Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေဗြဲ 3:14 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

14 ငါလို့ဟ အစနှိုက် ဆိသော စိတ်ချမှုဟို အဆုံးတိုင်အောန် ခိုင်မြဲစွာ စွဲကိုင်ထားရင် ခရစ်တော်နဲ့ စပ်ဆိုင်သောသူများ ဖြစ်အယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေဗြဲ 3:14
17 ပူးပေါင်းရင်းမြစ်များ  

အဲလိုလဲ အကိုင်းအခက် တချို့လို့ဟ ခုတ်ဖြတ်ခြင်း ခံရယွေ့ သံလွင်ပင်ရိုင်းဖြစ်သော နင်လို့ဟ အေးအကိုင်းအခက်များကြားနှိုက် ကိုင်းဆက်ကူးခံရပင်း သံလွင်ပင် အမြစ်မှ အဆီအနှစ်ဟို မျှဝေခံစားသူဖြစ်လာရင်၊


ဟေနေရာမှာ ဘုရားသခင်ဟ စလောက် ကြင်နာတတ်ကျောန်းနဲ့ စလောက် ပြင်းထန်စွာ စီရင်တတ်ကျောန်းဟို ငါလို့ မျော်ရကြအယ်။ ကိုယ်တော်ဟ လဲသူများအပေါ် ပြင်းထန်စွာ စီရင်ပေမဲ့လည်း ကိုယ်တော်ရဲ့ ကြင်နာခြင်းနှိုက် နင်ဟ ဆက်လက်ပင်း တည်နေရင် အေးကြင်နာခြင်းဟ နင့်အပေါ်နှိုက် ဆိမယ်။ အေးကြင်နာနှိုက် နင်ဟ မတည်ရင် ခုတ်ဖြတ်ခြင်းဟို ခံရလိမ့်မယ်။


ဘုရားသခင်ဟ နင်လို့အား ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်စေအယ်၊ ခရစ်တော်အား ငါလို့ရဲ့ ဉာဏ်ပညာ ဖြစ်စေအယ်။ ကိုယ်တော်အားဖြင့် ဘုရားသခင်ဟ ငါလို့ဟို ဖြောင့်မတ်စေယွေ့ ငါလို့ဟ ဘုရားသခင်ရဲ့ လူစုတော်ဖြစ်လျက် ရွေးနုတ်ခြင်းဟို ရဆိကြအယ်။


ပစာကို့ မုန့်တလုံးတည်း ဆိတာ ဖြစ်ယွေ့ အဲမုန့်တလုံးတည်းဟို ဆက်ဆံ သုံးဆောင်ကြသောကျောန့် ငါလို့ဟ အရေအတွက်အားဖြင့် များသော်လည်း တကိုယ်တည်း ဖြစ်ကြအယ်။


နင်လို့နဲ့အတူ သတင်းကောင်းရဲ့ ကောင်းကြီးမင်္ဂလာများဟို ဝေမျှနိန်ရန် ငါဟ သတင်းကောင်းအကျိုးငှာ ဟေအမှုခပ်သိမ်းဟို ပြုခြင်းဖြစ်အယ်။


လျှို့ဝှက်ချက်မှာ ဧဝံဂေလိတရားအားဖြင့် လူမျိုးခြားများဟ ယုဒလူမျိုးများနဲ့အတူ ဘုရားသခင်ရဲ့ ကောင်းချီးများဟို ခံစားခွင့်ဆိအယ်။ သူလို့ဟ ကိုယ်ခန္ဓာတခုတည်းနှိုက် ပါဝင်သူများဖြစ်ကြပင်း ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးခဲ့သော ကတိတော်နှိုက် ပါဝင်ကြအယ်။


