နင်လို့အား မားယွင်းခြင်းနဲ့ ကင်းစေရန် စောင့်ဆှောက်နိန်စွမ်းဆိယွေ့ နင်လို့ဟို အပစ်ကင်းစင်လျက် ရွင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော် ဆေ့နှိုက် ရပ်နိန်သော —