9 အေးလိုမို့ ကောင်းသောအမှုပြုရန် မငြီးငွေ့ပါနဲ့၊ အကျောန်းမှာ ငါလို့ အရှုံးမပေးရင်၊ ရိတ်ရသော အချိန်ရောက်လိမ့်မယ်။
လူတိုင်းဟ ငါကျောန့် နင်လို့ဟို မုန်းကြလိမ့်မယ်။ အဲလိုလဲ အဆုံးတိုင်အောန် တည်ကြည်သူဟ ကယ်တင်ခြင်းခံရလိမ့်မယ်။
အဲလိုလဲ အဆုံးတိုင်အောန် တည်ကြည်သူဟ ကယ်တင်ခြင်း ခံရလိမ့်မယ်။
အေးတိုင်းတိုင်း ငွေဒင်္ဂါး နေပိဿာဟို ရသူဟလည်း အမြတ် ငွေဒင်္ဂါး နေပိဿာဟို ရအယ်။
အဲလိုမို့ ယေရှုဟ ထယွေ့ အဲသူနောက်ဟို လိုက်ပင်း တဘဲ့တော်လို့လည်း ကိုယ်တော်နဲ့အတူ လိုက်သွားကြအယ်။
ယေရှုဟ လက်တဖက်သေသောသူအား “လူတိုင်းဆေ့တွင် မတ်တတ်ရပ်လော့” ဟု ပြောလေအယ်။
အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့ဟို အားမလျော့ဘဲ အစဉ် ဆုတောင်းရမဲ့အကျောန်းဟို ပုံဥပမာအားဖြင့် ပြောအယ်။
တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါ့ဟို ဆှာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။
အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။
အဲကျောန့် ဘုရားသခင်ဟ ကရုဏာတော်ဖြင့် ငါလို့အား ဟေအမှုတော်လုပ်ငန်းဟို လုပ်ဆောင်ရန် ပေးအပ်သောကျောန့် ငါလို့တွင် စိတ်ပျက်အားလျော့ခြင်း မဆိ။
ဟေအကျောန်းကျောန့် ငါလို့ဟ ပစာခါမျှ စိတ်ပျက် အားမလျော့ကြ။ ငါလို့ရဲ့ ကိုယ်ခန္ဓာဟ တဖြည်းဖြည်း ယိုယွင်းပျက်စီးလျက် ဆိသော်လည်း ငါလို့ရဲ့ ဝိညာဉ်မူ တနေ့ထက်တနေ့ အသစ်ပြုပြင်ခြင်းဟို ခံရအယ်။
မျိုးစေ့ကတစ်ဟို ကြဲသောသူဟ ကတစ်ဟိုသာ ရိတ်သိမ်းရလိမ့်မယ်၊ ရမ်းဆာ့သော မျိုးစေ့လို့ဟို ကြဲသောသူဟ ရမ်းဆာ့ ရိတ်သိမ်းရလိမ့်မယ် ဖြစ်ကျောန်း သတိပြုလော့။
အဲလို့မို့ ငါဟ နင်လို့အတွက် ဆင်းရဲသောကျောန့် စိတ်ဓာတ်မကျစေနဲ့ ဟု ငါတောင်းပန်အယ်။ အဲအရာတွေဟ နင်လို့ရဲ့ အကျိုးအတွက်ပါ။
အဲလိုလဲ ညီအကိုလို့၊ နင်လို့ဟ ကောင်းသောအမှုဟို ပြုရာနှိုက် စိတ်ပျက်အားလျော့ခြင်း မဆိကြနဲ့။
အဲကျောန့် နင်လို့ဟ စိတ်ပင်ပန်းနွမ်းနယ်ယွေ့ စိတ်ပျက်ခြင်း မဆိစေရန် အပစ်သားလို့ရဲ့ အဲလို ဆန့်ကျင်မှုဟို သည်းခံသောသူဟို အောက်မေ့ ဆင်ခြင်ကြလော့။