မိမိလို့ သခင်ဟ ယုံကြည်သူဖြစ်ရင် သခင်ဟ ညီအကိုဖြစ်တာဟု ဆိုလျက် မထီမဲ့မြင် မပြုဘဲ သာယွေ့ ကောင်းစွာ အစေခံကြမန့်၊ ပစာကို့ ကောင်းသောအစေခံရဲ့ အကျိုးဟို ခံစားရသော သခင်ဟ ယုံကြည်သူ ဖြစ်ပင်း မိမိချစ်သောသူလည်း ဖြစ်အယ်။ နင်ဟ ဟေအရာများဟို သွန်သင်ယွေ့ တိုက်တွန်းနှိုးဆော်လော့။


ယုံကြည်ခြင်းဟ မျော်လင့်သောအရာလို့ဟို စိတ်ချမှုဆိခြင်းနဲ့ မမျော်ရသောအရာလို့ဟို သိမှတ်စွဲလမ်းခြင်း ဖြစ်အယ်။


အကျောန်းမှာ လူသားအဖလို့ဟ ကောင်းတာဟု မိမိလို့ ထင်မျော်လဲ့အတိုင်း ခဏသာ ဆုံးမပဲ့ပြင်တတ်ကြအယ်၊ အားပေမဲ့ ဝိညာဉ်ရေးဆိုင်ရာ အဖဟ သူရဲ့ သန့်ဆှင်းခြင်းနှိုက် ငါလို့ ပါဝင် ခံစားရမဲ့အကျောန်း ငါလို့အကျိုးဟို ထောက်ယွေ့ ဆုံးမပဲ့ပြင်အယ်။


အဲလိုမို့ ခေါန်းခင်နဲ့ဆိုင်သော ခေါ်ယူခြင်းနှိုက် ပါဝင်လဲ့ သန့်ဆှင်းသူ ညီအကို မောင်နှမလို့၊ ငါလို့ ယုံကြည်ဝန်ခံလဲ့ တမန်တော်နဲ့ ယဇ်ပုရောဟိတ်မင်း တည်းဟူသော ယေရှုအကျောန်းဟို စဉ်းစားဆင်ခြင်ကြလော့။


ခရစ်တော်မှာ သားတော်အဖြစ် ဘုရားသခင်ရဲ့ အိုင်တော်အပေါ် သစ္စာဆိအယ်။ ငါလို့ဟ ယုံကြည်စိတ်ချခြင်းနဲ့ မျော်လင့်ခြင်းနှိုက် ဂုဏ်ယူဝါကြွားခြင်းလို့ဟို စွဲကိုင်ထားရင် ဘုရားသခင်ရဲ့ အိုင်တော် ဖြစ်အယ်။


နင်လို့ဆိသမျှဟ နောက်ဆုံးနှိုက် မိမိလို့ရဲ့ မျော်လင့်ချက် ပြေ့စုံလာလဲ့တိုင်အောန် အခုအတိုင်း ဆက်လက်ယွေ့ စိတ်အားထက်သန်စေရန် ငါလို့ အလိုဆိကြအယ်။


မိမိယုံကြည်ခြင်းဟို စွန့်သူလို့အား နောက်တဖန် စလို နောင်တရစေနိန်မလုန်း။ အရင်ဟ အဲသူလို့သည် ဘုရားသခင်ရဲ့ အလင်းတွင် ကျင်လည်ယွေ့ ခေါန်းခင် ဆုကျေးဇူးဟို မြည်းစမ်းရပင်းရင် သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူခဲ့ကြပီ၊


ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများနှိုက် ပါဝင်ရလဲ့အတွက် ဝမ်းမြောက်ကြလော့။ အေးဟာဟ ခရစ်တော်ရဲ့ ဘုန်းအသရေ ထင်ဆှားသော အချိန်နှိုက် နင်လို့ဟ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မယ်။


သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။


ငါလို့ မျော်ရ ကြားရသောအရာဟို နင်လို့အား ပြောကြားရခြင်းမှာ နင်လို့ဟလည်း ငါလို့နဲ့ မိတ်သဟာယဖွဲ့ခြင်းဟ ခမည်းတော်နဲ့ လည်းကောင်း၊ သူ့ရဲ့ သားတော် ယေရှု ခရစ်တော်နဲ့ လည်းကောင်း မိတ်သဟာယ ဖွဲ့ခြင်း ဖြစ်အယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