26 အကျောန်းမှာ ငါလို့ဟ သမ္မာတရားနဲ့ဆိုင်လဲ့ စစ်မန်သော အသိပညာဟို ရဆိပင်း တမင်တကာ ဆက်ယွေ့ အပစ်ပြုရင် အပစ်ဖြေရာယဇ် မဆိတော့ဘဲ
“အစေခံဟ သခင်ရဲ့ လိုချင်တဲ့အရာဟို သိလျက်နဲ့ သူ့တတ်တိုင်း အဆင်သင့် မလုပ်လဲ့ အစေခံဟ ပြင်းထန်လဲ့ ကြိမ်ဒဏ်များစွာဟို ခံရအယ်။
ဟေအရာလို့ဟို နင်လို့အခု သိယွေ့ အဲအတိုင်းကျင့်ရင် နင်လို့ဟ မင်္ဂလာဆိကြအယ်။
ယေရှုဟ “နင်လို့ဟ မျက်စေ့ကန်းသောသူများဖြစ်ခဲ့ကြရင် နင်လို့နှိုက် အပစ်ဆိခဲ့မယ် မဟုတ်၊ အဲလိုလဲ ငါလို့ မျော်အယ်ဟု နင်လို့ အခုဆိုကြသဖြင့် နင်လို့အပစ်ဟ တည်မြဲတည်အယ်” ဟု မိန့်လေအယ်။
အားပင်း ပျက်စီးခြင်းသို့ ရောက်သော သူလို့အပေါ် မတရားသော လှည့်စားမှု အမျိုးမျိုးကို အသုံးပြုလိမ့်မယ်။ သူလို့ ပျက်စီးခြင်းဟို ရောက်ရမဲ့အကျောန်းမှာ မိမိလို့ ကယ်တင်ခြင်း ခံရရန်အတွက် သမ္မာတရားအား ချစ်ရမယ်ဟို ငြင်းပယ်ကြသောကျောန့် ဖြစ်အယ်။
ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။
လူအားလုံး ကယ်တင်ခြင်းရလျက် သမ္မာတရားဟို သိဆိခြင်းသို့ ရောက်စေရန် ဘုရားသခင် အလိုဆိအယ်။
အဲလိုမို့ စသူမဆို ကောင်းသောအမှုဟို လုပ်ဆောင်ရန် သိလျက်နဲ့ မလုပ်ဘဲနေသောသူဟ အပစ်ဆိအယ်။
တစုံတယောက်ဟ သေခြင်းဟို မပို့ဆောင်သော အပစ်မျိုးပြုနေလဲ့ မိမိညီအကို မောင်နှမဟို တွေ့ရင် သူဟ ဆုတောင်းရမယ်။ အဲအခါ ဘုရားသခင်ဟ သေခြင်းဟို မပို့ဆောင်သော အပစ်ပြုနေလဲ့ အဲညီအကို မောင်နှမအား အသက်ဟို ပေးလိမ့်မယ်၊ သေခြင်းဟို ပို့ဆောင်သော အပစ်မျိုး ဆိအယ်။ အဲလိုအပစ်အတွက် တောင်းဆှောက်ရမယ်ဟို ငါ မဆိုလို။