15 ကျမ်းစာနှိုက်၊ “နင်လို့ဟ ခနေ့ ဘုရားသခင်ရဲ့ အသံဟို ကြားရရင် နင်လို့ရဲ့ ဘိုးဘေးများဟ ဆန့်ကျင်ဘက်ပြုကြသလို နင်လို့ စိတ်နေလုံး ခိုင်မာခြင်း မဆိကြနဲ့” ဟု ဆိုထားအယ်။
ဘုရားသခင်ရဲ့ သားတော်ဟို ခြေဖြင့် ကျော်နင်းယွေ့ မိမိအား အပစ်မှ သန့်ဆှင်းစေလဲ့ ပဋိညာဉ်တရားဆိုင်ရာ အသွေးတော်ဟို မထီမဲ့မြင်ပြုလျက် ကျေးဇူးတော်ဟို ပေးလဲ့ ဝိညာဉ်တော်ဟို စော်ကားသောသူဟ စလောက်ကြီးလေးသော အပစ်ဒဏ်ခံရမယ်ဟို စဉ်းစားယွေ့ ကျေ့ကြလော့။
အားပေမဲ့ ငါရဲ့ ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်မယ်။ သူဟ တွန့်ဆုတ်ရင် ငါရဲ့ စိတ်ဝိညာဉ်ဟ သူ့ဟို နှစ်သက်မယ် မဟုတ်” ဟု ဖော်ပြထားအယ်။
အဲကျောန့် ဘုရားသခင်ဟ နေ့တနေ့ဟို “ခနေ့” ဟု တဖန် ချမှတ်ပင်း နောင်နှစ်ပေါင်းများစွာ ကြာသောအခါ အထက်ဟ ဖော်ပြခဲ့လဲ့အတိုင်း “ခနေ့ နင်လို့ဟ ကိုယ်တော်ရဲ့ အသံဟို ကြားရင် နင်လို့ စိတ်နေလုံး ခိုင်မာခြင်း မဆိကြနဲ့” ဟု ဒါဝိဒ်အားဖြင့် မိန့်အယ်။