Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေဗြဲ 4:9 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

9 အဲလိုမို့ သတ္တမနေ့နှိုက် ဘုရားသခင် ငြိမ်ဝပ်စွာ နေသလို ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ငြိမ်ဝပ်စွာ နေရန် နေ့ရက်တရက် ဆိသေးအယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေဗြဲ 4:9
17 ပူးပေါင်းရင်းမြစ်များ  

သူဟ အောင်နီငယ်ဟို မွေးလိမ့်မယ်။ အဲအောင်နီငယ်ဟ မိမိလူလို့ဟို အပစ်မှ ကယ်ချွတ်မယ့်သူ ဖြစ်သောကျောန့် ယေရှုဆိုသော နာမယ် ပေးရမယ်” ဟု ပြောအယ်။


ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။


သူဟ ခဏတာမျှ အပစ်နှိုက် ပျော်မွေ့ရတာထက် ဘုရားသခင်ရဲ့ လူမျိုးတော်နဲ့အတူ ဆင်းရဲဒုက္ခခံရတာဟို ပိုယွေ့ လိုလားအယ်။


ငါဟ အမျက်ထွက်သဖြင့် “သူလို့ဟ ပစာအခါမျှ ငြိမ်ဝပ်ရာ ချမ်းသာဟို ခံစားရန် ပြေတော်ဟို ဝင်ကြရလိမ့်မယ် မဟုတ်” ဟု ငါ ကျိန်ဆိုခဲ့အယ်။


အဲကျောန့် ဘုရားသခင်ရဲ့ ငြိမ်ဝပ်ရာ ချမ်းသာထဲဟို ဝင်ရမဲ့ ကတိတော် ဆိနေသေးလျက်နဲ့ နင်လို့ထဲမှ မဝင်လိုက်ရဘဲ နေမဲ့သူ တစုံတဦးမျှ မဆိစေရန် သတိပြုကြလော့။


အကျောန်းမှာ ဘုရားသခင် ကတိထားသော ငြိမ်ဝပ် ချမ်းသာခြင်းဟို ရဆိသူဟ ဘုရားသခင်သည် မိမိအလုပ်မှ ပီးစီးယွေ့ ငြိမ်ဝပ်စွာ နေရလဲ့တိုင်းတိုင်း နေရအယ်။


ယုံကြည်သူ ငါလို့ဟ ဘုရားသခင် ကတိထားသော ငြိမ်ဝပ်ရာ ချမ်းသာဟို ရဆိကြအယ်၊ “ငါဟ အမျက်ထွက်ယွေ့ ကျိန်ဆိုလျက် အဲသူလို့အား ငြိမ်ဝပ်ရာ ချမ်းသာရဆိရန် ပြေတော်ဟို ဝင်ခွင့်ဟို ပစာအခါမျှ ပေးလိမ့်မယ် မဟုတ်” ဟု ဘုရားသခင် မိန့်ခဲ့လဲ့အတိုင်း ဖြစ်အယ်။ လောကဟို ဖန်ဆင်းချိန်မှစယွေ့ ကိုယ်တော်ဟ မိမိလုပ်ဆောင်ရန် အမှုကိစ္စများ ပီးဆုံးသွားသော်လည်း ဟေစကားဟို မိန့်ခဲ့အယ်။


အကျောန်းမှာ ယောရှု ပေးလဲ့ ငြိမ်ဝပ် ချမ်းသာခြင်းဟ ဘုရားသခင် ကတိထားလဲ့ ငြိမ်ဝပ် ချမ်းသာခြင်း ဖြစ်မန့်မူ ဘုရားသခင်ဟ အခြားနေ့ရက် တရက်အကျောန်းဟို မိန့်ကြားမယ် မဟုတ်။


နင်လို့သည် မခင်ခါဟ ဘုရားသခင်ရဲ့ လူများ မဟုတ်ခဲ့ပေမဲ့လည်း အခုအခါ သူ့ရဲ့ လူများ ဖြစ်ကြပီ။ မခင်ဟ ကရုဏာဟို မခံစားခဲ့ရပေမဲ့လည်း အခုခါ ကရုဏာဟို ခံစားကြရပီ။


အဲပင်းရင် ခေါန်းခင်မှ အသံဟ “ရေးထားလော့။ အခုမှစယွေ့ သခင်ဘုရားနှိုက် သေဆုံးလဲ့ သေလွန်သောသူလို့ဟ မင်္ဂလာ ဆိကြအယ်” ဟု ပြောဆိုတာဟို ငါကြားရအယ်။ ဝိညာဉ်တော်ဟလည်း “မန်အယ်။ သူလို့ဟ မိမိလို့ရဲ့ ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့် ရကြလိမ့်မယ်။ သူလို့ ပြုသောအမှုများဟလည်း သူလို့နဲ့ လိုက်ပါလာကြအယ်” ဟု မိန့်အယ်။


ကိုယ်တော်ဟ သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်။ သေခြင်းဟ ဆိတော့မှာ မဟုတ်၊ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ် ငိုကခြင်းနဲ့ နာကျင်ခြင်း ဝေဒနာလို့ဟလည်း ဆိတော့မှာ မဟုတ်၊ အကျောန်းမှာ မခင် ဖြစ်ခဲ့လဲ့အရာလို့ဟ ပျောက်ကွယ်သွားကြပီ” ဟု ဆိုတာဟို ငါ ကြားရအယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