26 သူဟ အကျိုးကျေးဇူးဟို ဆေ့ရှုမျော်မှန်းလျက် နေသောကျောန့် ခရစ်တော်အတွက် ကဲ့ရဲ့ပစ်တင်ခြင်း ခံရတာဟို အဲဂုတ္တုပြေရဲ့ ဥစ္စာဘဏ္ဍာများထက် ပိုယွေ့ မြတ်လဲ့ စည်းစိမ်ဖြစ်တာဟု မှတ်ယူအယ်။
ပရောဖက်ဟူသော အမယ်နာမဟို ထောက်ယွေ့ ပရောဖက်ဟို လက်ခံသောသူဟ ပရောဖက်နဲ့ဆိုင်သော အကျိုးကျေးဇူးဟို ရဆိလိမ့်မယ်၊ အားပင်း ဖြောင့်မတ်သောသူ ဟူသော အမယ်နာမဟို ထောက်ယွေ့ ဖြောင့်မတ်သောသူဟို လက်ခံသောသူဟလည်း ဖြောင့်မတ်သောသူနဲ့ဆိုင်သော အကျိုးကျေးဇူးဟို ရဆိလိမ့်မယ်။
ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။
“နင်လို့ရဲ့ ဖြောင့်မတ်သောအမှုဟို သူလို့မျော်အောန် လူလို့ဆေ့မှာ မလုပ်မဲ့အကျောန်း သတိပြုကြလော့။ နင်လို့ အဲလိုလုပ်ရင်၊ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့ အဖဆေမှ အကျိုးကျေးဇူးဟို နင်လို့ ရဆိကြလိမ့်မယ် မဟုတ်။
အေးလို့လုပ်ရင် နင့်ဖို့ မင်္ဂလာဆိလိမ့်မယ်၊ ပစာကို့ သူလို့အနေနဲ့ နင့်အား ပစာမှ ပြန်မပေးဆပ်နိန်သောကျောန့် ဖြစ်အယ်။ သူတော်ကောင်းလို့ သေခြင်းမှ ထမြောက်သောနေ့နှိုက် ဘုရားသခင်ဟ နင့်အား ကျေးဇူးဆပ်ပေးလိမ့်မယ်” ဟု ပြောအယ်။
အေးတိုင်းတိုင်း “စသူငြမ်းငြမ်း သူ့မှာ ဆိသမျှဟို မစွန့်လောနိန်ရင် ငါ့တဘဲ့ ဖြစ်နိန်ဝူး။
တမန်တော်လို့ဟ ယေရှုရဲ့ နာမတော်ကျောန့် အဆှက်ကွဲခြင်းဟို ခံထိုက်သူများအဖြစ်ဖြင့် ဘုရားသခင် မှတ်သောကျောန့် ဝမ်းမြောက်စွာ တရားလွှတ်တော်မှ ထွက်သွားကြအယ်။
အဲလိုမို့ ခရစ်တော်ကျောန့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနဲ့ အနှောင့်အယှက်လို့ဟို ငါ နှစ်သက်အယ်။ အကျောန်းမှာ ငါဟ အားနည်းသောအခါ တန်ခိုးနဲ့ ပြေ့စုံလျက် ဆိအယ်။
ဝမ်းနည်းရသော်လည်း အစဉ်ဝမ်းမြောက်လျက် ဆိကြအယ်၊ ဆင်းရဲသောသူလို ဖြစ်သော်လည်း များစွာသော သူလို့ဟို ကြွယ်ဝပြေ့စုံစေအယ်၊ စလိုအရာမျှ မဆိသော်လည်း အလုံးစုံဟို ပိုင်ဆိုင်ကြအယ်။
သူ့အလင်းဟို မျော်ဖို့ နင့်ရဲ့စိတ်နေလုံး မျက်စေ့ဟို ပွင့်စေယွေ့ ခေါ်သောသူနဲ့ဆိုင်သော မျော်လင့်ခြင်းဟ ပစာဆိုလဲဆိုတာဟို လည်းကောင်း၊ သူရဲ့သန့်ဆှင်းသော လူများဟို ကတိပေးသော အံ့ဩဖွယ်ကောင်းချီးများ စလောက် ကြွယ်ဝတာဟို လည်းကောင်း၊
ငါဟ ဘုရားသခင်ရဲ့ လူအားလုံးလို့တွင် အငယ်ဆုံးထက်ငယ်ပေမဲ့လည်း ဘုရားသခင်ဟ ငါ့အား ခရစ်တော်ရဲ့ တွေးဆယွေ့ မရနိန်သော စည်းစိမ်များအကျောန်း သတင်းကောင်းကို လူမျိုးခြားများဆေ ပေးဆောင်ရန် ဟေအခွင့်ထူးကို ငါ့အား ပေးပင်း
