13 အဲလိုမို့ ငါလို့ဟ ကိုယ်တော် ခံခဲ့သော ကဲ့ရဲ့ပစ်တင်ခြင်းဟို ဆောင်ယူပင်း စခန်းအပြင်ဟို ထွက်ယွေ့ ကိုယ်တော်ဆေဟို သွားကြကုန်စို့။
အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့အား “စသူမဆို ငါ့တဘဲ့ဖြစ်ချင်ရင် ကိုယ့်ကိုယ်ဟို ငြင်းပယ်ပင်း သူလို့ဟ ကိုယ့်လက်ဝါးကပ်တိုင်ဟို ထမ်းယွေ့ ငါ့နောက်ဟို လိုက်ရမယ်။
သူလို့ဟ ထွက်လာကြသောအခါ ရှိမုန် နာမယ်ဆိသူ ကုရေနေပြေသား တယောက်ဟို မျော်သဖြင့် အေးသူအား အတင်းအကြပ် ခေါ်ယွေ့ ယေရှုရဲ့လက်ဝါးကပ်တိုင်ဟို ထမ်းစေကြအယ်။
“နင်လို့ဟ ငါ့နောက်ဟို လိုက်သောကျောန့် လူလို့ရဲ့ အမျိုးမျိုးမဟုတ်ကဟုတ်က ဝါခြင်းဟို ခံရပင်း၊ နှိပ်စက်ခံရခြင်းနဲ့ စော်ကားခံရသောအခါ နင်လို့ဟ မင်္ဂလာဆိ ကြအယ်။
“လူသားကျောန့် လူလို့ဟ နင်လို့ဟို မုန်းသောအခါနှိုက် လည်းကောင်း၊ ငြင်းပယ်ကြသောအခါနှိုက် လည်းကောင်း၊ စော်ကားခံရသောအခါနှိုက် လည်းကောင်း၊ မကောင်းသောသူဟု ပြောကြသောအခါနှိုက် လည်းကောင်း၊ နင်လို့ဟ မင်္ဂလာဆိကြအယ်။
အေးလို့သူလို့အားလုံးဟို ပြောပင်းနောက် “ငါနဲ့အတူလိုက်ချင်သော သူတစုံတယောက်ဟ ကိုယ့်ကိုကိုယ် ငြင်းပယ်ရမယ်၊ ကိုယ့်လက်ဝါးကပ်တိုင်ဟို နေ့တိုင်းထမ်းယွေ့ ငါ့နောက်ဟို လိုက်ရမယ်။
တမန်တော်လို့ဟ ယေရှုရဲ့ နာမတော်ကျောန့် အဆှက်ကွဲခြင်းဟို ခံထိုက်သူများအဖြစ်ဖြင့် ဘုရားသခင် မှတ်သောကျောန့် ဝမ်းမြောက်စွာ တရားလွှတ်တော်မှ ထွက်သွားကြအယ်။
အဲလိုမို့ ခရစ်တော်ကျောန့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနဲ့ အနှောင့်အယှက်လို့ဟို ငါ နှစ်သက်အယ်။ အကျောန်းမှာ ငါဟ အားနည်းသောအခါ တန်ခိုးနဲ့ ပြေ့စုံလျက် ဆိအယ်။
သူဟ အကျိုးကျေးဇူးဟို ဆေ့ရှုမျော်မှန်းလျက် နေသောကျောန့် ခရစ်တော်အတွက် ကဲ့ရဲ့ပစ်တင်ခြင်း ခံရတာဟို အဲဂုတ္တုပြေရဲ့ ဥစ္စာဘဏ္ဍာများထက် ပိုယွေ့ မြတ်လဲ့ စည်းစိမ်ဖြစ်တာဟု မှတ်ယူအယ်။
ငါလို့ရဲ့ ယုံကြည်ခြင်းဟို အစပြုဖြစ်တည်စေယွေ့ စုံလင်စေလဲ့သူဖြစ်သော ယေရှုဟို မျက်မှောက်ပြုကြကုန်စို့၊ ကိုယ်တော်ဟ မိမိဆေ့နှိုက် ပြင်ဆင်ထားသော ဝမ်းမြောက်ခြင်းကျောန့် ဆှက်ဖွယ်အရာများဟိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်နှိုက် ခံပင်းရင် ဘုရားသခင်ရဲ့ ပလ္လင်တော် လက်ယာဘက်နှိုက် ထိန်နေအယ်။
အဲကျောန့် နင်လို့ဟ စိတ်ပင်ပန်းနွမ်းနယ်ယွေ့ စိတ်ပျက်ခြင်း မဆိစေရန် အပစ်သားလို့ရဲ့ အဲလို ဆန့်ကျင်မှုဟို သည်းခံသောသူဟို အောက်မေ့ ဆင်ခြင်ကြလော့။
နင်လို့ဟ အပစ်ဒုစရိုက်နဲ့ ဆိုင်ပြိုင်တိုက်ခိုက်ကြရာတွင် အခုအချိန်အထိ သေဘေးနဲ့ ရင်မဆိုင်ကြရသေး။
အခုမှာ နင်လို့ဟ အေးလိုမျိုးသော လွန်ကဲလဲ့ အပျော်ကြူးခြင်းနှိုက် သူလို့နဲ့အတူ မပါဝင်ကြသောကျောန့် သူလို့ဟ အံ့ဩလျက် စော်ကားပြောဆိုကြအယ်။