14 အဲကျောန့် ခေါန်းခင်လို့ဟို ဖြတ်ယွေ့ ကြွလာလဲ့ ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်း တည်းဟူသော ဘုရားသခင်ရဲ့ သားတော် ယေရှုဟ ငါလို့နှိုက် ဆိတာဖြစ်ယွေ့ ငါလို့ ယုံကြည်ဝန်ခံသောအရာဟို စွဲကိုင်ထားကြလော့။
အဲအခါ မာရ်နတ်ဟ သူ့ဆေဟို လာပင်း “နင်ဟ ဘုရားသခင်ရဲ့ သားတော်ဟုတ်ရင်၊ ဟေကျောက်ခဲများဟို မုန့်ဖြစ်လာအောန် အမိန့်ပေးမန့်” ဟု ဟောအယ်။
ဟေအကျောန်းအရာဟ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်အကျောန်း သတင်းကောင်း ဖြစ်အယ်။
သခင် ယေရှုဟ သူလို့နဲ့ စကားပြောပင်းနောက်၊ ခေါန်းခင်ဘုံသို့ ဆောင်ယူခြင်းဟို ခံပင်း ဘုရားသခင်ရဲ့ လက်ယာတော်ဖက်တွင် ထိန်နေအယ်။
ဟေသို့ ကောင်းချီးပေးနေစဉ် ကိုယ်တော်ဟ သူလို့ဆေမှ ထွက်ခွာယွေ့ ခေါန်းခင်ဘုံသို့ ဆောင်ယူခြင်းဟို ခံလေအယ်။
“ဂါလိလဲပြေသားလို့၊ နင်လို့ဟ ပစာကျောန့် ရပ်ယွေ့ မိုးခေါန်းခင်ဟို မော်ကျေ့နေကြလုန်း၊ နင်လို့ဆေမှ ခေါန်းခင်ဘုံဟို ယူဆောင်ခြင်းဟို ခံသော အေးယေရှုဟ ပစာသို့ ခေါန်းခင်ဘုံဟို တက်ကြွတာဟို နင်လို့ မျော်ရကြအယ်၊ ဟေနည်းအတိုင်းပင် ပြန်လည် ကြွလာလိမ့်မယ်” ဟု ဆိုကြအယ်။
မခင်ဟ မိမိရဲ့ သန့်ဆှင်းသော ပရောဖက်များရဲ့ စလောင်အားဖြင့် ဘုရားသခင် မိန့်ခဲ့လဲ့အရာတည်းဟူသော အလုံးစုံလို့ဟို မူလအတိုင်း ပြန်ဖြစ်စေမဲ့ ကာလများတိုင်အောန် ခေါန်းခင်ဟ အေးအဆှင်ဟို လက်ခံထားရမယ်။
အေးကျောန့် အပစ်စီရင်သောသူဟ စသူလုန်း။ အသေခံတာ သာမက ထမြောက်သော ခရစ်တော် ယေရှုဟ ဘုရားသခင်ရဲ့ လက်ယာဘက်တွင် နေယွေ့ ငါလို့အတွက် အသနားခံပေးသောသူဟ ခရစ်တော်ပင် ဖြစ်အယ်။
လွန်ခဲ့သော တဆယ့်လေးနှစ်ဟ အမြင့်ဆုံးသော ခေါန်းခင်တိုင်အောန် ချီဆောင်ခြင်း ခံရလဲ့ ခရစ်တော်နှိုက် တည်သောလူတဦးဟို ငါသိအယ်။ သူဟ ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်း ခံရသလော အဲဟာမဟုတ်ရင် ကိုယ်ခန္ဓာမပါလျက် ချီဆောင်ခြင်း ခံရသလော ငါမသိ၊ ဘုရားသခင် သိအယ်။
