35 အဲကျောန့် ကြီးမြတ်သော အကျိုးကျေးဇူးဆိလဲ့ နင်လို့ရဲ့ ယုံကြည်စိတ်ချမှုဟို မပယ်လောကြနဲ့။
“အဲလိုမို့ စသူမဆို လူလို့ဆေ့တွင် ငါ့ဟို ဝန်ခံရင်၊ ခေါန်းခင်ဘုံနှိုက်ဆိသော ငါ့အဖရဲ့ ဆေ့တွင် အေးသူဟို ငါဝန်ခံမယ်။
အမန်အကန် နင်လို့အား ငါပြောတာဟ၊ ငါရဲ့ တဘဲ့များအနက် အသိမ်ငယ်ဆုံးသူ တစုံတယောက်အား ငါရဲ့ မျက်နှာဟို ထောက်ယွေ့ သောက်ယေတမုတ်ဟို ပေးသောသူဟ အကျိုးဟို မခံစားဘဲ မနေရ” ဟု မိန့်အယ်။
ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။
အေးလို့လုပ်ရင် နင့်ဖို့ မင်္ဂလာဆိလိမ့်မယ်၊ ပစာကို့ သူလို့အနေနဲ့ နင့်အား ပစာမှ ပြန်မပေးဆပ်နိန်သောကျောန့် ဖြစ်အယ်။ သူတော်ကောင်းလို့ သေခြင်းမှ ထမြောက်သောနေ့နှိုက် ဘုရားသခင်ဟ နင့်အား ကျေးဇူးဆပ်ပေးလိမ့်မယ်” ဟု ပြောအယ်။
အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။
ခရစ်တော်နဲ့ တလုံးတဝတည်းဆိယွေ့ ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းဟိုလည်းကောင်း၊ ငါလို့ဟ ယုံကြည်စိတ်ချမှု အကြွင်းမဲ့ဖြင့် ဘုရားသခင်ဆေဟို တိုးဝင်ခွင့်ဟိုလည်းကောင်း ရဆိအယ်။
အဲလိုမို့ ညီအကို မောင်နှမလို့၊ ယေရှုရဲ့ အသွေးတော်အားဖြင့် ရမ်းဆာ့ အသန့်ဆှင်းဆုံး ဌာနထဲဟို ယုံကြည်စိတ်ချစွာဖြင့် ဝင်ခွင့်ဆိအယ်။
သူဟ အကျိုးကျေးဇူးဟို ဆေ့ရှုမျော်မှန်းလျက် နေသောကျောန့် ခရစ်တော်အတွက် ကဲ့ရဲ့ပစ်တင်ခြင်း ခံရတာဟို အဲဂုတ္တုပြေရဲ့ ဥစ္စာဘဏ္ဍာများထက် ပိုယွေ့ မြတ်လဲ့ စည်းစိမ်ဖြစ်တာဟု မှတ်ယူအယ်။
အကျောန်းမှာ ခေါန်းခင်တမန်များအားဖြင့် ထားသော ဗျာဒိတ်တော်ဟ တည်ယွေ့ ပစ်မားလွန်ကျူးခြင်း အမျိုးမျိုးလို့ဟ ခံထိုက်သော အပစ်ဒဏ်ဟို ခံရတာမန်ရင်
ငါလို့ဟ အစနှိုက် ဆိသော စိတ်ချမှုဟို အဆုံးတိုင်အောန် ခိုင်မြဲစွာ စွဲကိုင်ထားရင် ခရစ်တော်နဲ့ စပ်ဆိုင်သောသူများ ဖြစ်အယ်။
ခရစ်တော်မှာ သားတော်အဖြစ် ဘုရားသခင်ရဲ့ အိုင်တော်အပေါ် သစ္စာဆိအယ်။ ငါလို့ဟ ယုံကြည်စိတ်ချခြင်းနဲ့ မျော်လင့်ခြင်းနှိုက် ဂုဏ်ယူဝါကြွားခြင်းလို့ဟို စွဲကိုင်ထားရင် ဘုရားသခင်ရဲ့ အိုင်တော် ဖြစ်အယ်။
အဲကျောန့် ခေါန်းခင်လို့ဟို ဖြတ်ယွေ့ ကြွလာလဲ့ ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်း တည်းဟူသော ဘုရားသခင်ရဲ့ သားတော် ယေရှုဟ ငါလို့နှိုက် ဆိတာဖြစ်ယွေ့ ငါလို့ ယုံကြည်ဝန်ခံသောအရာဟို စွဲကိုင်ထားကြလော့။
နင်လို့ဟ ငါလို့ လုပ်ဆောင်ခဲ့သောအရာဟို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးဟို အပြေ့အဝ ခံစားရစေရန် မိမိလို့ ကိုယ်ဟို သတိပြုကြလော့။