ဟေဗြဲ 4:12 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား12 ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ အသက်ဆှင်ယွေ့ ထက်မြက်ကာ အသွားနေဖက်ပါလဲ့ သံလျက်ဆိသမျှလို့ထက် သာယွေ့ ထက်သဖြင့် အသက်နဲ့ ဝိညာဉ်လို့အထိ လည်းကောင်း၊ အရိုးအဆစ်နဲ့ ခြင်ဆီလို့အထိ လည်းကောင်း၊ ထိုးဖောက်ပိုင်းခြား တတ်အယ်။ စိတ်နေလုံးရဲ့ အကြံအစည်နဲ့ သဘောထားလို့ဟိုလည်း ထိုးထွင်း သိမျော်အယ်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ကို ငါလို့ အမြဲကျေးဇူးတင်ရလဲ့ အခြားအကျောန်းရင်း တခုလည်း ဆိသေးအယ်။ ငါလို့ဟ ဘုရားသခင်ရဲ့ သတင်းစကားကို ယူဆောင်လာသောအခါ လူသားများဆေမှ သတင်းစကားအဖြစ် မဟုတ်ဘဲ၊ အမန်ပင်ဖြစ်လဲ့ ဘုရားသခင်ရဲ့ သတင်းစကားအဖြစ် နင်လို့ဟ ကြားပင်း လက်ခံကြအယ်။ အကျောန်းမှာ ယုံကြည်သော နင်လို့အထဲနှိုက် ဘုရားသခင်ဟ အမှုတော်ကို ဆောင်ရွက်အယ်။
ပလ္လင်များဟိုလည်း ငါမျော်အယ်။ ပလ္လင်ပေါ်မှာ ထိန်သောသူလို့ဟ တရားစီရင်ရသော အခွင့်ဟို ရကြအယ်။ တဖန် ယေရှုနဲ့ဆိုင်သော သက်သေခံချက်အတွက် လည်းကောင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတွက် လည်းကောင်း၊ ခေါင်းဖြတ်ခံရသော သူလို့ရဲ့ ဝိညာဉ်များမှ စယွေ့ သားရဲနဲ့ သူရဲ့ ရုပ်တုဟို မကိုးကွယ်၊ သူရဲ့ တံဆိပ်ဟိုလည်း မိမိလို့ရဲ့ နဖူး အဲဟာမဟုတ်ရင် လက်တွင် မခံယူသောသူလို့ဟို ငါ မျော်ရအယ်။ သူလို့ဟ အသက်ပြန်ဆှင်ယွေ့ အနှစ်တထောင်ပတ်လုံး ခရစ်တော်နဲ့အတူ စိုးစံကြအယ်။