15 တသက်လုံး သေခြင်းဟို ကြောက်သော ကျွန်ခံနေရသောသူလို့ဟို လွတ်မြောက်စေရန် ဖြစ်အယ်။
နင်ရဆိသော ဝိညာဉ်တော်ဟ နင့်အား ကျွန်အဖြစ် ပစ်မထားပါ။ နင်လို့ဟ တဖန် ကြောက်တတ်သော စိတ်လည်း ဆိစေတာ မဟုတ်ဘဲ၊ နင်ရဆိထားသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် နင်လို့ဟ လူပဲ့သငယ်များ ဖြစ်စေပင်း “အဗ္ဗ၊ အဖ” ဟု ငါလို့ ခေါ်ကြအယ်။
ဖန်ဆင်းခံ လောကတတ်တိုင်း ယိုယွင်းပျက်ဆီးခြင်းရဲ့ ကျွန်အဖြစ်မှ လွတ်မြောက်ပင်း ဘုရားသခင်ရဲ့ လူပဲ့သငယ်များရဲ့ ဘုန်းအသရေနဲ့ ပြေ့သော လွတ်လပ်ခြင်းဟို ဆောင်ယူခံရလိမ့်မယ်။
ဘုရားသခင်ဟ ဟေသို့ ကြောက်မက်ဖွယ်ကောင်းသော သေဘေးမှ ငါလို့ဟို ကယ်တင်လေပီ။ နောင်တွင်လည်း ကယ်တင်လိမ့်မယ်။ ဆက်ပင်းလည်း ကယ်တင်အုန်းမယ်ဟု ကိုယ်တော်နှိုက် ငါလို့ မျော်လင့်ကြပင်း
တရားဥပဒေကို လိုက်နာလိုသူများ မေးပါရစေ၊ ပညတ်တရား စကားဟို မကြားကြသလော။
အကျောန်းမှာ ဘုရားသခင်ဟ ငါလို့အား ကြောက်တတ်သော ဝိညာဉ်ဟို ပေးတာ မဟုတ်ဘဲ တန်ခိုး၊ ချစ်ခြင်းမေတ္တာ၊ မိမိတတ်တိုင်း ချုပ်တည်းခြင်းလို့နဲ့ဆိုင်သော ဝိညာဉ်ဟို ပေးသောကျောန့် ဖြစ်အယ်။
ကိုယ်တော်ဟ ခေါန်းခင်တမန်များအား ကူညီမစတာ မဟုတ်ဘဲ ကျမ်းစာတွင် ဖော်ပြထားလဲ့အတိုင်း အာဗြဟံရဲ့ သားမြေးလို့အား ကူညီမစကျောန်းဟို သိသာထင်ဆှားစေအယ်။