9 ချစ်သောသူလို့၊ ငါလို့ဟ ဟေလို ပြောဆိုကြသော်လည်း နင်လို့အတွက်မူ ကယ်တင်ခြင်းနဲ့ ယှဉ်တွဲလဲ့ ပိုယွေ့ ကောင်းသောအရာများ ဆိတာဟု ငါလို့ ယုံကြည်စိတ်ချကြအယ်။
ယုံကြည်ယွေ့ နှစ်ခြင်းဟို ခံသောသူဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်၊ မယုံကြည်သောသူဟ အပစ်စီရင်ခြင်း ခံရလိမ့်မယ်။
အဲစကားဟို ကြားသောအခါ အေးသူလို့ဟ ပစ်တင် ဝေဖန်မှုဟို မပြုကြတော့ဘဲ “ဘုရားသခင်ဟ လူမျိုးခြားလို့အားလည်း နောင်တရယွေ့ အသက်ဆှင်ခွင့်ဟို ပေးလေအယ်” ဟု ဆိုယွေ့ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြအယ်။
နောင်တရယွေ့ ဘုရားသခင်ဆေဟို ချဉ်းကပ်ကြစေရန်နဲ့ ငါလို့ သခင် ယေရှုဟို ယုံကြည်ကြစေရန် ငါဟ ယုဒလူများနဲ့ လူမျိုးခြားများအား လေးနက်စွာ သတိပေးခဲ့အယ်။
အဲကျောန့် ငါ့ချစ်သူလို့၊ ရုပ်တုကိုးကွယ်ခြင်း အမှုဟို ကြဉ်ဆှောင်ကြလော့။
ငါလို့ဟ နင်လို့ဆေ့နှိုက် မိမိလို့တတ်တိုင်း ကာကွယ်ပြောဆိုနေကြတာဟု တချိန်လုံး နင်လို့ ထင်မှတ်နေကြသလော။ ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ခရစ်တော်ဟို အမှီပြုယွေ့ ပြောဆိုနေကြအယ်၊ ချစ်သောသူလို့၊ အရာအားလုံးဟ နင်လို့ရဲ့ တည်ဆောက်စရာအတွက် ဖြစ်အယ်။
ချစ်မိတ်ဆွေလို့၊ ဟေကတိတော်များဟ ငါလို့အတွက် ဖြစ်အယ်။ အဲလိုမို့၊ ငါလို့ဟ ကိုယ်ကာယ အဲဟာမဟုတ်ရင် စိတ်ဝိညာဉ်လို့ရဲ့ အညစ်အကြေး ဆိသမျှလို့မှ မိမိလို့တတ်တိုင်း စင်ကြယ်စေယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့ခြင်းအားဖြင့် မိမိလို့ကိုယ်ဟို သန့်ဆှင်းခြင်းနဲ့ ပြေ့စုံကြကုန်စို့။
ဘုရားသခင် အသုံးပြုလဲ့ ဝမ်းနည်းခြင်းဟ ကယ်တင်ခြင်းနဲ့ ယှဉ်သော နောင်တစိတ်ဟူသော၊ မပြောင်းလဲနိန်သော နောင်တစိတ်ဟို ပြုပြင်တတ်အယ် အဲကျောန့် ဝမ်းနည်းမိလဲ့အတွက် စိတ်မကောင်း မဖြစ်သင့်။ အားပေမဲ့ လောကီဝမ်းနည်းခြင်းဟ သေခြင်းဟို ဖြစ်ပေါ်စေအယ်။
အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။
နင်လို့ဟ အကျဉ်းခံ နေရသူလို့အတွက်ကျောန့် ကြင်နာသော စိတ်ဆိကြအယ်၊ မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို မတရားသိမ်းယူတာဟိုလည်း ဝမ်းမြောက်စွာ ခံကြအယ်၊ ပစာကို့ မိမိလို့နှိုက် အေးအရာများထက် ပိုယွေ့ ကောင်းမြတ်တည်မြဲသောအရာ ဆိကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။
အားပေမဲ့ ငါလို့ဟ တွန့်ဆုတ်ရင် ပျက်စီးခြင်းဟို ရောက်သောသူများ မဟုတ်ဘဲ ယုံကြည်လျက် အသက်ဟို ပိုင်ဆိုင်သောသူများ ဖြစ်ကြအယ်။
ဟေမျှလောက်ကြီးမြတ်လဲ့ ကယ်တင်ခြင်းဟို လျစ်လျူရှုရင် ငါလို့ဟ အပစ်ဒဏ်မှ စလို လွတ်နိန်ကြမှာတုန်း၊ သခင်ဘုရားဟ ဦးရင် ဟောပြောသော ဟေကယ်တင်ခြင်းတရားဟ ကြားနာသော သူလို့မှတဆင့် ငါလို့ဆေနှိုက် အတည်ပြုခြင်း ခံရအယ်။
ကိုယ်တော်ဟ စုံလင်ခြင်းဟို ရောက်သောအခါ မိမိဟို နာခံသောသူအပေါင်းလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးသောသူ ဖြစ်လာယွေ့
အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။
ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။
ချစ်လှစွာသော မိတ်ဆွေလို့၊ အခု ဟေဒုတိယစာဟို ငါ ရေးလိုက်အယ်။ ငါဟ ဟေစာ နေစောင်လုံးတွင် နင်လို့ဟို သတိပေး နှိုးဆော်ခြင်းအားဖြင့် နင်လို့ရဲ့ ဖြူစင်သော စိတ်နေလုံးဟို နိုးကြားတက်ကြွစေအယ်။
ချစ်ရသော မိတ်ဆွေလို့၊ နင်လို့ဆေ ငါရေးလိုက်သော ပညတ်ဟ ပညတ်တော် အသစ် မဟုတ်၊ အစဦးဟပင် နင်လို့နှိုက် ဆိသော ပညတ်တော် အဟောင်းသာ ဖြစ်အယ်။ အဲပညတ်ဟောင်းဟ နင်လို့ ကြားခဲ့ရသော နှုတ်ကပတ်တော် ဖြစ်အယ်။
ချစ်လှစွာသော မိတ်ဆွေလို့၊ ငါလို့အားလုံးနဲ့ ဆိုင်သော ကယ်တင်ခြင်း အကျောန်းဟို နင်လို့ဆေ ရေးသားပေးပို့ရန် ရမ်းဆာ့ ကြိုးစားလျက် နေစဉ်ခါပင် သန့်ဆှင်းသူလို့ဆေ တခါတည်းနဲ့အပီး ပေးအပ်သော ယုံကြည်ခြင်းအတွက် ကြိုးစား တိုက်ခိုက်ကြမယ့်အကျောန်း နင်လို့အား စာရေးယွေ့ တိုက်တွန်းနှိုးဆော်ရန် လိုအပ်တာဟို ငါတွေ့ရအယ်။