2 သူတတ်တိုင်းနှိုက်ပင် အားနည်းချက် အမျိုးမျိုးဆိသဖြင့် အသိပညာ ကင်းမဲ့ယွေ့ မားယွင်းသူလို့အား ကိုယ်ချင်းစာတရား ထားနိန်အယ်။
အဲလိုလဲ နင့်ရဲ့ ယုံကြည်ခြင်း မဆုံးရှုံးမဲ့အကျောန်း၊ နင့်အတွက် ငါ ဆုတောင်းလေပီ။ နင်ဟ သတိရပြန်သောအခါ နင့်ရဲ့ ညီအကိုလို့ဟို တည်ကြည်စေလော့” ဟု ပြောလေအယ်။
ငါဟ ဝါကြွားရမယ်ဆိုရင် ငါရဲ့ အားနည်းခြင်းနဲ့ ပတ်သက်သောအရာများဟို ငါ ဝါကြွားမယ်။
အဲလိုမို့ အဲသူရဲ့ အကျောန်းဟို ငါ ဝါကြွားမယ် အားပေမဲ့ မိမိရဲ့ အားနည်းချက်များမှတပါး အခြားအရာများအကျောန်းဟို ဝါကြွားလိမ့်မယ် မဟုတ်။
သတင်းကောင်းဟို ပထမဆုံးအကြိမ် နင့်ဟို ငါ ပစာကျောန့် ဟောခဲ့တာလဲ နင်မှတ်မိလော။ ငါကိုယ်ခန္ဓာ အားနည်းနေသောကျောန့် ဖြစ်အယ်။
အေးသူလို့ဟ မိမိလို့ စိတ်နေလုံး မာကျောမှုနဲ့ သူလို့အထဲနှိုက်ဆိလဲ့ မသိနားမလည်မှုလို့ကျောန့် အသိဉာဏ် မိုက်ဖုံးယွေ့ ဘုရားသခင်ရဲ့ အသက်နဲ့ ကင်းကွာလျက် ဆိကြအယ်။
ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။
လမ်းဖြောင့်များတွင် ဆက်လက်ယွေ့ ဆှောက်သွားကြလော၊ အဲမှသာ မစွမ်းသောခြေဟ ချိနဲ့ယွေ့ မနေဘဲ သန်စွမ်းလာလိမ့်မယ်။
အဲကျောန့် ကိုယ်တော်ဟ လူလို့ရဲ့ အပစ်များအတွက် အသနားခံခြင်းအမှုဟို ပြုရန် ဘုရားသခင်ဆေ့နှိုက် သနားကြင်နာတတ်လဲ့ သစ္စာဆိသော ယဇ်ပုရောဟိတ်မင်းဖြစ်မဲ့ အကျောန်းအရာရာနှိုက် ညီအကို မောင်နှမများနဲ့ တူရအယ်။
ပစာကို့ ကိုယ်တော်ဟ မိမိတတ်တိုင်း ဆင်းရဲဒုက္ခနဲ့ စုံစမ်းသွေးဆောင်ခြင်းဟို ခံခဲ့ရသဖြင့် စုံစမ်းသွေးဆောင်ခြင်း ခံရသူလို့အား မစခြင်းငှာ တတ်နိန်အယ်။
အကျောန်းမှာ ငါလို့ရဲ့ ယဇ်ပုရောဟိတ်မင်းဟ ငါလို့ရဲ့ အားနည်းချက်များအတွက် မကြင်နာနိန်သူ မဟုတ်။ ငါလို့တိုင်းတိုင်း စုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးဟို ခံခဲ့ရသူ ဖြစ်အယ်၊ အားပေမဲ့ အပစ်နဲ့ ကင်းလွတ်အယ်။
မောရှေရဲ့ ပညတ်တရားဟ အားနည်းယွေ့ မစုံလင်သော လူသားလို့ဟို ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားအယ်၊ အားပေမဲ့ ပညတ်တရား ပေါ်ပေါက်ပင်းလဲ့ နောက်ပိုင်း ထာဝရ ကာလပတ်လုံး စုံလင်သော သားတော်ဟို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုချက်ဖြင့် ခန့်ထားအယ်။
အားပေမဲ့ ယဇ်ပုရောဟိတ်မင်း တပါးတည်းသာ တဲတော်ရဲ့ ဒုတိယအခန်းဟို ဝင်ရအယ်၊ သူဟ ဟေဟို ဝင်ရတာဟလည်း တနှစ် တကြိမ်သာ ဖြစ်ပင်း မိမိရဲ့ အတွက် လည်းကောင်း၊ လူလို့ မသိနားမလည်ယွေ့ ကျူးလွန်မိသော အပစ်များအတွက် လည်းကောင်း၊ ပူဇော်ရန် သွေးဟို ယူဆောင်ယွေ့ ဝင်ရအယ်။
ညီအကို မောင်နှမလို့၊ နင်လို့တွင် တစုံတယောက်သောသူဟ သမ္မာတရားလမ်းမှ လွဲသွားယွေ့ တစုံတဦးဟ သူ့ဟို ပြန်လည်ခေါ်ဆောင်လာရင်
နင်လို့ဟလည်း လမ်းလွဲသော သိုးလို့လိုမျိုး ဖြစ်ကြပေမဲ့ အခုဟ သိုးထိန်းဖြစ်ယွေ့ နင်လို့ရဲ့ စိတ်ဝိညာဉ်ဟို ကြီးကြပ်သူဖြစ်သော အဆှင်စေဟို ပြန်ရောက်ကြပီ။