အဲလိုလဲ ငါ့အတွက် အကျိုးကျေးဇူးဖြစ်ခဲ့သော ဟေအရာလို့ဟ ခရစ်တော်ဟို ထောက်လျက် အရှုံးဟူယွေ့ ငါမှတ်ယူအယ်။
နင်လို့ဟ တခါတရံ လူလို့ဆေ့နှိုက် ကဲ့ရဲ့ညှဉ်းဆဲခြင်းဟို ခံကြရအယ်၊ တခါတရံ အခြားသူလို့ ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရသောအခါနှိုက် နင်လို့ဟလည်း ပါဝင် ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရန် အသင့်ဆိကြအယ်။
အဲကျောန့် ကြီးမြတ်သော အကျိုးကျေးဇူးဆိလဲ့ နင်လို့ရဲ့ ယုံကြည်စိတ်ချမှုဟို မပယ်လောကြနဲ့။
ယုံကြည်ခြင်း မဆိသူရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိန်၊ အကျောန်းမှာ ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူဟ ကိုယ်တော်ဆိကျောန်းဟို လည်းကောင်း၊ ကိုယ်တော်ဟ မိမိဟို ဆှာသောသူအား အကျိုးပေးကျောန်းဟို လည်းကောင်း၊ ယုံကြည်ရမယ်။
အဲလိုမို့ ငါလို့ဟ ကိုယ်တော် ခံခဲ့သော ကဲ့ရဲ့ပစ်တင်ခြင်းဟို ဆောင်ယူပင်း စခန်းအပြင်ဟို ထွက်ယွေ့ ကိုယ်တော်ဆေဟို သွားကြကုန်စို့။
အကျောန်းမှာ ခေါန်းခင်တမန်များအားဖြင့် ထားသော ဗျာဒိတ်တော်ဟ တည်ယွေ့ ပစ်မားလွန်ကျူးခြင်း အမျိုးမျိုးလို့ဟ ခံထိုက်သော အပစ်ဒဏ်ဟို ခံရတာမန်ရင်
သူလို့ဟ ဖယ်အချိန် ဖြစ်မလဲ၊ စလို ဖြစ်လာမလဲ ဆိုတာကို ဆှာဖွေဖို့ ကြိုးစားကြအယ်။ ခရစ်တော် ခံရမယ့် ဆင်းရဲဒုက္ခများနဲ့ နောက်ဆက်တွဲဖြစ်မယ့် ဘုန်းအသရေအကျောန်းဟို ဟောကိန်းထုတ်ရာတွင် ၎င်းလို့အတွင်းနှိုက် ဆိသော ခရစ်တော်ရဲ့ ဝိညာဉ်တော် ညွှန်ပြနေလဲ့အချိန် ဖြစ်အယ်။
နင်လို့ဟ ခရစ်တော်ရဲ့ နာမကျောန့် ကဲ့ရဲ့ပစ်တင်ခြင်း ခံရရင် မင်္ဂလာဆိကြအယ်။ အကျောန်းမှာ ဘုန်းအသရေနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အပေါ်နှိုက် ကိန်းဝပ်အယ်။
နင် အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းဟို ငါ သိပေမဲ့ နင်ဟ ကြွယ်ဝပြေ့စုံခြင်း ဆိအယ်။ ယုဒလူ ဖြစ်ယောင်ဆောင်ယွေ့ ယုဒ လူမန် မဟုတ်။ စာတန်ရဲ့ အပေါင်းအသင်းဖြစ်သော သူလို့ရဲ့ ကဲ့ရဲ့ပစ်တင်ခြင်းဟိုလည်း ငါ သိအယ်။
နင်ဟ ချမ်းသာလာစေရန် မီးဖြင့် ဖိုထိုးယွေ့ သန့်စင်ထားသော ဆွေဟို လည်းကောင်း၊ နင်ရဲ့ အဝတ် အချည်းစဲဆိယွေ့၊ အဆှက်ဟို မပေါ်စေရန် နင်ဝတ်ဖို့ ဖြူသောဝတ်ရုံဟို လည်းကောင်း၊ နင်ရဲ့ မျက်စေ့ ပြန်မျော်စေရန် မျက်စေ့ခတ်ဖို့ မျက်စဉ်းဟို လည်းကောင်း ငါ့ဆေမှ ဝယ်ယူရန် နင့်အား ငါ အကြံပေးအယ်။