14 မာသောအစာဟ အရွယ်ရောက်ပင်း သူလို့အတွက် ဖြစ်အယ်၊ သူလို့ဟ လေ့ကျင့်မှုအားဖြင့် အကောင်း အဆိုးဟို ပိုင်းခြားယွေ့ သိဆိသူများ ဖြစ်ကြအယ်။
ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖဟ စုံလင်လဲ့နည်းတူ နင်လို့လည်း စုံလင်ခြင်း ဆိရမယ်” ဟု ယေရှုဟ မိန့်အယ်။
ယုံကြည်ခြင်း အားနည်းသော သူလို့ဟို လက်ခံကြလော့၊ အဲလိုလဲ သူလို့ရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ချက်များနဲ့ ပတ်သက်ပင်း သူလို့နဲ့အတူ အငြင်းအခုံ မလုပ်ကြနဲ့။
ငါဟ ပညာနဲ့ယှဉ်သောစကားဟို ဝိညာဉ်ရေး ရင့်ကျက်သူလို့အား ပြောဆိုအယ်။ အားပေမဲ့ အဲပညာဟ ဟေလောကနဲ့ မသက်ဆိုင်၊ လောကီမင်းများနဲ့လည်း မသက်ဆိုင်၊ လောကီမင်းလို့ရဲ့ တန်ခိုးအာဏာဟ လျော့နည်းလျက် နေအယ်။
သူ့အလင်းဟို မျော်ဖို့ နင့်ရဲ့စိတ်နေလုံး မျက်စေ့ဟို ပွင့်စေယွေ့ ခေါ်သောသူနဲ့ဆိုင်သော မျော်လင့်ခြင်းဟ ပစာဆိုလဲဆိုတာဟို လည်းကောင်း၊ သူရဲ့သန့်ဆှင်းသော လူများဟို ကတိပေးသော အံ့ဩဖွယ်ကောင်းချီးများ စလောက် ကြွယ်ဝတာဟို လည်းကောင်း၊
အေးတာဟ ငါလို့အားလုံးဟ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ သားတော်ဟို သိခြင်းလို့နှိုက် တလုံးတဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်ရဲ့ ပြေ့စုံခြင်း အတိုင်းအတာ ပမာဏဟို ရောက်သည့်တိုင်အောန် ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ဆှင်းသူလို့ဟို ပြင်ဆင်ထားရန်ဖြစ်အယ်။
ငါလို့တွင် ဝိညာဉ်ရေး ရင့်ကျက်သောသူလို့ဟ ဟေသို့သော စိတ်သဘော ဆိသင့်အယ်။ အဲလိုလဲ နင်လို့တွင် အချို့ဟ ခြားနားသောစိတ်သဘော တစုံတခုဆိလျှင်လည်း ဘုရားသခင်ဟ အဲအရာဟိုပင် နင်လို့အား ဖော်ပြလိမ့်မယ်။
အဲလိုလဲ အရာအားလုံးဟို စစ်ဆေးယွေ့ ကောင်းသောအရာဟို စွဲကိုင်ထားကြလော့။
အားပေမဲ့ ဘုရားတရားနဲ့ မဆိုင်လဲ့ အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီများဟို ဆှောင်လော့။ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအတွက် နင့်တတ်တိုင်း လေ့ကျင့်ပေးလော့။
အဲကျောန့် ငါလို့ဟ ခရစ်တော်နဲ့ဆိုင်သော အခြေခံ သွန်သင်ချက်ဟို ချန်ထားယွေ့ စုံလင်ခြင်းဟို တက်လှမ်းကြစို့။ အဲအခြေခံ တရားများဟို နင်လို့အား ငါလို့ သွန်သင်ပေးပင်း ဖြစ်သဖြင့် ထပ်မံ သွန်သင်ပေးရန် မသင့်၊ အကျိုးမပေးတတ်လဲ့ အကျင့်များဟို စွန့်ကာ ဘုရားသခင်အား ယုံကြည်ရန် လိုအပ်ကျောန်း နင်လို့ သိဆိကြပင်း ဖြစ်အယ်၊
ငါလို့ဆိသမျှဟ ရမ်းဆာ့ မားယွင်း တတ်ကြအယ်။ စသူမဆို စကားပြောခြင်းအရာနှိုက် မားယွင်းခြင်း မဆိရင် အဲသူဟ မိမိကိုယ်ခန္ဓာ တခုလုံးဟိုလည်း ချုပ်တည်းနိန်လဲ့ စုံလင်သောသူ ဖြစ်အယ်။