21 ငါလို့နှိုက် ဘုရားသခင်ရဲ့ အိုင်တော်ဟို အုပ်စိုးလဲ့ ကြီးမြတ်သော ယဇ်ပုရောဟိတ် ဆိတာဖြစ်ယွေ့
အားပင်း နင်လို့အား ငါဆိုတာဟ၊ နင်ဟ ပေတရု ဖြစ်အယ်။ ဟေကျောက်ပေါ်မှာ ငါ့ရဲ့ အသင်းတော်ဟို ငါတည်ဆောက်ပင်း မရဏာနိုင်ငံရဲ့ ထင်ခါးလို့ဟလည်း အဲအသင်းတော်ဟို အနိန်ရကြမယ် မဟုတ်။
ငါ နှောင့်နှေးကြန့်ကြာနေခဲ့ရင် သမ္မာတရားရဲ့ မဏ္ဍိုင်နဲ့ အုတ်မြစ်ဖြစ်လဲ့ အသက်ဆှင်သော ဘုရားသခင်ရဲ့ အသင်းတော် တည်းဟူသော ဘုရားသခင်ရဲ့ အိုင်တော်တွင် စလို ပြုမူကျင့်ကြံသင့်တာဟို နင်သိဆိနိန်ရန် ဖြစ်အယ်။
အဲကျောန့် ကိုယ်တော်ဟ လူလို့ရဲ့ အပစ်များအတွက် အသနားခံခြင်းအမှုဟို ပြုရန် ဘုရားသခင်ဆေ့နှိုက် သနားကြင်နာတတ်လဲ့ သစ္စာဆိသော ယဇ်ပုရောဟိတ်မင်းဖြစ်မဲ့ အကျောန်းအရာရာနှိုက် ညီအကို မောင်နှမများနဲ့ တူရအယ်။
အဲလိုမို့ ခေါန်းခင်နဲ့ဆိုင်သော ခေါ်ယူခြင်းနှိုက် ပါဝင်လဲ့ သန့်ဆှင်းသူ ညီအကို မောင်နှမလို့၊ ငါလို့ ယုံကြည်ဝန်ခံလဲ့ တမန်တော်နဲ့ ယဇ်ပုရောဟိတ်မင်း တည်းဟူသော ယေရှုအကျောန်းဟို စဉ်းစားဆင်ခြင်ကြလော့။
ယေရှုဟ မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူတူသော ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်လာပင်း အဲကန့်လန့်ကာအတွင်းဟို ဆေ့ဆောင် လမ်းခင်းပေးသူအဖြစ် ငါလို့ ကိုယ်စားဝင်အယ်။
အဲလိုမို့ ယေရှုဟ ငါလို့နဲ့ သင့်လျော်သော ယဇ်ပုရောဟိတ်မင်း ဖြစ်အယ်။ ကိုယ်တော်ဟ သန့်ဆှင်းမြင့်မြတ်ယွေ့ အပစ်ကင်းလွတ်အယ်၊ အပစ်သားလို့နဲ့ ခွဲခြားထားခြင်း ခံရကာ ခေါန်းခင်သားအပေါင်းလို့ထက် ချီးမြှောက်ခြင်းဟို ခံအယ်။
ငါလို့ ပြောဆိုနေသော အကျောန်းအရာများတွင် အရေးကြီးလဲ့အချက်မှာ ငါလို့တွင် အဲသို့သော ယဇ်ပုရောဟိတ်မင်း ဆိခြင်းဖြစ်အယ်၊ ကိုယ်တော်ဟ ခေါန်းခင်ဘုံဆိ တန်ခိုးအာနုဘော်ရဲ့ ပလ္လင် လက်ယာဘက်နှိုက် ထိန်နေအယ်။