အဲပြင်၊ “ငါ့သား၊ ထာဝရဘုရားရဲ့ ဆုံးမပဲ့ပြင်ခြင်းဟို အလေးမထားဘဲ မနေနဲ့၊ ကိုယ်တော်ရဲ့ ဆိုဆုံးမခြင်းဟို ခံရသောအခါ စိတ်မပျက်နဲ့။
ငါလို့ဟ အစနှိုက် ဆိသော စိတ်ချမှုဟို အဆုံးတိုင်အောန် ခိုင်မြဲစွာ စွဲကိုင်ထားရင် ခရစ်တော်နဲ့ စပ်ဆိုင်သောသူများ ဖြစ်အယ်။
ခရစ်တော်မှာ သားတော်အဖြစ် ဘုရားသခင်ရဲ့ အိုင်တော်အပေါ် သစ္စာဆိအယ်။ ငါလို့ဟ ယုံကြည်စိတ်ချခြင်းနဲ့ မျော်လင့်ခြင်းနှိုက် ဂုဏ်ယူဝါကြွားခြင်းလို့ဟို စွဲကိုင်ထားရင် ဘုရားသခင်ရဲ့ အိုင်တော် ဖြစ်အယ်။
အဲကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရား ကြွလာလဲ့တိုင်အောန် သည်းခံယွေ့ စောင့်နေကြလော့။ လယ်သမားဟ မိမိမြေမှ ဖိုးထိုက်သော အသီးနှံများ ထွက်ရန် မိုးဦးနဲ့ မိုးနှောင်း ရွာပီးလဲ့တိုင်အောန် စောင့်မျော်တတ်အယ်။
အကျောန်းမှာ ကောင်းသောအမှုဟို ပြုခြင်းအားဖြင့် လူမိုက်လို့ရဲ့ အသိဉာဏ်ကင်းမဲမှုဟို တိတ်ဆိတ်စေခြင်းဟ ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။
အကျောန်းမှာ ဘုရားသခင် အလိုတော်ဆိရင် မကောင်းသောအမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခ ခံရတာထက် ကောင်းလဲ့အမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခခံရခြင်းဟ သာယွေ့ ကောင်းအယ်။
အေးလိုမို့ ဘုရားသခင်ရဲ့ အလိုတော်အရ ဆင်းရဲဒုက္ခ ခံစားရသောသူဟ ကောင်းသောအမှု ပြုလုပ်ရာနှိုက် မိမိလို့ရဲ့ စိတ်ဝိညာဉ်ဟို သစ္စာနဲ့ပြေ့စုံသော ဖန်ဆင်းဆှင်ဆေဟို အပ်နှံထားကြစေ။
“ဝိညာဉ်တော်ဟ အသင်းတော်လို့အား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။ “အောန်မြင်သောသူအား အောန်းထားသော မန္နဟို ငါ ပေးမယ်။ ဖြူသောကျောက်ဟိုလည်း ငါ ပေးမယ်။ အဲကျောက်ပေါ်နှိုက် ၎င်းဟို ခံယူရဆိသူမှ တပါး စသူမျှ မသိသော နာမယ်အသစ်ဟို ရေးထားအယ်။
နင်ဟ သည်းခံခြင်း ဆိလျက် ငါရဲ့ နာမအတွက် အပင်ပန်းခံယွေ့ အားလျော့ခြင်း မဆိခဲ့ပေ။
“ဝိညာဉ်တော်ဟ အသင်းတော်လို့အား စလို မိန့်တာဟို နားဆိသောသူဟ ကြားပါစေ။ “သူဟ အောန်မြင်အယ်။ အဲသူဟ ဘုရားသခင်ရဲ့ ပရဒိသုဘုံနှိုက် ဆိသော အသက်ပင်ရဲ့ အသီးဟို စားစေခြင်းငှာ ငါ အခွင့်ပေးမယ်။