သူလို့ဟ ခရစ်တော်ရဲ့ သတင်းကောင်းဟို ဝန်ခံခြင်းအားဖြင့် ဖြစ်လာလဲ့ နင်လို့ရဲ့ နာခံမှုဟို လည်းကောင်း၊ သူလို့မှစယွေ့ လူအပေါင်းလို့အား နင်လို့ ရက်ရောစွာ ပေးကမ်းဝေမျှသောအမှုဟို လည်းကောင်း ထောက်ယွေ့ ဟေကူညီထောက်ပံ့ခြင်းအမှုနှိုက် ထင်ဆှားသော သက်သေအတွက် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို ချီးမွန်းကြလိမ့်မယ်။
ဆင်းသက်သောသူဟ စကြဝဠာတခုလုံးကို ပြေ့စုံစေခြင်းငှာ ခေါန်းခင်တခွင်လုံးထက် မြင့်သောအရပ်ဟို တက်သောသူလည်း ဖြစ်အယ်။
အားပေမဲ့ သားတော်အား မိန့်သောအခါနှိုက် ကိုယ်တော်ဟ၊ “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟ ကာလအစဉ်အမြဲ တည်လိမ့်မယ်၊ ကိုယ်တော်ဟ မိမိရဲ့ လူစုတော်အား တရားမျှတစွာ အုပ်စိုးအယ်။
အားပေမဲ့ ခရစ်တော်ဟ တခုတည်းသောယဇ်ဟို အပစ်များအတွက် ထာဝစဉ် ပူဇော်ပင်းရင် အဲအချိန်မှစယွေ့ ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်လျက်
ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်ဟို စိတ်ချယုံကြည်နိန်တာ ဖြစ်ယွေ့ မိမိလို့ ဝန်ခံသော မျော်လင့်ခြင်းဟို စွဲကိုင်ထားကြစို့။
ဘုရားသခင်ရဲ့ သားတော်ဟို ခြေဖြင့် ကျော်နင်းယွေ့ မိမိအား အပစ်မှ သန့်ဆှင်းစေလဲ့ ပဋိညာဉ်တရားဆိုင်ရာ အသွေးတော်ဟို မထီမဲ့မြင်ပြုလျက် ကျေးဇူးတော်ဟို ပေးလဲ့ ဝိညာဉ်တော်ဟို စော်ကားသောသူဟ စလောက်ကြီးလေးသော အပစ်ဒဏ်ခံရမယ်ဟို စဉ်းစားယွေ့ ကျေ့ကြလော့။
ငါလို့ရဲ့ ယုံကြည်ခြင်းဟို အစပြုဖြစ်တည်စေယွေ့ စုံလင်စေလဲ့သူဖြစ်သော ယေရှုဟို မျက်မှောက်ပြုကြကုန်စို့၊ ကိုယ်တော်ဟ မိမိဆေ့နှိုက် ပြင်ဆင်ထားသော ဝမ်းမြောက်ခြင်းကျောန့် ဆှက်ဖွယ်အရာများဟိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်နှိုက် ခံပင်းရင် ဘုရားသခင်ရဲ့ ပလ္လင်တော် လက်ယာဘက်နှိုက် ထိန်နေအယ်။
အဲကျောန့် လမ်းမားတိမ်းချော်မှု မဖြစ်ကြစေရန် ငါလို့ဟ ကြားရသော သမ္မာတရားဟို ပိုမိုယွေ့ပင် စွဲမြဲဆုပ်ကိုင်ထားရမယ်။
အဲကျောန့် ကိုယ်တော်ဟ လူလို့ရဲ့ အပစ်များအတွက် အသနားခံခြင်းအမှုဟို ပြုရန် ဘုရားသခင်ဆေ့နှိုက် သနားကြင်နာတတ်လဲ့ သစ္စာဆိသော ယဇ်ပုရောဟိတ်မင်းဖြစ်မဲ့ အကျောန်းအရာရာနှိုက် ညီအကို မောင်နှမများနဲ့ တူရအယ်။
