32 မခင် နေ့ရက်များဟို သတိရကြလော့။ အဲအခါ နင်လို့ဟ ဘုရားသခင်ရဲ့ အလင်းဟို ခံယူရဆိပင်းနောက် ဆင်းရဲဒုက္ခဟို ပြင်းထန်စွာ ခံစားကြရသော်လည်း ခံနိန်ရည် ဆိခဲ့ကြအယ်။
နင်ဟ သူလို့ရဲ့ မျက်စေ့ဟို ဖွင့်ပေးယွေ့ သူလို့အား မိုက်မှ အလင်းသို့လည်းကောင်း၊ စာတန်ရဲ့ အာဏာထဲမှ ဘုရားသခင်ဆေဟို ပြောင်းလဲစေသဖြင့်၊ သူလို့ဟ ငါ့ဟို ယုံကြည်ခြင်းအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရကာ ဘုရားသခင် ရွေးကောက်သော လူစုတွင် ပါဝင်ရလိမ့်မယ်’ ဟု မိန့်အယ်။
မျော်လင့်ချက်နဲ့ ဝမ်းမြောက်ကြလော့၊ ဆင်းရဲဒုက္ခဟို သည်းခံကြလော့၊ ဆုတောင်းခြင်းနှိုက် သစ္စာဆိကြလော့။
“မိုက်ထဲမှ အလင်း ပေါ်ထွန်းလိမ့်မယ်” ဟု မိန့်သော ဘုရားသခင်ဟ ခရစ်တော်ရဲ့ မျက်နှာနှိုက် ထွန်းလင်းလဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို သိသောအလင်းရောင်အား ငါလို့ရဲ့ စိတ်နေလုံးထဲနှိုက် ထွန်းလင်းစေအယ်။
စလိုပင်ဖြစ်စေ ငါလို့ဟ မိမိလို့ရောက်ဆိလဲ့ အနေအထားနဲ့အညီ လိုက်ဆှောက်ကြစို့။
ငါဟ နင်လို့နဲ့ လောဒိကိမြို့တွင် ဆိလဲ့ သူလို့မှစယွေ့ ငါ့ဟို လူချင်းမမျော်ဖူးသော သူလို့အတွက် စလောက်ရုန်းကန် ကြိုးစားနေတာဟို နင်လို့အား သိစေလိုအယ်။
နင်လို့ဟ အပစ်ဒုစရိုက်နဲ့ ဆိုင်ပြိုင်တိုက်ခိုက်ကြရာတွင် အခုအချိန်အထိ သေဘေးနဲ့ ရင်မဆိုင်ကြရသေး။
နင်လို့ဟ ကာလကြာသောကျောန့် ဆရာအဖြစ်ဟို ရောက်သင့်သော်လည်း — ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှိုက် ဦးရင် သင်ရသော တရားနုလို့ဟို သူတပါးဆေနှိုက် တဖန် သင်ရသောအကျောန်း ဆိတာဖြစ်ယွေ့ ကြေခဲသောအစာဟို မသုံးဆောင်၊ နို့ဟိုသာ သုံးဆောင်ရသောသူ ဖြစ်ကြအယ်။
အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။
မိမိယုံကြည်ခြင်းဟို စွန့်သူလို့အား နောက်တဖန် စလို နောင်တရစေနိန်မလုန်း။ အရင်ဟ အဲသူလို့သည် ဘုရားသခင်ရဲ့ အလင်းတွင် ကျင်လည်ယွေ့ ခေါန်းခင် ဆုကျေးဇူးဟို မြည်းစမ်းရပင်းရင် သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူခဲ့ကြပီ၊
နင်လို့ဟ ငါလို့ လုပ်ဆောင်ခဲ့သောအရာဟို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးဟို အပြေ့အဝ ခံစားရစေရန် မိမိလို့ ကိုယ်ဟို သတိပြုကြလော့။
အဲလိုမို့ နင်ဟ စလိုနေရာမှ ကျဆင်းခဲ့တာဟို သတိရလျက် နောင်တရပင်း ဦးရင်ဆုံးသော အကျင့်ဟို ကျင့်လော့။ နင်လို့ဟ အဲလိုမလုပ်ဘဲ နောင်တမရရင် နင်လို့ဆေဟို ငါဟ အလျင်အမြန် လာယွေ့ နင်ရဲ့ ဆီမီးခုံဟို သူ့နေရာမှ တောမယ်။
အဲကျောန့် နင်ဟ ခံယူယွေ့ နားထောင်ပင်းသောအရာဟို အောက်မေ့ယွေ့ စောင့်ဆှောက်လော့။ နောင်တရလော့။ နင်ဟ သတိနဲ့ စောင့်နေခြင်း မဆိရင် သူခိုးလို ငါလာမယ် ဖြစ်ယွေ့ စလို အချိန်နှိုက် နင်ဆေဟို ငါလာမယ်ဟို နင် လုံးဝသိလိမ့်မယ် မဟုတ်။