31 ပြေ့တန်ဆာ ရာခပ်ဟ ဣသရေလ သူလျှိုလို့အား ဖော်ရွေစွာ လက်ခံခဲ့လဲ့အတွက် ဘုရားသခင်ရဲ့ စကားဟို နားမထောင်သူလို့နဲ့အတူ အသတ်မခံရ။
အာဗြဟံရဲ့အမျိုးနဲ့ ဒါဝိဒ်ရဲ့ အမျိုးမှ ဆင်းသက်သော ယေရှုခရစ်ရဲ့ ဆွေစဉ်မျိုးဆက်များ စာရင်းမှာ ဟေလို့ ဖြစ်အယ်။
စာလမုန်ဟ ဗောဇရဲ့ အဖ၊ သူလို့ အမေ့ဟ ရာခပ် ဖြစ်အယ်။ ဗောဇဟ ဩဗက်ရဲ့ အဖ၊ သူ့လို့ အမေ့ဟ ရုသ ဖြစ်အယ်။ ဩဗက်ဟ ယေရှဲရဲ့ အဖ၊
သူလို့ဟ အေးအရပ်တွင် ကာလအတန်ကြာ နေပင်းနောက် ညီအကိုလို့အား ငြိမ်သက်စွာ ပြန်လွှတ်သဖြင့် သူလို့ဟ မိမိလို့ဟို စေလွှတ်သော သူလို့ဆေဟို ပြန်သွားကြအယ်။
“သူလို့ဟ ငြိမ်ဝပ်ရာ ချမ်းသာရဆိစေရန် ပြေတော်ဝင်ခွင့်ဟို ပစာအခါမျှ ငါ ပေးလိမ့်မယ် မဟုတ်” ဟု စသူလို့ဟို ရည်ညွှန်းယွေ့ ဘုရားသခင် ကျိန်ဆိုတာလုန်း၊ ကိုယ်တော်ရဲ့ စကားဟို နားမထောင်သူများဟို ရည်ညွှန်းခြင်း မဟုတ်လော။
အဲတိုင်းတိုင်း ပြေ့တန်ဆာ ရာခပ်ဟ ဣသရေလ သူလျှိုလို့ဟို ကြိုဆို လက်ခံပင်းနောက် အခြားသောလမ်းဖြင့် ထွက်သွားနိန်ရန် ကူညီပေးခဲ့ပင်း သူမရဲ့ အကျင့်အားဖြင့် ဖြောင့်မတ်ရာဟို ရောက်တာ မဟုတ်လော။
အခြားကျမ်းစာနှိုက် “အေးကျောက်ဟ လူလို့အား ခိုက်မိစေယွေ့ ပြိုလဲစေသောကျောက် ဖြစ်အယ်” ဟု ပြောအယ်။ သူလို့ဟ နှုတ်ကပတ်တော်ဟို မယုံကြည်သောကျောန့် ခလုတ်တိုက်ကြအယ်။ ဟေဟာဟ အေးသူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။
အဲဝိညာဉ်များဟ တချိန်ဟ နောဧလက်ထက်နှိုက် သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်ဟ စိတ်ဆှည်စွာဖြင့် စောင့်ပေမဲ့လည်း နားထောင်ခြင်း မဆိခဲ့သော ဝိညာဉ်များ ဖြစ်ကြအယ်။ အေးသင်္ဘောထဲနှိုက် ဆှစ်ယောက်မျှဖြစ်သော လူကတစ်လို့သာ ယေမှတဆင့် ကယ်တင်ခြင်း ခံရကြအယ်။