အဲလိုမို့ ခေါန်းခင်နဲ့ဆိုင်သော ခေါ်ယူခြင်းနှိုက် ပါဝင်လဲ့ သန့်ဆှင်းသူ ညီအကို မောင်နှမလို့၊ ငါလို့ ယုံကြည်ဝန်ခံလဲ့ တမန်တော်နဲ့ ယဇ်ပုရောဟိတ်မင်း တည်းဟူသော ယေရှုအကျောန်းဟို စဉ်းစားဆင်ခြင်ကြလော့။
ငါလို့ဟ အစနှိုက် ဆိသော စိတ်ချမှုဟို အဆုံးတိုင်အောန် ခိုင်မြဲစွာ စွဲကိုင်ထားရင် ခရစ်တော်နဲ့ စပ်ဆိုင်သောသူများ ဖြစ်အယ်။
ယေရှုဟ မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူတူသော ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်လာပင်း အဲကန့်လန့်ကာအတွင်းဟို ဆေ့ဆောင် လမ်းခင်းပေးသူအဖြစ် ငါလို့ ကိုယ်စားဝင်အယ်။
အဲပင်းရင် သူလို့ဟ ဖောက်ပြန်ကြအယ်၊ သူလို့ဟ ဘုရားသခင်ရဲ့ သားတော်ဟို လက်ဝါးကပ်တိုင်တွင် တဖန် တင်ယွေ့ အဆှက်ကွဲစေသောသူများ ဖြစ်ကြသောကျောန့် သူလို့ဟို အသစ်တဖန် နောင်တရခြင်းဟို မရောက်စေနိန်။
သူနှိုက် အဖ မဆိ၊ အမေ့ မဆိ၊ မျိုးရိုးစဉ်ဆက် မဆိ၊ အသက်တာရဲ့ အစလည်း မဆိ၊ အဆုံးလည်း မဆိ။ သူဟ ဘုရားသခင်ရဲ့ သားတော်လိုဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ် တည်နေအယ်။
ငါလို့ ပြောဆိုနေသော အကျောန်းအရာများတွင် အရေးကြီးလဲ့အချက်မှာ ငါလို့တွင် အဲသို့သော ယဇ်ပုရောဟိတ်မင်း ဆိခြင်းဖြစ်အယ်၊ ကိုယ်တော်ဟ ခေါန်းခင်ဘုံဆိ တန်ခိုးအာနုဘော်ရဲ့ ပလ္လင် လက်ယာဘက်နှိုက် ထိန်နေအယ်။
ကိုယ်တော်ဟ ရမ်းဆာ့သန့်ဆှင်းရာ ဌာနတော်ထဲဟို တကြိမ်တည်း အပီး ဝင်သောအခါ ယဇ်ပူဇော်ရန် ဆိတ်နဲ့ နွားသငယ်လို့ရဲ့ အသွေးဖြင့် မဟုတ်ဘဲ၊ မိမိရဲ့ အသွေးတော်အားဖြင့် ဝင်ယွေ့ ငါလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးအယ်။
အကျောန်းမှာ ခရစ်တော်ဟ စစ်မန်သောအရာလို့ရဲ့ ပုံတူမျှသာဖြစ်လဲ့ လူ့လက်ဖြင့် တည်ဆောက်သော သန့်ဆှင်းရာ ဌာနထဲဟို မဝင်ဘဲ ငါလို့ကိုယ်စား အခု ဘုရားသခင်ရဲ့ ဆေ့နှိုက် ထင်ဆှားရန် ခေါန်းခင်ထဲဟို ဝင်အယ်။
အေးသခင်ဟ ခေါင်းခင်ဘုံဟို ကြွယွေ့ ခေါန်းခင်တမန်များ၊ အာဏာစက်များနဲ့ တန်ခိုးလို့ဟို မိမိလက်အောက်နှိုက် ချထားလျက် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ဆိနေအယ်။