14 အေးလို ဝန်ခံသောသူလို့ဟ မိမိလို့ နေရင်းပြေဟို ကြိုးစားဆှာဖွေကျောန်း ထင်ဆှားစေကြအယ်။
ငါလို့ဟ မျက်စေ့ဖြင့် မျော်နိန်သောအရာများဟို အာရုံမစိုက်ဘဲ မျက်စေ့ဖြင့် မမျော်နိန်သောအရာများဟိုသာ အာရုံစိုက်ကြအယ်၊ မျက်စေ့ဖြင့် မျော်နိန်သောအရာများဟ ခဏမျှသာ တည်ယွေ့ မျက်စေ့ဖြင့် မမျော်နိန်သောအရာလို့ဟ ထာဝရတည်အယ်။
ငါဟ ဟေနေခုကြားနှိုက် အကျပ်ရိုက်နေအယ်။ ငါဟ ဟေဖဝါ့ဟို စွန့်ခွာယွေ့ ခရစ်တော်နဲ့အတူဆိရန် ဆန္ဒဆိအယ်။ အဲသို့ဖြစ်လျှင် ရမ်းဆာ့ သာလွန်ကောင်းမွန်အယ်။
အေးလူအပေါင်းလို့ဟ ကတိပေးသောအရာများဟို မခံစားရသော်လည်း ဟေအရာလို့ဟို အဝေးမှ မျော်ယွေ့ ကြိုဆိုလက်ခံကာ မိမိလို့ဟ မြေကြီးပေါ်နှိုက် ဧည့်သည်များနဲ့ သူစိမ်း ဧည့်သည်များသာ ဖြစ်ကျောန်း ဝန်ခံလျက် ယုံကြည်ရင်း သေလွန်ကြအယ်။
သူလို့ဟ မိမိလို့ ထွက်ခွာလာခဲ့လဲ့ ပြေဟို တမ်းတလျက် နေကြတာ မဟုတ်၊ အေးပြေဟို တမ်းတရင် ပြန်နိန်ရန် အခွင့်ဟို ရဆိကြအယ်။
အေးအစား သူလို့ဟ အထက်ခေါန်းခင်နှိုက် ဆိလဲ့ပြေတည်းဟူသော သာယွေ့ မြတ်သောပြေဟို ရမ်းဆာ့ တောင့်တနေကြအယ်။ အဲကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ ဘုရားဟု ခေါ်ခြင်းခံရတာဟို ဆှက်ဝူး၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် မြို့ဟို ပြင်ဆင်ထားအယ်။
အကျောန်းမှာ ဟေလောကနှိုက် ငါလို့အတွက် တည်မြဲသောမြို့ မဆိ၊ အားပေမဲ့ နောက်လာမဲ့ မြို့ဟိုသာ ငါလို့ ကြိုးစား ဆှာဖွေနေကြအယ်။